ေဖေဖာ္ဝါရီ ၃ – သူတာဝန္က်တာက ညဂ်ဴတီပါ။ မနက္ ၈းဝဝ နာရီဝန္းက်င္ေလာက္မွာပဲ ေန႔ဂ်ဴတီက်တဲ့ အျခားတစ္ ေယာက္ တာဝန္ခ်ိန္းဖို႔လုပ္ေနတဲ့ မိနစ္ပိုင္းေလးအတြင္းမွာပဲ သူတာဝန္ယူထား တဲ့အပိုင္းက ဓာတ္ႀကိဳးျပတ္က်ေနတာကို သူတို႔ဆီကို သတင္းေရာက္လာပါတယ္။

ဂ်ဴတီမခ်ိန္းခင္မွာပဲ ျပတ္က်ေနတဲ့ ဓာတ္ႀကိဳးကိုျဖတ္ဖို႔ ဓာတ္တိုင္ေပၚကို သူတက္လိုက္ပါတယ္။ ခါးမွထိုးထားတဲ့ ပလာယာနဲ႔ ျဖတ္ဖို႔ျပင္ဆင္ေနတုန္းမွာပဲ တုန္ခါေနတဲ့အထိအေတြ႕နဲ႔ ဓာတ္လိုက္ၿပီး ေျမျပင္ေပၚကို ျပဳတ္က်သြားပါတယ္။

ဘာအကာအကြယ္မွ မတပ္ဆင္ခဲ့မိ တဲ့သူဟာ ျပဳတ္က်တဲ့ဒဏ္ေၾကာင့္ ဦး ေခါင္းကြဲၿပီး ေသြးေတြျဖာစီးက်ကာ သတိေမ့သြားပါေတာ့တယ္။ သတိျပန္ရ တဲ့အခ်ိန္မွာလည္း ျဖစ္ခဲ့တဲ့အျဖစ္အပ်က္ ေတြေရာ မိသားစုေတြေရာ ပတ္ဝန္းက်င္ ကလူေတြကို လုံးဝမမွတ္မိေတာ့ဘဲ အတိတ္ေမ့သြားတာ သုံးလနီးပါးၾကာျမင့္သြားပါတယ္။

အတိတ္ေမ့တာထက္ ဆိုး႐ြားတဲ့အ ျဖစ္အပ်က္ကေတာ့ သူ႔ရဲ႕ ခါးေအာက္ပိုင္း ဒဏ္ရာေတြေၾကာင့္ လုံးဝလႈပ္လို႔မရေတာ့ ဘဲ အေၾကာေတြေသသြားခဲ့ၿပီး ေအာက္ပိုင္းေသဘဝနဲ႔ သူ႔ဘဝတစ္ေလွ်ာက္လုံး ျဖတ္သန္းသြားရေတာ့တာပါပဲ။ ေဆး႐ုံမွာ ႏွစ္ႏွစ္နီးပါးၾကာျမင့္ခဲ့ေပမဲ့ သူ႔ဘဝက ေတာ့ ထူးျခားမလာေတာ့ပါဘူး။

ဒါလြန္ခဲ့တဲ့ ေျခာက္ႏွစ္ ၂၀၁၃ ခုႏွစ္ ကျဖစ္ပြားခဲ့တာျဖစ္ၿပီး သူ႔ဝန္ထမ္းသက္ ၁၀ ႏွစ္ေက်ာ္အၾကာမွာ သူ႔ဘဝကံဆိုးမိုး ေမွာင္က်ေရာက္ခဲ့ရပါေတာ့တယ္။

‘ညပိုင္းဂ်ဴတီဆိုေတာ့ ၈း၃၀ နာရီမွာ လူခ်ိန္းရေတာ့မွာ၊ ေနာက္ပိုင္းလူလုပ္ရမွာ ကိုကိုယ္လုပ္လိုက္ေတာ့ ကိုယ္ျဖစ္သြား သလိုေပါ့၊ ကိုယ့္တာဝန္ခ်ိန္က နည္းနည္း ေလးကပ္ၿပီးက်န္ေနတာ’လို႔ ပိန္ေနတဲ့ အေနအထားေၾကာင့္ ေမး႐ိုးေတြေငါထြက္ ေနၿပီး ႏႈတ္ခမ္းေမြးထိုးထိုးေထာင္ေထာင္ နဲ႔ဆံပင္အနည္းငယ္ရွည္တဲ့ပုံစံနဲ႔လူတစ္ဦး က အတိတ္ကအျဖစ္အပ်က္ကို ျပန္ေျပာျပ ေနတာပါ။

သူ႔အတိတ္အေၾကာင္းေျပာေနခ်ိန္မွာ သူ႔မ်က္ဝန္းေတြက နာက်ည္းမႈပုံသ႑ာန္ မ်ိဳး ျဖတ္ခနဲေတြ႕ရေပမဲ့ ေသခ်ာၾကည့္ပါ က သူ႔မ်က္လုံးမွာအရာရာကို အရႈံးေပးထားၿပီး ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးဆို တာကို သိေစႏိုင္တဲ့အေနအထားမ်ိဳးနဲ႔ ခု တင္တစ္ခုမွာ ၿငိမ္သက္စြာ လွဲေလ်ာင္းေန ပါတယ္။

