အႏုပညာသက္တမ္း ၂၇ ႏွစ္တာ ကာလမွာ ပရိသတ္ကို ရယ္ေမာ ေပ်ာ္ရႊင္ေစခဲ့တဲ့ သရုပ္ေဆာင္ ကစ္ကစ္ဟာ ဆီးခ်ိဳေဝဒနာေၾကာင့္ ေက်ာက္ကပ္ပ်က္စီး ၊ အျမင္အာရံုကြယ္တဲ့ ေဝဒနာကို ခံစားေနရပါတယ္။ ေဆးကုစရိတ္ မတတ္ႏိုင္တဲ့ အခက္အခဲေတြကို အႏုပညာရွင္ေမာင္ႏွမေတြဆီ အကူအညီေတာင္းေပမဲ့ ကိုယ္ဖိရင္ဖိ ကူညီေပးခဲ့သူက မင္းသမီး ခင္သဇင္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ က်န္းမာေရး ျပန္ေကာင္းလာျပီျဖစ္တဲ့ ကစ္ကစ္က ပရိသတ္ေတြကို ေက်းဇူးျပန္ဆပ္ခ်င္တယ္လို႔ အင္တာဗ်ဴးမွာ ေျဖၾကားသြားပါတယ္။

“ေတာ္ေတာ္ေလး ေကာင္းလာပါျပီ။ အရင္ကထက္စာရင္ ဆီးသြားလည္း ေကာင္းလာတယ္။ အစားအေသာက္ကေတာ့ ကိုယ္နဲ႕တည့္တဲ့ အစားအေသာက္ ဘာစားစား အဆင္ေျပပါတယ္။ ေကာင္းေအာင္ ၾကိဳးစားျပီး အႏုပညာ ျပန္လုပ္ခ်င္ပါတယ္။ ညာဘက္မ်က္စိကေတာ့ ေတာ္ေတာ္ေလး ျပန္ျမင္ရတယ္။ ဘယ္ဘက္ကေတာ့ မရေတာ့ဘူး။

မင္းသမီးေလး ခင္သဇင္ကေနျပီးေတာ့ ထာဝရ အလွဴရွင္ေတြဆီက လုိက္ျပီးေကာက္ခံေပးတယ္။ တစ္လကို ၁၂ သိန္း လွဴၾကတဲ့ထဲက ေက်ာက္ကပ္ေဆးတာေရာ ကေလးအတြက္ ေက်ာင္းစရိတ္ေရာ စားဝတ္ေနေရးအတြက္ အျပီးအစီး တြက္ခ်က္ျပီး တာဝန္ယူေပးပါတယ္။ ကိုယ့္ကို ဂရုစိုက္ေပးရင္းနဲ႔ သူပါ ေဆးရံုတက္ရတဲ့ အထိ ျဖစ္သြားတယ္။ ေက်ာက္ကပ္ေဝဒနာရွင္ ရွိတဲ့ ေနရာဆိုေပမဲ့ ေဆးရံုဆိုေတာ့ ႏွာေခါင္းစည္းမစည္းဘဲ လာလိုက္မိလို႔ နမိုးနီးယား ဝင္ျပီး ေဆးရံုတက္လိုက္ ရေသးတယ္။” လို႔ ဆိုပါတယ္။

အလွဴေငြေတြ အလိမ္ခံရတာနဲ႔ ပတ္သက္ျပီး ကစ္ကစ္က ခုလို သံုးသပ္ျပပါတယ္။”ကံကံရဲ႕ အက်ိဳးကို ယံုတယ္။ မေကာင္းတဲ့သူသည္ မေကာင္းတဲ့ေနရာ ေရာက္မွာပါ။ ကိုယ့္ဆီက ပိုက္ဆံေတြကို နည္းမ်ိဳးစံုနဲ႔ လိမ္ယူသြားေပမဲ့ သူ႔အမ်ိဳးသားက ျပႆနာ တက္တဲ့အခါ ေခါင္း ၅ ခ်က္ ခ်ဳပ္လိုက္ရတယ္လို႔ ေျပာတယ္။ အခုကေတာ့ ခင္သဇင္က ေငြေရးေၾကးေရးနဲ႔ ပတ္သက္ျပီး တိတိက်က် လုပ္လိုက္တဲ့အခါ သူတို႔ မလုပ္ရဲေတာ့ဘူး။ ေနာက္ပိုင္းလူေတြကလည္း ကိုယ့္အေပၚမွာ ေစတနာထားၾကတယ္။” ဆိုျပီး ေျပာသြားပါတယ္။

ေနမေကာင္းျဖစ္ခ်ိန္မွာ အႏုပညာေမာင္ႏွမေတြရဲ႕အားက အုတ္တစ္ခ်ပ္ သဲတစ္ပြင့္ပမာ ျဖစ္ခဲ့တယ္လို႕ ကစ္ကစ္က ခုလို ေျပာပါတယ္။

“ကိုယ္မလုပ္ႏိုင္ မကိုင္ႏိုင္ ျဖစ္ေနခ်ိန္မွာ အႏုပညာရွင္ေတြရဲ႕ အားက အုတ္တစ္ခ်ပ္ သဲတစ္ပြင့္ပမာ ျဖစ္ေပးခဲ့တယ္။ အုတ္တစ္ခ်ပ္ သဲတစ္ပြင့္ဆိုေပမဲ့ ေျမညီထပ္လည္း ျဖစ္ႏိုင္တယ္။ ၂ ထပ္တိုက္လည္း ျဖစ္ႏိုင္တယ္။ ျမန္မာတစ္ျပည္မွာရွိတဲ့ ပရိသတ္ေတြ အျပင္ ႏိုင္ငံတကာမွာရွိတဲ့ ပရိသတ္ေတြလည္း လွဴၾကတာ ေတြ႕ရပါတယ္။ ပရိသတ္ၾကီးကို ကိုယ့္ရဲ႕ လုပ္အားခနဲ႕ ျပန္ျပီး ေက်းဇူးဆပ္ခ်င္ပါေသးတယ္။” ဆိုျပီး ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

