နာမည္ႀကီးမင္းသားတစ္ေယာက္အျဖစ္ႏွစ္ေပါင္းမနည္းၾကာေအာင္နာမည္တစ္လံုးကိုထိန္းထားႏိုင္တဲ့သူေတြထဲမွာ သရုပ္ေဆာင္ လူမင္းလည္းပါဝင္ပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေနမွွာ ေစတီထီးတင္ျဖစ္တဲ့အေၾကာင္းကိုမီဒီယာေတြနဲ႔အင္တာဗ်ဴးမွာေျပာျပသြားခဲ့ပါတယ္။ သူေျပာျပသြားတာေတြကို ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးသိရေအာင္ေျပာျပလိုက္ပါတယ္ေနာ္။

“ဒီေန႔ကေတာ့ကိုယ့္Facebookေပၚမွာတင္ထားမိပါတယ္။ ဗိုလ္ခ်ဳပ္တို႔အာဇာနည္ေခါင္းေဆာင္ႀကီးတို႔ဆိုတာ သမိုင္းမွာ သက္႐ိွထင္႐ွားတကယ္႐ိွခဲ့တဲ့ပုဂၢိဳလ္ေတြ ေလ ရာဇဝင္ထဲကပုဂၢိဳလ္ေတြမဟုတ္ဘူးဆိုတဲ့အခါၾကေတာ့ ဒီကားႀကီးကို႐ိုက္ေတာ့မယ္ သူတို႔ကိုယ္စားသ႐ုပ္ေဆာင္မႈေတြကို႐ိုက္ေတာ့မယ့္ဆိုေတာ့ ဗိုလ္ခ်ဳပ္နဲ႔အာဇာနည္ေခါင္းေဆာင္အတြက္ ကုသိုလ္ေကာင္းမႈျပဳလုပ္ၿပီးေတာ့ ခြင့္ျပဳခ်က္ေတာင္းခံခ်င္တာ ေနာက္ၿပီးေတာ့ သူတို႔အတြက္လည္း ကုသိုလ္ေကာင္းမႈလုပ္ေပးခ်င္တယ္ အဲ့ဒီဆႏၵနဲ႔ ဒီေစတီကို တည္ျဖစ္တာပါ။ေစတီတည္တာကေတာ့ ၄၅ ရက္နဲ႔အၿပီးတည္တာပါ။ ေျမစတူးတာကေနဆိုရင္ေတာ့ ၄လၾကာသြားပါတယ္။ အစ္ကို႔ဘဝမွာကေတာ့ ဘုရားအေဟာင္းေတြအမ်ားႀကီးလည္းျပင္ခဲ့ဘူးတယ္။ ကိုယ့္အေဖနဲ႕တြဲၿပီးထီးေတာ္ေတြလည္းတင္ခဲ့ဖူးပါတယ္။

ဒါေပမယ့္ဘုရားေစတီတစ္ဆူကို ဟိုးေျမႀကီးထဲကေနအုတ္ျမစ္စီတာကေနထီးေတာ္တင္တာထိ အဲ့ဒီလိုတည္ၿပီးေတာ့လွဴတာဒါအစ္ကို႕ဘဝမွာပထမဆံုးပါ။ အစကတည္းကေတာ့ကိုးေတာင္ျပည့္ေစတီတစ္ဆူတည္ဖို႔ေတာ့ရည္ရြယ္ခ်က္႐ိွတယ္။ ဒါေပမယ့္ဗိုလ္ခ်ဳပ္႐ုပ္ရွင္႐ိုက္ဖို႔လည္းႀကံဳလာတဲ့အခါမွာေတာ့ ကိုယ့္စိတ္ကူးစိတ္သန္းေလးေတြေပၚလာတာနဲ႕ရည္စူးၿပီးလွဴဒါန္းတည္ျဖစ္သြားတာပါ။ အစကတည္းကရက္ေလးေတြကိုအတိအက်ေ႐ြးၿပီးတင္ထားတာ ေပါ့။ ၂၀၁၉ႏွစ္ဆန္းတစ္ရက္ေန႔မွာဆိုရင္ေျမစတူးတယ္ လြတ္လပ္ေရးေန႔ ၄ ရက္ေန႔မွာဆိုရင္ရတနာအုတ္ျမစ္စီတယ္။ ဆိုေတာ့ ဗိုလ္ခ်ဳပ္ေမြးေန႔မွာ ထီးတင္ျဖစ္ေအာင္တင္မယ္ဆိုၿပီးတင္ျဖစ္တာပါ။