သူ႔နာမည္က’ဝင္းေနေအာင္’ လက္ရွိ အသက္က ၄၂   ႏွစ္၊ သူဟာ လွ်ပ္စစ္ဝန္ ထမ္းတစ္ဦးပါ ။ သူဟာ လူ႔သက္တမ္းတစ္ ဝက္နီးပါးျဖတ္သန္းခဲ့ရတဲ့ အသက္    ၃၇ ႏွစ္အ႐ြယ္မွာပဲ သည္အျဖစ္ဆိုးႀကီးကိုႀကဳံ ေတြ႕ခဲ့ရတာပါ။

သည္လိုတာဝန္ထမ္းေဆာင္ရင္းျဖစ္ခဲ့ရတဲ့အျဖစ္ဆိုးေၾကာင့္ ေဆးပင္စင္ရမယ္လို႔ သူေမွ်ာ္လင့္ထားေပမဲ့ လုပ္သက္မျပည့္ တာေၾကာင့္ ေဆးပင္စင္ခံစားခြင့္မရခဲ့ပါဘူး။ ရခဲ့တဲ့ သိန္း ၂၀ ေက်ာ္ကလည္း နစ္ နာေၾကးသေဘာမ်ိဳးနဲ႔ ရခဲ့တာပါ။

သူဟာ လူမႈဖူလုံေရးေဆး႐ုံမွာ ေဆး႐ုံ တက္ခဲ့ရၿပီး ဦးေခါင္းပါထိခိုက္မိခဲ့တဲ့သူ ဟာ အခ်ိဳ႕ေသာ အေၾကာင္းအရာေတြကို အတိအက်မမွတ္မိေတာ့ဘဲ ေမ့ေဖ်ာက္ ထားတယ္လို႔ ေျပာပါတယ္။

ခါး႐ိုးက်ိဳးၿပီး အာ႐ုံေၾကာမႀကီးေသ သြားတာေၾကာင့္ ေအာက္ပိုင္းေသသြားတဲ့ သူဟာ အလုပ္ကေန အနားယူခဲ့ရၿပီး အိပ္ရာထဲကေနမထႏိုင္ဘဲ ေနခဲ့ရတာ ေျခာက္ႏွစ္နီးပါးၾကာျမင့္ခဲ့ပါၿပီ။

‘အလုပ္လဲမလုပ္ႏိုင္ေတာ့ ပင္စင္ေပးလိုက္တဲ့သေဘာမ်ိဳးေပါ့၊ ေလ်ာ္ေၾကးသေဘာမ်ိဳးေပါ့၊ သိန္း ၂၀ ေက်ာ္ရခဲ့တယ္’ လို႔ ေဆး႐ုံပုံစံခုတင္တစ္ခုမွာ လွဲေလ်ာင္း ရင္းသူက သူ႔အတိတ္ကျဖစ္ရပ္ေတြကို ေျပာၾကားရင္း ဘယ္ေတာ့မွ ျပန္မလႈပ္ရွား ႏိုင္ေတာ့တဲ့ သူ႔ရဲ႕ေသးသြယ္ပိန္လွီေနတဲ့ ေအာက္ပိုင္းအေနအထားကို ရီေဝစြာ ၾကည့္ရင္း ေျပာပါတယ္။

ခပ္ႏြမ္းႏြမ္းရွပ္အက်ႌလက္တိုခဲျပာေရာင္နဲ႔ ခရမ္းႏုေရာင္ပုဆိုးဝတ္ထားတဲ့ ေျခေထာက္မွာ ခြဲစိတ္ထားတဲ့ ဒဏ္ရာ ေဟာင္းတခ်ိဳ႕က အတိုင္းသားျမင္ေနရပါ တယ္။

ေမြးစကတည္းကျဖစ္ေနတဲ့ ပိုလီယိုေရာဂါသည္တစ္ဦးရဲ႕ ေျခေထာက္ပုံစံ အား ေပ်ာ့ေပ်ာ့ေအာက္ပိုင္းအေနအထားဟာ ခႏၶာကိုယ္အေပၚပိုင္းထက္ သိသိသာသာ ေသးငယ္ေနၿပီး ေျခဖဝါးႏွစ္ဖက္ကေတာ့ အနည္းငယ္ေကြးေကာက္ေနပါတယ္။

တိုေတာင္းလွတဲ့ လူ႔ဘဝေလးထဲမွာ သည္လိုအျဖစ္အပ်က္ေၾကာင့္ ဒုကၡအခက္ အခဲေတြနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ သူဝန္ထမ္း လုပ္ေနခ်ိန္ေနခဲ့ရတဲ့ ဝန္ထမ္းအိမ္ရာ ေလးထဲက ေန ထြက္ခြာခဲ့ရၿပီး မိသားစုေန အိမ္နဲ႔ေဝးရာ သန္လ်င္သဘာဝတရားရိပ္ သာကေဆး႐ုံခုတင္မွာပဲ ဘဝကို အဆုံး သတ္ရေတာ့မယ္လို႔ သူက သတ္မွတ္ ထားပါတယ္။

