20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 နိုင္းဝမ္းဟာ ျမန္မာျပည္တနံတလ်ားမွာ အားေပးခ်စ္ခင္တဲ့ ပရိသတ္ေတြအမ်ားအျပားရရွိထားတဲ့အျပင္နွစ္ေပါင္းၾကာေအာင္ ေအာင္ျမင္မႈကုိထိန္းထားနိုင္တဲ့ အဆိုေတာ္တစ္ဦးလည္းျဖစ္ပါတယ္။ နုိင္းဝမ္းက ပရိသတ္ေတြကုိ စစေနာက္ေနာက္နဲ႔အျမဲတမ္းေပ်ာ္ေနတတ္တ့ဲသူျဖစ္တဲ့အျပင္ သူငယ္ခ်င္းေတြကုိပါ အလြတ္မေပးပဲ ရရင္ရသလို ေဆးထိုးတတ္တဲ့သူပါ။ အခုလည္း နုိင္းဝမ္းက သူငယ္ခ်င္းျဖစ္သူ ယုန္ေလးကုိ ေဆးထိုးလိုက္ျပန္ပါျပီ။

အဲဒါကေတာ့ ထန္ပါးနဲ႔ယုန္ေလးရဲ႕ ဓာတ္ပံုၾကီးကုိလူမႈကြန္ယက္မွာတင္ခ်ပစ္လိုက္တာျဖစ္ပါတယ္။ ဓာတ္ပံုကေတာ့ ယုန္ေလးက စူပါမန္းဝတ္စံုနဲ႔ ထန္ပါးကေနာက္ကေနအပီအျပင္ဖက္ထားတဲ့ဓာတ္ပံုပါ။ ဒါက မူရင္းဓာတ္ပံုေတာ့မဟုတ္္ပါ္ဘူး။ မူရင္းဓာတ္ပံုက ထန္ပါးရဲ႕ စူပါမန္းသီခ်င္းအတြက္ ေမာ္ဒယ္တစ္ဦးနဲ႔ ရုိက္ထားတဲ့ဓာတ္ပံုျဖစ္ျပီး အဲဒီသီခ်င္းကလည္း ေတာ္ေတာ္ေလးကုိေအာင္ျမင္ေနတယ္ေျပာရမွာပါ။ စူပါမန္းသီခ်င္းဟာ ၾကိဳက္သည္ျဖစ္ေစမၾကိဳက္သည္ျဖစ္ေစ စာသားေတြက မွတ္မိလြယ္လြန္းတာေၾကာင့္ ပရိသတ္ေတြရဲ႕ပါးစပ္ဖ်ားမွာ ေရပန္းစားလ်က္ရွိေနပါတယ္။

အဲဒီဓာတ္ပံုထဲမွာ စူပါမန္းဝတ္စံုနဲ႔ေမာ္ဒယ္ေနရာမွာ ယုန္ေလးမ်က္နွာၾကီးကုိထည့္ျပီး photoshop ထားတဲ့ ဓာတ္ပံုကုိ နုိုင္းဝမ္းက သူ႔ရဲ႕လူမႈကြန္ယက္ကေန ယုန္ေလးနဲ႔အျခားေသာသူငယ္ခ်င္းေတြကုိ Tag ျပီးတင္ထားတာျဖစ္ပါတယ္။ ယုန္ေလးက အဲဒီဓာတ္ပံုကုိ “ငယ္ငယ္စဥ္ကက်ေနာ္ႀကိဳက္တဲ့ မင္သားေလးတေယာက္ရွိပါတယ္..ခူထိက်ေနာ့ၾကဳိက္တုန္းပါး..I love u more Superman” ဆိုတဲ့ စာသားနဲ႔ ရယ္ေမာဖြယ္တင္ထားတာျဖစ္ျပီး ပရိသတ္ေတြနဲ႔သူငယ္ခ်င္းေတြက comment ထဲမွာတစ္ေယာက္တစ္ေပါက္ စေနာက္ေနၾကတာျမင္ရပါတယ္။ အဲဒီပုိ႔စ္ကုိ ထန္ပါးက ဂုဏ္ယူစြာ တစ္ဖန္ျပန္ share ထားတာကုိလည္းေတြ႕ရပါေသးတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ နုိင္းဝမ္းကုိခ်စ္ၾကလား။ အနုပညာညီအစ္ကုိေတြအခ်င္းခ်င္းစလိုက္ေနာက္လိုက္နဲ႔ေပ်ာ္ေနၾကတဲ့နုိင္းဝမ္းနဲ႔ ယုန္ေလးကုိေရာ သီခ်င္းေတြအတူတြဲျပီးထြက္ေစခ်င္ၾကလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