နာမည္ႀကီးခ်င္တာအမွတ္ရျဖစ္ခ်င္တာထက္ ဗိုလ္ခ်ဳပ္အေၾကာင္းႀကီးကို ႐ုပ္ရွင္ရိုက္ရမယ္ဆိုေတာ့ ကိုယ္ကလည္း ဗိုလ္ခ်ဳပ္ကိုအရမ္းေလးစားတာေလ သာမာန္လူပုဂၢိဳလ္လို႔ေတာင္မထင္ဘူးအဲ့ေလာက္ထိေလးစားတာ။ ကမၻာမွာကိုယ္တို႔ျမန္မာႏိုင္ငံလိုႏိုင္ငံေသးေသးေလးကေနၿပီးေတာ့ ဟိုးေနမဝင္အင္ပါယာေခါင္ခ်ဳပ္ႀကီးထိ သတိထားရတဲ့ေခါင္းေဆာင္တစ္ေယာက္ဆိုေတာ့အစ္ကိုတို႕ျမန္မာႏိုင္ငံအစ္ကိုထင္တယ္ ကိုယ္တို႔သက္တမ္းတလွ်ာက္ေတာ့ေပၚႏိုင္စရာအေၾကာင္းမရိွဘူး။ ကိုယ္ဗိုလ္ခ်ဳပ္႐ုပ္ရွင္႐ိုက္ေတာ့မွသူ႔အေၾကာင္းေတြဖတ္မွတ္ေလ့လာတဲ့အခါမွာ ေလ့လာေလအံ့ၾသဖြယ္ေကာင္းေလပဲ။ သူ႔ရဲေဆာင္ရြက္ခ်က္ေတြကအင္မတန္အံ့ၾသဖို႔ေကာင္းတယ္။ဘယ္လိုဦးေႏွာက္ေတြ ဘယ္ဆံုးျဖတ္ခ်က္ေတြနဲ႔ဘယ္လိုလုပ္ခဲ့တာဆိုတာမွန္းၾကည့္လို႔ေတာင္မရဘူး ။ အဲ့ဒီေတာ့ အရမ္းလည္းေလးစားတယ္။ အဲ့တာေၾကာင့္ဗိုလ္ခ်ဳပ္နဲ႔အာဇာနည္ေတြအတြက္ရည္စူးၿပီးသူတို႔အတြက္ကုသိုလ္ေကာင္းမႈေတြျပဳလုပ္ၿပီးခြင့္ပန္လိုက္တယ္ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ပဲ တည္ျဖစ္တာပါ။ လို႔ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

နာမည်ကြီးမင်းသားတစ်ယောက်အဖြစ်နှစ်ပေါင်းမနည်းကြာအောင်နာမည်တစ်လုံးကိုထိန်းထားနိုင်တဲ့သူတွေထဲမှာ သရုပ်ဆောင် လူမင်းလည်းပါဝင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေမှာ စေတီထီးတင်ဖြစ်တဲ့အကြောင်းကိုမီဒီယာတွေနဲ့အင်တာဗျူးမှာပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားတာတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိရအောင်ပြောပြလိုက်ပါတယ်နော်။

“ဒီနေ့ကတော့ကိုယ့်Facebookပေါ်မှာတင်ထားမိပါတယ်။ ဗိုလ်ချုပ်တို့အာဇာနည်ခေါင်းဆောင်ကြီးတို့ဆိုတာ သမိုင်းမှာ သက်ရှိထင်ရှားတကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ လေ ရာဇဝင်ထဲကပုဂ္ဂိုလ်တွေမဟုတ်ဘူးဆိုတဲ့အခါကြတော့ ဒီကားကြီးကိုရိုက်တော့မယ် သူတို့ကိုယ်စားသရုပ်ဆောင်မှုတွေကိုရိုက်တော့မယ့်ဆိုတော့ ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်အတွက် ကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့ ခွင့်ပြုချက်တောင်းခံချင်တာ နောက်ပြီးတော့ သူတို့အတွက်လည်း ကုသိုလ်ကောင်းမှုလုပ်ပေးချင်တယ် အဲ့ဒီဆန္ဒနဲ့ ဒီစေတီကို တည်ဖြစ်တာပါ။စေတီတည်တာကတော့ ၄၅ ရက်နဲ့အပြီးတည်တာပါ။ မြေစတူးတာကနေဆိုရင်တော့ ၄လကြာသွားပါတယ်။ အစ်ကို့ဘဝမှာကတော့ ဘုရားအဟောင်းတွေအများကြီးလည်းပြင်ခဲ့ဘူးတယ်။ ကိုယ့်အဖေနဲ့တွဲပြီးထီးတော်တွေလည်းတင်ခဲ့ဖူးပါတယ်။