သူေနတဲ့အခန္းအတြင္းမွာ ခုတင္ ေပါင္း ၅၀ ေက်ာ္ရွိေနၿပီး ေဘးပတ္ဝန္းက်င္ခုတင္မွာ ထိုင္ေနသူေတြကလည္း ေလျဖန္းထားသူ၊ ေျခတစ္ဖက္မသန္သူ၊ လက္တစ္ဖက္မသန္သူ၊ အေၾကာတခ်ိဳ႕ ေသသြားတာေၾကာင့္ ပါးေတြ႐ြဲ႕ေစာင္းေနသူ၊ အားအင္ကုန္ခမ္းေနလို႔ ႏႈန္းလ် ေပ်ာ့ေခြေနတဲ့အ႐ြယ္စုံအမ်ိဳးသားေတြ ကို ေတြ႕ျမင္ေနရပါတယ္။

သူက သည္လိုတာဝန္ထမ္းေဆာင္ ခ်ိန္မွာ အျဖစ္ဆိုးေတြနဲ႔ ႀကံ ုေတြ႕ခဲ့ရလို႔ သည္လိုေနရာမ်ိဳးမွာ ေရာက္ရွိေနေပမဲ့ တာဝန္ရွိသူေတြကို ဘာမွေတာင္းဆိုတာ မ်ိဳးမလုပ္ခ်င္ေတာ့ဘဲ ကုသိုလ္ကံပဲေပါ့လို႔ သူက ေျဖသိမ့္ထားပါတယ္။

သူ႔မွာ မိန္းမနဲ႔ ကေလးေလးဦး ရွိပါ တယ္။ သူဟာ သဃၤန္းကြၽန္းဇာတိျဖစ္ၿပီး မိခင္ကေတာ့ မရွိေတာ့ပါဘူး။က်န္ရွိေနတဲ့ ေမာင္ႏွမေတြနဲ႔ဖခင္ျဖစ္သူကလည္း အ ဆင္ေျပသူေတြမဟုတ္ေတာ့ သူ႔ကိုကူညီ ၿပီး ေစာင့္ေရွာက္ဖို႔ အခက္အခဲရွိေနတာပါ။

‘ကိုယ့္မွာက ဘာမွလဲမလုပ္ႏိုင္ေတာ့ ဘူး၊ ေအာက္ပိုင္းေသေနတဲ့ သူတစ္ ေယာက္ဆိုေတာ့ သူတို႔အတြက္လဲ ဝန္ ႀကီးတယ္ေလ၊ အေျခအေနမဟန္ေတာ့ မွန္းသိလို႔ အစ္မကို ပို႔ခိုင္းလိုက္ရတာ’ လို႔ ေျပာျပရင္း မ်က္လုံးကို မွိတ္လိုက္ၿပီး ေခတၱခဏၿငိမ္ သက္ေနပါတယ္။

သူ႔အမ်ိဳးသမီးကေတာ့ အရင္ကအိမ္ ၿခံေျမပြဲစားတစ္ဦးျဖစ္ၿပီး ေဆး႐ုံက ဆင္း ၿပီး ေဘးကအကူမရွိဘဲေနေနရတဲ့ သူ႔ရဲ႕ အျဖစ္အပ်က္ေတြ စီးပြားေရးအဆင္မေျပ မႈေတြေၾကာင့္ သူ႔ကိုထားခဲ့ၿပီး အေဖာ္ သစ္ရွာသြားခဲ့ပါတယ္။

‘ဝန္ထမ္းအိမ္ရာမွာေနေတာ့ သူတို႔ ကျပန္သိမ္းသြားတယ္ေလ၊ ေနစရာလဲမရွိ ေတာ့ ဒီကို ေရာက္လာေတာ့တာပါပဲ’ လို႔ သူက သန္လ်င္သဘာဝတရားရိပ္သာကိုေရာက္ခဲ့ရတဲ့ အေၾကာင္းရင္းကို ေျပာ ပါတယ္။

သည္ရိပ္သာထဲကို သူသည္လို မျဖစ္ခင္ ဝန္ထမ္းဘဝကတည္းက ေရာက္ဖူးၿပီး ဆရာေတာ္ရဲ႕တရားေတြလည္း နာဖူးတာ ေၾကာင့္ သည္မွာေနမယ္ဆိုၿပီး သူ႔အစ္မ ကို သူေတာင္းဆိုခဲ့တာပါ။

သူ႔ခါးေအာက္ပိုင္းက မလႈပ္ရွားႏိုင္ ဘဲ     ေပ်ာ့ေခြသြားၿပီး ထိုင္ဖို႔ထဖို႔အတြက္ လူတစ္ေယာက္အဖို႔ ေနအိမ္မွာေနေနရ တာထက္ သန္လ်င္သဘာဝတရားရိပ္ သာ ေဆး႐ုံေပၚကခုတင္က ပိုၿပီးအဆင္ ေျပတယ္လို႔ သူက ေျပာပါတယ္။

