ထိုင္းႏိုင္ငံ အေနာက္ေျမာက္ပိုင္း ကန္က်နပူရီေဆး႐ုံမွာ ၿပီးခဲ့တဲ့ ရက္ပိုင္း က ကေလးငယ္တဦး ၇ လႊာေပၚက ျပဳတ္က်ခဲ့ၿပီး ကံေကာင္းလွစြာ အသက္ေဘးက လြတ္ကင္း ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၁၁ ရက္ေန႔က “หนุ่ม เมืองนนท์” ဆိုသူ ေဖ့ဘုတ္ အေကာင့္ပိုင္ရွင္ဟာ “ကံအေကာင္းဆံုး” ဆိုတဲ့ေခါင္းစဥ္နဲ႔ တိုက္ေပၚကျပဳတ္္က်တဲ့ ကေလးငယ္ ၁ ဦးအား ေဆး႐ုံ၀န္ထမ္းေတြ ၀ိုင္း၀န္းကယ္တင္ေနတဲ့ ဗြီဒီယိုဖိုင္တခုတင္ထားခဲ့တာပါ။

အဆိုပါကေလးမွာ အသက္ ၄ ႏွစ္ရြယ္ ျမန္မာမိန္းကေလးငယ္တေယာက္ျဖစ္ၿပီး နာမ က်န္းသူ ဖခင္အား အုပ္ထိန္းသူနဲ႔အတူ လာေရာက္ၾကည့္႐ႈစဥ္ ၇ ထပ္ ေလသာေဆာင္ေပၚမွာ ကေလးတို႔သဘာ၀ အိမ္ေျမႇာင္လိုက္ဖမ္းရင္းက နံရံကေန ျပဳတ္က်လာတာလို႔  ေခါ၀္ဆြတ္သတင္းမွာ ေဖာ္ျပပါတယ္။

ကေလးငယ္ျပဳတ္က်လာစဥ္ ကံအားေလ်ာ္စြာ သူ႔ရဲ႕အက်ႌက ေဆး႐ုံတိုက္တံဆိပ္ေဖာင္းႂကြ စာလံုးနဲ႔ သြားေရာက္ခ်ိတ္မိေနၿပီး တြဲေလာင္းခိုေနစဥ္ သူနာျပဳဆရာ၊ ဆရာမနဲ႔ ေဆး႐ုံ၀န္ထမ္း ေတြက အေပၚကို ၀ိုင္း၀န္းဆြဲတင္ႏိုင္လို႔ အသက္အႏၱရာယ္ေဘးက လြတ္ေျမာက္ခဲ့ရပါတယ္။

ဒါဟာ အလြန္တရာမွျဖစ္ခဲလွတဲ့ ျဖစ္စဥ္တရပ္ျဖစ္ၿပီး လူေတြက ကေလးငယ္ရဲ႕ ကံေကာင္းျခင္းကိုလည္း အံ့ၾသ၀မ္းသာျဖစ္ေနၾကပါတယ္။

ကေလးငယ္ရဲ႕ မိဘအမည္နဲ႔ ေနရပ္ကိုေတာ့ သတင္းမွာ ေဖာ္ျပထားျခင္းမရွိပါဘူး။

ဖိုးသူေတာ္(www.phothutaw.com)
Credit:DVB
#Unicode Version#
 ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီဆေးရုံမှာ ပြီးခဲ့တဲ့ ရက်ပိုင်း က ကလေးငယ်တဦး ၇ လွှာပေါ်က ပြုတ်ကျခဲ့ပြီး ကံကောင်းလှစွာ အသက်ဘေးက လွတ်ကင်း ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က “หนุ่ม เมืองนนท์” ဆိုသူ ဖေ့ဘုတ် အကောင့်ပိုင်ရှင်ဟာ “ကံအကောင်းဆုံး” ဆိုတဲ့ခေါင်းစဉ်နဲ့ တိုက်ပေါ်ကပြုတ်ကျတဲ့ ကလေးငယ် ၁ ဦးအား ဆေးရုံဝန်ထမ်းတွေ ဝိုင်းဝန်းကယ်တင်နေတဲ့ ဗွီဒီယိုဖိုင်တခုတင်ထားခဲ့တာပါ။

အဆိုပါကလေးမှာ အသက် ၄ နှစ်ရွယ် မြန်မာမိန်းကလေးငယ်တယောက်ဖြစ်ပြီး နာမ ကျန်းသူ ဖခင်အား အုပ်ထိန်းသူနဲ့အတူ လာရောက်ကြည့်ရှုစဉ် ၇ ထပ် လေသာဆောင်ပေါ်မှာ ကလေးတို့သဘာ၀ အိမ်မြှောင်လိုက်ဖမ်းရင်းက နံရံကနေ ပြုတ်ကျလာတာလို့  ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။

ကလေးငယ်ပြုတ်ကျလာစဉ် ကံအားလျော်စွာ သူ့ရဲ့အင်္ကျီက ဆေးရုံတိုက်တံဆိပ်ဖောင်းကြွ စာလုံးနဲ့ သွားရောက်ချိတ်မိနေပြီး တွဲလောင်းခိုနေစဉ် သူနာပြုဆရာ၊ ဆရာမနဲ့ ဆေးရုံဝန်ထမ်း တွေက အပေါ်ကို ဝိုင်းဝန်းဆွဲတင်နိုင်လို့ အသက်အန္တရာယ်ဘေးက လွတ်မြောက်ခဲ့ရပါတယ်။

ဒါဟာ အလွန်တရာမှဖြစ်ခဲလှတဲ့ ဖြစ်စဉ်တရပ်ဖြစ်ပြီး လူတွေက ကလေးငယ်ရဲ့ ကံကောင်းခြင်းကိုလည်း အံ့သြဝမ်းသာဖြစ်နေကြပါတယ်။

ကလေးငယ်ရဲ့ မိဘအမည်နဲ့ နေရပ်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။


ဖိုးသူတော်(www.phothutaw.com)
Credit:DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top