နိုင်းဝမ်းဟာ မြန်မာပြည်တနံတလျားမှာ အားပေးချစ်ခင်တဲ့ ပရိသတ်တွေအများအပြားရရှိထားတဲ့အပြင်နှစ်ပေါင်းကြာအောင် အောင်မြင်မှုကိုထိန်းထားနိုင်တဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ နိုင်းဝမ်းက ပရိသတ်တွေကို စစနောက်နောက်နဲ့အမြဲတမ်းပျော်နေတတ်တဲ့သူဖြစ်တဲ့အပြင် သူငယ်ချင်းတွေကိုပါ အလွတ်မပေးပဲ ရရင်ရသလို ဆေးထိုးတတ်တဲ့သူပါ။ အခုလည်း နိုင်းဝမ်းက သူငယ်ချင်းဖြစ်သူ ယုန်လေးကို ဆေးထိုးလိုက်ပြန်ပါပြီ။

အဲဒါကတော့ ထန်ပါးနဲ့ယုန်လေးရဲ့ ဓာတ်ပုံကြီးကိုလူမှုကွန်ယက်မှာတင်ချပစ်လိုက်တာဖြစ်ပါတယ်။ ဓာတ်ပုံကတော့ ယုန်လေးက စူပါမန်းဝတ်စုံနဲ့ ထန်ပါးကနောက်ကနေအပီအပြင်ဖက်ထားတဲ့ဓာတ်ပုံပါ။ ဒါက မူရင်းဓာတ်ပုံတော့မဟုတ်ပါ်ဘူး။ မူရင်းဓာတ်ပုံက ထန်ပါးရဲ့ စူပါမန်းသီချင်းအတွက် မော်ဒယ်တစ်ဦးနဲ့ ရိုက်ထားတဲ့ဓာတ်ပုံဖြစ်ပြီး အဲဒီသီချင်းကလည်း တော်တော်လေးကိုအောင်မြင်နေတယ်ပြောရမှာပါ။ စူပါမန်းသီချင်းဟာ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ စာသားတွေက မှတ်မိလွယ်လွန်းတာကြောင့် ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလျက်ရှိနေပါတယ်။

အဲဒီဓာတ်ပုံထဲမှာ စူပါမန်းဝတ်စုံနဲ့မော်ဒယ်နေရာမှာ ယုန်လေးမျက်နှာကြီးကိုထည့်ပြီး photoshop ထားတဲ့ ဓာတ်ပုံကို နိုင်းဝမ်းက သူ့ရဲ့လူမှုကွန်ယက်ကနေ ယုန်လေးနဲ့အခြားသောသူငယ်ချင်းတွေကို Tag ပြီးတင်ထားတာဖြစ်ပါတယ်။ ယုန်လေးက အဲဒီဓာတ်ပုံကို “ငယ်ငယ်စဉ်ကကျနော်ကြိုက်တဲ့ မင်သားလေးတယောက်ရှိပါတယ်..ခူထိကျနော့ကြိုက်တုန်းပါး..I love u more Superman” ဆိုတဲ့ စာသားနဲ့ ရယ်မောဖွယ်တင်ထားတာဖြစ်ပြီး ပရိသတ်တွေနဲ့သူငယ်ချင်းတွေက comment ထဲမှာတစ်ယောက်တစ်ပေါက် စနောက်နေကြတာမြင်ရပါတယ်။ အဲဒီပို့စ်ကို ထန်ပါးက ဂုဏ်ယူစွာ တစ်ဖန်ပြန် share ထားတာကိုလည်းတွေ့ရပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နိုင်းဝမ်းကိုချစ်ကြလား။ အနုပညာညီအစ်ကိုတွေအချင်းချင်းစလိုက်နောက်လိုက်နဲ့ပျော်နေကြတဲ့နိုင်းဝမ်းနဲ့ ယုန်လေးကိုရော သီချင်းတွေအတူတွဲပြီးထွက်စေချင်ကြလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top