ဒါပေမယ့်ဘုရားစေတီတစ်ဆူကို ဟိုးမြေကြီးထဲကနေအုတ်မြစ်စီတာကနေထီးတော်တင်တာထိ အဲ့ဒီလိုတည်ပြီးတော့လှူတာဒါအစ်ကို့ဘဝမှာပထမဆုံးပါ။ အစကတည်းကတော့ကိုးတောင်ပြည့်စေတီတစ်ဆူတည်ဖို့တော့ရည်ရွယ်ချက်ရှိတယ်။ ဒါပေမယ့်ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ဖို့လည်းကြုံလာတဲ့အခါမှာတော့ ကိုယ့်စိတ်ကူးစိတ်သန်းလေးတွေပေါ်လာတာနဲ့ရည်စူးပြီးလှူဒါန်းတည်ဖြစ်သွားတာပါ။ အစကတည်းကရက်လေးတွေကိုအတိအကျရွေးပြီးတင်ထားတာ ပေါ့။ ၂၀၁၉နှစ်ဆန်းတစ်ရက်နေ့မှာဆိုရင်မြေစတူးတယ် လွတ်လပ်ရေးနေ့ ၄ ရက်နေ့မှာဆိုရင်ရတနာအုတ်မြစ်စီတယ်။ ဆိုတော့ ဗိုလ်ချုပ်မွေးနေ့မှာ ထီးတင်ဖြစ်အောင်တင်မယ်ဆိုပြီးတင်ဖြစ်တာပါ။

နာမည်ကြီးချင်တာအမှတ်ရဖြစ်ချင်တာထက် ဗိုလ်ချုပ်အကြောင်းကြီးကို ရုပ်ရှင်ရိုက်ရမယ်ဆိုတော့ ကိုယ်ကလည်း ဗိုလ်ချုပ်ကိုအရမ်းလေးစားတာလေ သာမာန်လူပုဂ္ဂိုလ်လို့တောင်မထင်ဘူးအဲ့လောက်ထိလေးစားတာ။ ကမ္ဘာမှာကိုယ်တို့မြန်မာနိုင်ငံလိုနိုင်ငံသေးသေးလေးကနေပြီးတော့ ဟိုးနေမဝင်အင်ပါယာခေါင်ချုပ်ကြီးထိ သတိထားရတဲ့ခေါင်းဆောင်တစ်ယောက်ဆိုတော့အစ်ကိုတို့မြန်မာနိုင်ငံအစ်ကိုထင်တယ် ကိုယ်တို့သက်တမ်းတလျှာက်တော့ပေါ်နိုင်စရာအကြောင်းမရှိဘူး။ ကိုယ်ဗိုလ်ချုပ်ရုပ်ရှင်ရိုက်တော့မှသူ့အကြောင်းတွေဖတ်မှတ်လေ့လာတဲ့အခါမှာ လေ့လာလေအံ့သြဖွယ်ကောင်းလေပဲ။ သူ့ရဲဆောင်ရွက်ချက်တွေကအင်မတန်အံ့သြဖို့ကောင်းတယ်။ဘယ်လိုဦးနှောက်တွေ ဘယ်ဆုံးဖြတ်ချက်တွေနဲ့ဘယ်လိုလုပ်ခဲ့တာဆိုတာမှန်းကြည့်လို့တောင်မရဘူး ။ အဲ့ဒီတော့ အရမ်းလည်းလေးစားတယ်။ အဲ့တာကြောင့်ဗိုလ်ချုပ်နဲ့အာဇာနည်တွေအတွက်ရည်စူးပြီးသူတို့အတွက်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးခွင့်ပန်လိုက်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲ တည်ဖြစ်တာပါ။ လို့ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top