ခုတင္ေပၚမွာ ပက္လက္အေနအ ထားနဲ႔ လွဲေလ်ာင္းေနရတဲ့သူဟာ ဆီး ပိုက္ကလည္း တပ္ထားရၿပီး အျခားသူ တစ္ဦးက ယူလာေပးမွ အစားအစာကို စားေနရတဲ့ အေနအထားမ်ိဳးပါ။

သူသည္မွာေနထိုင္ရေပမဲ့ အစ္မျဖစ္ သူက မၾကာခဏလာေတြ႕တာ ၊ ေငြေၾကး လိုအပ္ပါက ေပးတာေတြလုပ္ေပးေနတာ ေၾကာင့္ သူစိတ္ဓာတ္မက်ဘဲေနႏိုင္တာ လို႔ေျပာပါတယ္။

သဘာဝရိပ္သာက ေကြၽးတဲ့ ထမင္း ကိုစား သည္ရိပ္သာကိုလာကူညီၾကတဲ့ ပရဟိတသမားေတြရဲ႕ အကူအညီနဲ႔ ေရခ်ိဳး တာအဝတ္လဲတာေတြ ျပဳလုပ္ေနရေပမဲ့ ခုတင္ေပၚမွာပဲ အခ်ိန္ေတြ ကုန္ဆုံးေနရ ေတာ့တယ္လို႔ သူက ေျပာပါတယ္။

‘ပလာယာကဒုကၡေပးတာ၊ ခါးၾကား မွာထိုးထားေတာ့ ဒီကေန ဓာတ္လိုက္ သြားတာ’လို႔ ေျပာရင္း သူ႔ေဘးနားမွာ လာရပ္ေနတဲ့ အသက္ ခုနစ္ႏွစ္အ႐ြယ္ ကေလးငယ္ကို ေပြ႕ဖက္လို္က္ပါတယ္။

သူ႔ေဘးနားေရာက္လာတဲ့ ကေလး ငယ္က သည္ရိပ္သာဝင္းထဲမွာ ေနထိုင္သူ ေတြထဲကတစ္ဦးပါ ။ သူတို႔ေတြက အေဖာ္ လုပ္ေပးေနတာေၾကာင့္ သားသမီးအရင္း ေတြနဲ႔အတူ မေနႏိုင္ေပမဲ့ အားတစ္ခု ေတာ့ရတယ္လို႔ သူက ေျပာပါတယ္။

ရိပ္သာခုတင္ေလးေပၚမွာ သူ႔လို ဘဝတူေတြနဲ႔ အတူေနေနရေပမဲ့ သူ႔မွာ ျဖစ္ခ်င္တာေတြက ဘာမွမရွိေတာ့ပါဘူး။ ေအာက္ပိုင္းလႈပ္လို႔မရေတာ့တဲ့ အေျခအ ေနျဖစ္ေပမဲ့ အေပၚပိုင္းေကာင္းတဲ့လက္ အစုံနဲ႔ ခုတင္အနိမ့္အျမင့္ေတြကို ကိုယ္ တိုင္ခလုတ္ႏွိပ္ႏိုင္သလို ထမင္းကိုလည္း ခုတင္နားအထိ ယူလာေပးပါက ကိုယ္ တိုင္စားေသာက္ႏိုင္တာေၾကာင့္ အဆင္ ေျပေနေသးတယ္လို႔ေျပာပါတယ္။

သူ႔အေနနဲ႔ သည္လိုအျဖစ္အပ်က္ ေတြ မႀကဳံခင္ကလည္း ဗို႔အား ၃၃,ဝဝဝ ဓာတ္တိုင္ေပၚကေန ေဇာက္ထိုးအေနအ ထားမ်ိဳးနဲ႔ ျပဳတ္က်ခဲ့ဖူးၿပီး သတိလစ္ကာ ေသမလိုျဖစ္ခဲ့ရေပမဲ့ ခါးသိုင္းႀကိဳးေတြနဲ႔ အသက္ကယ္အက်ႌကို ဝတ္ထားတာ ေၾကာင့္ ေအာက္အထိမျပဳတ္က်ဘဲ သတိလစ္ခဲ့ဖူးပါေသးတယ္။

တစ္ခါကလည္း ညပိုင္းလမ္းမီးဆက္ ဖို႔ ျပင္ဆင္ေနခ်ိန္မွာ အရွိန္ျပင္းစြာေမာင္း လာတဲ့ကားက သူ႔ရဲ႕အေနာက္ကို ဝင္ တိုက္သြားတာေၾကာင့္ ေသမလိုအျဖစ္မ်ိဳး သုံးခါႀကဳံခဲ့ဖူးလို႔ လက္ရွိအေျခအေနကို ခံႏိုင္ရည္ရွိသြားၿပီလို႔ ရယ္ရင္းေျပာပါ တယ္။

