




Credit: Burmese.asia

#Unicode Version#

Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုရှင်တစ်ဦးပါ။ ပြိုင်းပွဲတစ်လျှောက်အသံပါဝါကောင်းကောင်း နဲ့ သီဆိုယှဉ်ပြိုင်ခဲ့မှုကြောင့် ပရိသတ်တွေရော ဒိုင်တွေကပါ အမြဲချီးကျူးခံခဲ့ရသူပါ။ ဖြိုးမြတ်အောင်က ခုဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင် တို့ပရဟိတ အဖွဲ့လေး ရဲ့ အလှူ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် ဖြိုးမြတ်အောင် နဲ့ မြနန်းယုံ ဟိုတယ် မိသားစု တို့က မဟာ ပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ် (စမတောင်) မှာ မုန့်ဟင်းခါးချက်ပြီး လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင် တို့မိသားစုက မုန့်ဟင်းခါးကို ကိုယ်တိုင်ချက်ပြီး လှူဒါန်းခဲ့တာပါ။

ဖိုးသူတော် (www.phothutaw.com)

Credit: Burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top