အနုပညာသက်တမ်း ၂၇ နှစ်တာ ကာလမှာ ပရိသတ်ကို ရယ်မော ပျော်ရွှင်စေခဲ့တဲ့ သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုဝေဒနာကြောင့် ကျောက်ကပ်ပျက်စီး ၊ အမြင်အာရုံကွယ်တဲ့ ဝေဒနာကို ခံစားနေရပါတယ်။ ဆေးကုစရိတ် မတတ်နိုင်တဲ့ အခက်အခဲတွေကို အနုပညာရှင်မောင်နှမတွေဆီ အကူအညီတောင်းပေမဲ့ ကိုယ်ဖိရင်ဖိ ကူညီပေးခဲ့သူက မင်းသမီး ခင်သဇင်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ကျန်းမာရေး ပြန်ကောင်းလာပြီဖြစ်တဲ့ ကစ်ကစ်က ပရိသတ်တွေကို ကျေးဇူးပြန်ဆပ်ချင်တယ်လို့ အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။

“တော်တော်လေး ကောင်းလာပါပြီ။ အရင်ကထက်စာရင် ဆီးသွားလည်း ကောင်းလာတယ်။ အစားအသောက်ကတော့ ကိုယ်နဲ့တည့်တဲ့ အစားအသောက် ဘာစားစား အဆင်ပြေပါတယ်။ ကောင်းအောင် ကြိုးစားပြီး အနုပညာ ပြန်လုပ်ချင်ပါတယ်။ ညာဘက်မျက်စိကတော့ တော်တော်လေး ပြန်မြင်ရတယ်။ ဘယ်ဘက်ကတော့ မရတော့ဘူး။

မင်းသမီးလေး ခင်သဇင်ကနေပြီးတော့ ထာဝရ အလှူရှင်တွေဆီက လိုက်ပြီးကောက်ခံပေးတယ်။ တစ်လကို ၁၂ သိန်း လှူကြတဲ့ထဲက ကျောက်ကပ်ဆေးတာရော ကလေးအတွက် ကျောင်းစရိတ်ရော စားဝတ်နေရေးအတွက် အပြီးအစီး တွက်ချက်ပြီး တာဝန်ယူပေးပါတယ်။ ကိုယ့်ကို ဂရုစိုက်ပေးရင်းနဲ့ သူပါ ဆေးရုံတက်ရတဲ့ အထိ ဖြစ်သွားတယ်။ ကျောက်ကပ်ဝေဒနာရှင် ရှိတဲ့ နေရာဆိုပေမဲ့ ဆေးရုံဆိုတော့ နှာခေါင်းစည်းမစည်းဘဲ လာလိုက်မိလို့ နမိုးနီးယား ဝင်ပြီး ဆေးရုံတက်လိုက် ရသေးတယ်။” လို့ ဆိုပါတယ်။

အလှူငွေတွေ အလိမ်ခံရတာနဲ့ ပတ်သက်ပြီး ကစ်ကစ်က ခုလို သုံးသပ်ပြပါတယ်။”ကံကံရဲ့ အကျိုးကို ယုံတယ်။ မကောင်းတဲ့သူသည် မကောင်းတဲ့နေရာ ရောက်မှာပါ။ ကိုယ့်ဆီက ပိုက်ဆံတွေကို နည်းမျိုးစုံနဲ့ လိမ်ယူသွားပေမဲ့ သူ့အမျိုးသားက ပြဿနာ တက်တဲ့အခါ ခေါင်း ၅ ချက် ချုပ်လိုက်ရတယ်လို့ ပြောတယ်။ အခုကတော့ ခင်သဇင်က ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး တိတိကျကျ လုပ်လိုက်တဲ့အခါ သူတို့ မလုပ်ရဲတော့ဘူး။ နောက်ပိုင်းလူတွေကလည်း ကိုယ့်အပေါ်မှာ စေတနာထားကြတယ်။” ဆိုပြီး ပြောသွားပါတယ်။

နေမကောင်းဖြစ်ချိန်မှာ အနုပညာမောင်နှမတွေရဲ့အားက အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ဖြစ်ခဲ့တယ်လို့ ကစ်ကစ်က ခုလို ပြောပါတယ်။

“ကိုယ်မလုပ်နိုင် မကိုင်နိုင် ဖြစ်နေချိန်မှာ အနုပညာရှင်တွေရဲ့ အားက အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ဖြစ်ပေးခဲ့တယ်။ အုတ်တစ်ချပ် သဲတစ်ပွင့်ဆိုပေမဲ့ မြေညီထပ်လည်း ဖြစ်နိုင်တယ်။ ၂ ထပ်တိုက်လည်း ဖြစ်နိုင်တယ်။ မြန်မာတစ်ပြည်မှာရှိတဲ့ ပရိသတ်တွေ အပြင် နိုင်ငံတကာမှာရှိတဲ့ ပရိသတ်တွေလည်း လှူကြတာ တွေ့ရပါတယ်။ ပရိသတ်ကြီးကို ကိုယ့်ရဲ့ လုပ်အားခနဲ့ ပြန်ပြီး ကျေးဇူးဆပ်ချင်ပါသေးတယ်။” ဆိုပြီး ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top