သန္လ်င္သဘာဝတရားရိပ္သာမွာ ေရာက္ရွိေနတာဟာ ႏွစ္ႏွစ္နီးပါးၾကာတဲ့ အထိ သားအႀကီးႏွစ္ေယာက္ကလြဲၿပီး အငယ္ေလးေတြကို မေတြ႕ရေတာ့ပါဘူး။ လာဖို႔လူႀကဳံနဲ႔မွာထားေပမဲ့ ခုထိေရာက္ မလာေသးေပမဲ့ တစ္ေန႔သူ႔ဆီကို သူ႔သား သမီးေတြ ေရာက္လာဦးမယ္လို႔ သူေမွ်ာ္ လင့္ေနပါတယ္။

‘ငယ္ငယ္ေလးကတည္းက ကိုယ္ လုပ္ခ်င္တာေတြလုပ္ခဲ့တဲ့အတြက္ အရာ ရာတိုင္းက ဝဋ္ေႂကြးလို႔ပဲသေဘာထား ေတာ့တယ္’လို႔တစ္လုံးခ်င္းျဖည္းျဖည္းနဲ႔ ညင္သာစြာေျပာရင္း မ်က္လုံးအစုံကို မွိတ္လိုက္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေအးေအးေအာင္
 Kumudra
 ေနဝင္ခ်ိန္

#Unicode Version#
 ဖေဖော်ဝါရီ ၃ – သူတာဝန်ကျတာက ညဂျူတီပါ။ မနက် ၈းဝဝ နာရီဝန်းကျင်လောက်မှာပဲ နေ့ဂျူတီကျတဲ့ အခြားတစ် ယောက် တာဝန်ချိန်းဖို့လုပ်နေတဲ့ မိနစ်ပိုင်းလေးအတွင်းမှာပဲ သူတာဝန်ယူထား တဲ့အပိုင်းက ဓာတ်ကြိုးပြတ်ကျနေတာကို သူတို့ဆီကို သတင်းရောက်လာပါတယ်။

ဂျူတီမချိန်းခင်မှာပဲ ပြတ်ကျနေတဲ့ ဓာတ်ကြိုးကိုဖြတ်ဖို့ ဓာတ်တိုင်ပေါ်ကို သူတက်လိုက်ပါတယ်။ ခါးမှထိုးထားတဲ့ ပလာယာနဲ့ ဖြတ်ဖို့ပြင်ဆင်နေတုန်းမှာပဲ တုန်ခါနေတဲ့အထိအတွေ့နဲ့ ဓာတ်လိုက်ပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားပါတယ်။

ဘာအကာအကွယ်မှ မတပ်ဆင်ခဲ့မိ တဲ့သူဟာ ပြုတ်ကျတဲ့ဒဏ်ကြောင့် ဦး ခေါင်းကွဲပြီး သွေးတွေဖြာစီးကျကာ သတိမေ့သွားပါတော့တယ်။ သတိပြန်ရ တဲ့အချိန်မှာလည်း ဖြစ်ခဲ့တဲ့အဖြစ်အပျက် တွေရော မိသားစုတွေရော ပတ်ဝန်းကျင် ကလူတွေကို လုံးဝမမှတ်မိတော့ဘဲ အတိတ်မေ့သွားတာ သုံးလနီးပါးကြာမြင့်သွားပါတယ်။

အတိတ်မေ့တာထက် ဆိုးရွားတဲ့အ ဖြစ်အပျက်ကတော့ သူ့ရဲ့ ခါးအောက်ပိုင်း ဒဏ်ရာတွေကြောင့် လုံးဝလှုပ်လို့မရတော့ ဘဲ အကြောတွေသေသွားခဲ့ပြီး အောက်ပိုင်းသေဘဝနဲ့ သူ့ဘဝတစ်လျှောက်လုံး ဖြတ်သန်းသွားရတော့တာပါပဲ။ ဆေးရုံမှာ နှစ်နှစ်နီးပါးကြာမြင့်ခဲ့ပေမဲ့ သူ့ဘဝက တော့ ထူးခြားမလာတော့ပါဘူး။

ဒါလွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၃ ခုနှစ် ကဖြစ်ပွားခဲ့တာဖြစ်ပြီး သူ့ဝန်ထမ်းသက် ၁၀ နှစ်ကျော်အကြာမှာ သူ့ဘဝကံဆိုးမိုး မှောင်ကျရောက်ခဲ့ရပါတော့တယ်။

‘ညပိုင်းဂျူတီဆိုတော့ ၈း၃၀ နာရီမှာ လူချိန်းရတော့မှာ၊ နောက်ပိုင်းလူလုပ်ရမှာ ကိုကိုယ်လုပ်လိုက်တော့ ကိုယ်ဖြစ်သွား သလိုပေါ့၊ ကိုယ့်တာဝန်ချိန်က နည်းနည်း လေးကပ်ပြီးကျန်နေတာ’လို့ ပိန်နေတဲ့ အနေအထားကြောင့် မေးရိုးတွေငေါထွက် နေပြီး နှုတ်ခမ်းမွေးထိုးထိုးထောင်ထောင် နဲ့ဆံပင်အနည်းငယ်ရှည်တဲ့ပုံစံနဲ့လူတစ်ဦး က အတိတ်ကအဖြစ်အပျက်ကို ပြန်ပြောပြ နေတာပါ။

