စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေတာင္ေလးလံုးေက်းရြာအုပ္စု၊ ဖက္နမ္ေက်းရြာမွ က်ားမင္းႀကီးအရက္ခ်က္စက္ရံုမွ ဆိုးရြားလွေသာ ေရဆိုးထုတ္လႊတ္မႈ

ေဖေဖာ္၀ါရီလ ၃ ရက္ေန႔ ၂၀၁၉ ခုႏွစ္ အေျခအေန

(ဒီမဲနက္ေနတဲ့ ေရဆိုးေတြဟာ ဒီရြာနဲ႔ ၁၀ မိုင္ေလာက္ေ၀းတဲ့ အင္းေလးကန္အထိ စီးဆင္းပါတယ္ … ဖက္နမ္ရြာပံုးေခ်ာင္းမွတစ္ဆင့္ တာေယာေခ်ာင္းအတြင္းစီး၀င္ၿပီး အင္းေလးကန္အတြင္းအထိ ဆက္လက္စီးဆင္းပါတယ္ ….

ေက်းရြာရဲ႕ လယ္ယာေျမမ်ား ဆက္စပ္ေရေခ်ာင္းမ်ားနဲ႔ ေရထြက္ မ်ားကို မ်ားစြာထိခိုက္ေစပါတယ္… စက္ရံု၀န္းက်င္မွ ေက်းရြာ ၂၀ ေက်ာ္ခန္႔ဟာ အနံ႔ဆိုးမ်ားကို ျပင္းထန္စြာခံစားရၿပီး ေက်းရြာရဲ႕ ကေလးငယ္မ်ားဟာ ညအခ်ိန္ ေအာ့အန္ျခင္းမ်ားအထိ ျဖစ္ရပါတယ္ …

ေရႊေညာင္ၿမိဳ႕အထိ အနံ႔ဆိုးဟာေရာက္ရွိၿပီး က်ေနာ္တို႔ ေတာင္ႀကီးမွ ရန္ကုန္၊ မႏၱေလးသြားတဲ့အခ်ိန္ ေတာင္ေလးလံုးနားမွာ ဆိုးရြားစြာနံေသာ အနံ႕ရရွိေနတာဟာ ဒီစက္ရံုနဲ႔ ေရဆိုးမ်ားေၾကာင့္ျဖစ္ပါတယ္၊ သတိထားမိၾကမယ္ထင္ပါတယ္)

“ကန္႔ကြက္ေၾကာင္း လက္မွတ္မထိုးတဲ့သူ ငါ့ေက်ာင္းကို မတက္ခဲ့နဲ႔ .. ေသခ်င္းေသ ငါအရင္အေသခံမယ္ .. ဒီမိုကေရစီေခတ္ တစ္ကယ္ပီျပင္လား မပီျပင္လား ဒီအဆိပ္ေငြ႕ေတြက အေျဖေပးလိမ့္မယ္။

ငါ့ရဟန္းဘဝ တစ္ေလွ်ာက္လံုးမယ္ အၿမဲတမ္း မပ်က္မကြက္ ဒီဘုရားေတာင္ေပၚတက္ၿပီး ညတိုင္းတရားထိုင္ခဲ့တာ အဲ့ဒီအနံ့ထြက္ခ်ိန္ကစၿပီး ငါတရားထိုင္လို႔မရေတာ့တာ ဒီေန႔ထိပဲ.. “

လြယ္မင္းစဥ္ဆရာေတာ္ဘုရားႀကီး ဥဴးေကာသလႅ (ဆရာေတာ္ဟာ ေဖေဖာ္ဝါရီလ ၆ ရက္ ၂၀၁၉ ခုႏွစ္ ည ၁၁ နာရီမွာ ခႏၶာဝန္ခ်ေတာ္မူပါတယ္) ….