သူ့အတိတ်အကြောင်းပြောနေချိန်မှာ သူ့မျက်ဝန်းတွေက နာကျည်းမှုပုံသဏ္ဍာန် မျိုး ဖြတ်ခနဲတွေ့ရပေမဲ့ သေချာကြည့်ပါ က သူ့မျက်လုံးမှာအရာရာကို အရှုံးပေးထားပြီး မျှော်လင့်ချက်မရှိတော့ဘူးဆို တာကို သိစေနိုင်တဲ့အနေအထားမျိုးနဲ့ ခု တင်တစ်ခုမှာ ငြိမ်သက်စွာ လှဲလျောင်းနေ ပါတယ်။

သူ့နာမည်က’ဝင်းနေအောင်’ လက်ရှိ အသက်က ၄၂   နှစ်၊ သူဟာ လျှပ်စစ်ဝန် ထမ်းတစ်ဦးပါ ။ သူဟာ လူ့သက်တမ်းတစ် ဝက်နီးပါးဖြတ်သန်းခဲ့ရတဲ့ အသက်    ၃၇ နှစ်အရွယ်မှာပဲ သည်အဖြစ်ဆိုးကြီးကိုကြုံ တွေ့ခဲ့ရတာပါ။

သည်လိုတာဝန်ထမ်းဆောင်ရင်းဖြစ်ခဲ့ရတဲ့အဖြစ်ဆိုးကြောင့် ဆေးပင်စင်ရမယ်လို့ သူမျှော်လင့်ထားပေမဲ့ လုပ်သက်မပြည့် တာကြောင့် ဆေးပင်စင်ခံစားခွင့်မရခဲ့ပါဘူး။ ရခဲ့တဲ့ သိန်း ၂၀ ကျော်ကလည်း နစ် နာကြေးသဘောမျိုးနဲ့ ရခဲ့တာပါ။

သူဟာ လူမှုဖူလုံရေးဆေးရုံမှာ ဆေးရုံ တက်ခဲ့ရပြီး ဦးခေါင်းပါထိခိုက်မိခဲ့တဲ့သူ ဟာ အချို့သော အကြောင်းအရာတွေကို အတိအကျမမှတ်မိတော့ဘဲ မေ့ဖျောက် ထားတယ်လို့ ပြောပါတယ်။

ခါးရိုးကျိုးပြီး အာရုံကြောမကြီးသေ သွားတာကြောင့် အောက်ပိုင်းသေသွားတဲ့ သူဟာ အလုပ်ကနေ အနားယူခဲ့ရပြီး အိပ်ရာထဲကနေမထနိုင်ဘဲ နေခဲ့ရတာ ခြောက်နှစ်နီးပါးကြာမြင့်ခဲ့ပါပြီ။

‘အလုပ်လဲမလုပ်နိုင်တော့ ပင်စင်ပေးလိုက်တဲ့သဘောမျိုးပေါ့၊ လျော်ကြေးသဘောမျိုးပေါ့၊ သိန်း ၂၀ ကျော်ရခဲ့တယ်’ လို့ ဆေးရုံပုံစံခုတင်တစ်ခုမှာ လှဲလျောင်း ရင်းသူက သူ့အတိတ်ကဖြစ်ရပ်တွေကို ပြောကြားရင်း ဘယ်တော့မှ ပြန်မလှုပ်ရှား နိုင်တော့တဲ့ သူ့ရဲ့သေးသွယ်ပိန်လှီနေတဲ့ အောက်ပိုင်းအနေအထားကို ရီဝေစွာ ကြည့်ရင်း ပြောပါတယ်။

ခပ်နွမ်းနွမ်းရှပ်အင်္ကျီလက်တိုခဲပြာရောင်နဲ့ ခရမ်းနုရောင်ပုဆိုးဝတ်ထားတဲ့ ခြေထောက်မှာ ခွဲစိတ်ထားတဲ့ ဒဏ်ရာ ဟောင်းတချို့က အတိုင်းသားမြင်နေရပါ တယ်။

မွေးစကတည်းကဖြစ်နေတဲ့ ပိုလီယိုရောဂါသည်တစ်ဦးရဲ့ ခြေထောက်ပုံစံ အား ပျော့ပျော့အောက်ပိုင်းအနေအထားဟာ ခန္ဓာကိုယ်အပေါ်ပိုင်းထက် သိသိသာသာ သေးငယ်နေပြီး ခြေဖဝါးနှစ်ဖက်ကတော့ အနည်းငယ်ကွေးကောက်နေပါတယ်။

တိုတောင်းလှတဲ့ လူ့ဘဝလေးထဲမှာ သည်လိုအဖြစ်အပျက်ကြောင့် ဒုက္ခအခက် အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ သူဝန်ထမ်း လုပ်နေချိန်နေခဲ့ရတဲ့ ဝန်ထမ်းအိမ်ရာ လေးထဲက နေ ထွက်ခွာခဲ့ရပြီး မိသားစုနေ အိမ်နဲ့ဝေးရာ သန်လျင်သဘာဝတရားရိပ် သာကဆေးရုံခုတင်မှာပဲ ဘဝကို အဆုံး သတ်ရတော့မယ်လို့ သူက သတ်မှတ် ထားပါတယ်။

သူနေတဲ့အခန်းအတွင်းမှာ ခုတင် ပေါင်း ၅၀ ကျော်ရှိနေပြီး ဘေးပတ်ဝန်းကျင်ခုတင်မှာ ထိုင်နေသူတွေကလည်း လေဖြန်းထားသူ၊ ခြေတစ်ဖက်မသန်သူ၊ လက်တစ်ဖက်မသန်သူ၊ အကြောတချို့ သေသွားတာကြောင့် ပါးတွေရွဲ့စောင်းနေသူ၊ အားအင်ကုန်ခမ်းနေလို့ နှုန်းလျ ပျော့ခွေနေတဲ့အရွယ်စုံအမျိုးသားတွေ ကို တွေ့မြင်နေရပါတယ်။

သူက သည်လိုတာဝန်ထမ်းဆောင် ချိန်မှာ အဖြစ်ဆိုးတွေနဲ့ ကြံ ုတွေ့ခဲ့ရလို့ သည်လိုနေရာမျိုးမှာ ရောက်ရှိနေပေမဲ့ တာဝန်ရှိသူတွေကို ဘာမှတောင်းဆိုတာ မျိုးမလုပ်ချင်တော့ဘဲ ကုသိုလ်ကံပဲပေါ့လို့ သူက ဖြေသိမ့်ထားပါတယ်။

သူ့မှာ မိန်းမနဲ့ ကလေးလေးဦး ရှိပါ တယ်။ သူဟာ သင်္ဃန်းကျွန်းဇာတိဖြစ်ပြီး မိခင်ကတော့ မရှိတော့ပါဘူး။ကျန်ရှိနေတဲ့ မောင်နှမတွေနဲ့ဖခင်ဖြစ်သူကလည်း အ ဆင်ပြေသူတွေမဟုတ်တော့ သူ့ကိုကူညီ ပြီး စောင့်ရှောက်ဖို့ အခက်အခဲရှိနေတာပါ။

‘ကိုယ့်မှာက ဘာမှလဲမလုပ်နိုင်တော့ ဘူး၊ အောက်ပိုင်းသေနေတဲ့ သူတစ် ယောက်ဆိုတော့ သူတို့အတွက်လဲ ဝန် ကြီးတယ်လေ၊ အခြေအနေမဟန်တော့ မှန်းသိလို့ အစ်မကို ပို့ခိုင်းလိုက်ရတာ’ လို့ ပြောပြရင်း မျက်လုံးကို မှိတ်လိုက်ပြီး ခေတ္တခဏငြိမ် သက်နေပါတယ်။

သူ့အမျိုးသမီးကတော့ အရင်ကအိမ် ခြံမြေပွဲစားတစ်ဦးဖြစ်ပြီး ဆေးရုံက ဆင်း ပြီး ဘေးကအကူမရှိဘဲနေနေရတဲ့ သူ့ရဲ့ အဖြစ်အပျက်တွေ စီးပွားရေးအဆင်မပြေ မှုတွေကြောင့် သူ့ကိုထားခဲ့ပြီး အဖော် သစ်ရှာသွားခဲ့ပါတယ်။

‘ဝန်ထမ်းအိမ်ရာမှာနေတော့ သူတို့ ကပြန်သိမ်းသွားတယ်လေ၊ နေစရာလဲမရှိ တော့ ဒီကို ရောက်လာတော့တာပါပဲ’ လို့ သူက သန်လျင်သဘာဝတရားရိပ်သာကိုရောက်ခဲ့ရတဲ့ အကြောင်းရင်းကို ပြော ပါတယ်။

သည်ရိပ်သာထဲကို သူသည်လို မဖြစ်ခင် ဝန်ထမ်းဘဝကတည်းက ရောက်ဖူးပြီး ဆရာတော်ရဲ့တရားတွေလည်း နာဖူးတာ ကြောင့် သည်မှာနေမယ်ဆိုပြီး သူ့အစ်မ ကို သူတောင်းဆိုခဲ့တာပါ။

သူ့ခါးအောက်ပိုင်းက မလှုပ်ရှားနိုင် ဘဲ     ပျော့ခွေသွားပြီး ထိုင်ဖို့ထဖို့အတွက် လူတစ်ယောက်အဖို့ နေအိမ်မှာနေနေရ တာထက် သန်လျင်သဘာဝတရားရိပ် သာ ဆေးရုံပေါ်ကခုတင်က ပိုပြီးအဆင် ပြေတယ်လို့ သူက ပြောပါတယ်။

ခုတင်ပေါ်မှာ ပက်လက်အနေအ ထားနဲ့ လှဲလျောင်းနေရတဲ့သူဟာ ဆီး ပိုက်ကလည်း တပ်ထားရပြီး အခြားသူ တစ်ဦးက ယူလာပေးမှ အစားအစာကို စားနေရတဲ့ အနေအထားမျိုးပါ။