က်ားမင္းႀကီးစက္ရံုကေတာ့ အခုထိပိတ္မသြားေသးပါဘူး ….အဆုတ္ကင္ဆာေရာဂါ ခံစားေနရတဲ့ ဆရာေတာ္ဟာ ပ်ံလြန္ေတာ္မမူခင္ အခ်ိန္အထိ ဒီစက္ရံုနဲ႔ ဒီအနံ့ဆိုးကို ခံစားသြားရရွာတယ္ ….
ဖိုးသူေတာ္(www.phothutaw.com)
Credit:Thutasone
#Unicode Version#
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စု၊ ဖက်နမ်ကျေးရွာမှ ကျားမင်းကြီးအရက်ချက်စက်ရုံမှ ဆိုးရွားလှသော ရေဆိုးထုတ်လွှတ်မှု

ဖေဖော်ဝါရီလ ၃ ရက်နေ့ ၂၀၁၉ ခုနှစ် အခြေအနေ

(ဒီမဲနက်နေတဲ့ ရေဆိုးတွေဟာ ဒီရွာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ အင်းလေးကန်အထိ စီးဆင်းပါတယ် … ဖက်နမ်ရွာပုံးချောင်းမှတစ်ဆင့် တာယောချောင်းအတွင်းစီးဝင်ပြီး အင်းလေးကန်အတွင်းအထိ ဆက်လက်စီးဆင်းပါတယ် ….

ကျေးရွာရဲ့ လယ်ယာမြေများ ဆက်စပ်ရေချောင်းများနဲ့ ရေထွက် များကို များစွာထိခိုက်စေပါတယ်… စက်ရုံဝန်းကျင်မှ ကျေးရွာ ၂၀ ကျော်ခန့်ဟာ အနံ့ဆိုးများကို ပြင်းထန်စွာခံစားရပြီး ကျေးရွာရဲ့ ကလေးငယ်များဟာ ညအချိန် အော့အန်ခြင်းများအထိ ဖြစ်ရပါတယ် …

ရွှေညောင်မြို့အထိ အနံ့ဆိုးဟာရောက်ရှိပြီး ကျနော်တို့ တောင်ကြီးမှ ရန်ကုန်၊ မန္တလေးသွားတဲ့အချိန် တောင်လေးလုံးနားမှာ ဆိုးရွားစွာနံသော အနံ့ရရှိနေတာဟာ ဒီစက်ရုံနဲ့ ရေဆိုးများကြောင့်ဖြစ်ပါတယ်၊ သတိထားမိကြမယ်ထင်ပါတယ်)

“ကန့်ကွက်ကြောင်း လက်မှတ်မထိုးတဲ့သူ ငါ့ကျောင်းကို မတက်ခဲ့နဲ့ .. သေချင်းသေ ငါအရင်အသေခံမယ် .. ဒီမိုကရေစီခေတ် တစ်ကယ်ပီပြင်လား မပီပြင်လား ဒီအဆိပ်ငွေ့တွေက အဖြေပေးလိမ့်မယ်။

ငါ့ရဟန်းဘဝ တစ်လျှောက်လုံးမယ် အမြဲတမ်း မပျက်မကွက် ဒီဘုရားတောင်ပေါ်တက်ပြီး ညတိုင်းတရားထိုင်ခဲ့တာ အဲ့ဒီအနံ့ထွက်ချိန်ကစပြီး ငါတရားထိုင်လို့မရတော့တာ ဒီနေ့ထိပဲ.. “

လွယ်မင်းစဉ်ဆရာတော်ဘုရားကြီး ဥူးကောသလ္လ (ဆရာတော်ဟာ ဖေဖော်ဝါရီလ ၆ ရက် ၂၀၁၉ ခုနှစ် ည ၁၁ နာရီမှာ ခန္ဓာဝန်ချတော်မူပါတယ်) ….

ကျားမင်းကြီးစက်ရုံကတော့ အခုထိပိတ်မသွားသေးပါဘူး ….အဆုတ်ကင်ဆာရောဂါ ခံစားနေရတဲ့ ဆရာတော်ဟာ ပျံလွန်တော်မမူခင် အချိန်အထိ ဒီစက်ရုံနဲ့ ဒီအနံ့ဆိုးကို ခံစားသွားရရှာတယ် ….

ဖိုးသူတော်(www.phothutaw.com)
Credit:Thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top