သူသည်မှာနေထိုင်ရပေမဲ့ အစ်မဖြစ် သူက မကြာခဏလာတွေ့တာ ၊ ငွေကြေး လိုအပ်ပါက ပေးတာတွေလုပ်ပေးနေတာ ကြောင့် သူစိတ်ဓာတ်မကျဘဲနေနိုင်တာ လို့ပြောပါတယ်။

သဘာဝရိပ်သာက ကျွေးတဲ့ ထမင်း ကိုစား သည်ရိပ်သာကိုလာကူညီကြတဲ့ ပရဟိတသမားတွေရဲ့ အကူအညီနဲ့ ရေချိုး တာအဝတ်လဲတာတွေ ပြုလုပ်နေရပေမဲ့ ခုတင်ပေါ်မှာပဲ အချိန်တွေ ကုန်ဆုံးနေရ တော့တယ်လို့ သူက ပြောပါတယ်။

‘ပလာယာကဒုက္ခပေးတာ၊ ခါးကြား မှာထိုးထားတော့ ဒီကနေ ဓာတ်လိုက် သွားတာ’လို့ ပြောရင်း သူ့ဘေးနားမှာ လာရပ်နေတဲ့ အသက် ခုနစ်နှစ်အရွယ် ကလေးငယ်ကို ပွေ့ဖက်လိုက်ပါတယ်။

သူ့ဘေးနားရောက်လာတဲ့ ကလေး ငယ်က သည်ရိပ်သာဝင်းထဲမှာ နေထိုင်သူ တွေထဲကတစ်ဦးပါ ။ သူတို့တွေက အဖော် လုပ်ပေးနေတာကြောင့် သားသမီးအရင်း တွေနဲ့အတူ မနေနိုင်ပေမဲ့ အားတစ်ခု တော့ရတယ်လို့ သူက ပြောပါတယ်။

ရိပ်သာခုတင်လေးပေါ်မှာ သူ့လို ဘဝတူတွေနဲ့ အတူနေနေရပေမဲ့ သူ့မှာ ဖြစ်ချင်တာတွေက ဘာမှမရှိတော့ပါဘူး။ အောက်ပိုင်းလှုပ်လို့မရတော့တဲ့ အခြေအ နေဖြစ်ပေမဲ့ အပေါ်ပိုင်းကောင်းတဲ့လက် အစုံနဲ့ ခုတင်အနိမ့်အမြင့်တွေကို ကိုယ် တိုင်ခလုတ်နှိပ်နိုင်သလို ထမင်းကိုလည်း ခုတင်နားအထိ ယူလာပေးပါက ကိုယ် တိုင်စားသောက်နိုင်တာကြောင့် အဆင် ပြေနေသေးတယ်လို့ပြောပါတယ်။

သူ့အနေနဲ့ သည်လိုအဖြစ်အပျက် တွေ မကြုံခင်ကလည်း ဗို့အား ၃၃,ဝဝဝ ဓာတ်တိုင်ပေါ်ကနေ ဇောက်ထိုးအနေအ ထားမျိုးနဲ့ ပြုတ်ကျခဲ့ဖူးပြီး သတိလစ်ကာ သေမလိုဖြစ်ခဲ့ရပေမဲ့ ခါးသိုင်းကြိုးတွေနဲ့ အသက်ကယ်အင်္ကျီကို ဝတ်ထားတာ ကြောင့် အောက်အထိမပြုတ်ကျဘဲ သတိလစ်ခဲ့ဖူးပါသေးတယ်။

တစ်ခါကလည်း ညပိုင်းလမ်းမီးဆက် ဖို့ ပြင်ဆင်နေချိန်မှာ အရှိန်ပြင်းစွာမောင်း လာတဲ့ကားက သူ့ရဲ့အနောက်ကို ဝင် တိုက်သွားတာကြောင့် သေမလိုအဖြစ်မျိုး သုံးခါကြုံခဲ့ဖူးလို့ လက်ရှိအခြေအနေကို ခံနိုင်ရည်ရှိသွားပြီလို့ ရယ်ရင်းပြောပါ တယ်။

သန်လျင်သဘာဝတရားရိပ်သာမှာ ရောက်ရှိနေတာဟာ နှစ်နှစ်နီးပါးကြာတဲ့ အထိ သားအကြီးနှစ်ယောက်ကလွဲပြီး အငယ်လေးတွေကို မတွေ့ရတော့ပါဘူး။ လာဖို့လူကြုံနဲ့မှာထားပေမဲ့ ခုထိရောက် မလာသေးပေမဲ့ တစ်နေ့သူ့ဆီကို သူ့သား သမီးတွေ ရောက်လာဦးမယ်လို့ သူမျှော် လင့်နေပါတယ်။

‘ငယ်ငယ်လေးကတည်းက ကိုယ် လုပ်ချင်တာတွေလုပ်ခဲ့တဲ့အတွက် အရာ ရာတိုင်းက ဝဋ်ကြွေးလို့ပဲသဘောထား တော့တယ်’လို့တစ်လုံးချင်းဖြည်းဖြည်းနဲ့ ညင်သာစွာပြောရင်း မျက်လုံးအစုံကို မှိတ်လိုက်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:အေးအေးအောင်
 Kumudra
 နေဝင်ချိန်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top