iMyanmarHouse.com - Best Property Website for Myanmar
×

အရြယ္မေရာက္ေသးတဲ့ မိန္းကေလးငယ္တစ္ဦးကုိ အမ်ဳိးသားတစ္ဦးက အဓမၼျပဳက်င့္ခဲ့ရာမွာ ကေလးမရဲ ့ မိခင္ကုိယ္တုိင္ အလုိတူ အလုိပါ ပါ၀င္ခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ ့က ေျပာဆုိခဲ့ပါတယ္။

အသက္ ၈ ႏွစ္အရြယ္ ကေလးမဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံ မုိ ့ခ်္ဘဇားအရပ္ရွိ သူရဲ ့ေနအိမ္မွာ အဓမၼျပဳက်င့္ခံရျခင္းျဖစ္ကာ အခင္းျဖစ္ရပ္နဲ ့ပတ္သက္ၿပီး ကေလးရဲ ့ ဖခင္က အဂၤါေန ့(ေဖေဖာ္၀ါရီ ၁၂) ညပုိင္းမွာ ရဲစခန္းကုိ လာေရာက္အမႈဖြင့္ တုိင္ၾကားခဲ့ျခင္း ျဖစ္ပါတယ္။ ယာဥ္ေမာင္းတစ္ဦးျဖစ္တဲ့ ဖခင္ျဖစ္သူဟာ အလုပ္သဘာ၀အရ ေနအိမ္ကပ္ခ်ိန္ အင္မတန္နည္းတယ္လုိ ့ ရဲက ဆုိပါတယ္။

“ လူအေတာ္မ်ားမ်ား အထူးသျဖင့္ အမ်ဳိးသားေတြက သူ မရွိခ်ိန္ေတြမွာ သူတုိ ့အိမ္ကုိ အလည္လာေရာက္ၿပီး သူ ့မိန္းမကုိ ေတြ ့ၾကေလ့ရွိပါတယ္” လုိ ့ အမႈစစ္ရဲအရာရွိ ရာဂ်စ္ ဟူစိန္က ေျပာပါတယ္။ ဒီလူေတြထဲမွာမွ မင္တူလုိ ့အမည္ရတဲ့ အမ်ဳိးသားဟာ ကေလးမေလးကုိ က်ဴးလြန္ေစာ္ကားေနခဲ့တာ သုံးလေလာက္ရွိေနခဲ့ၿပီျဖစ္ေၾကာင္း၊ ဒီျဖစ္စဥ္မွာ ယင္း အမ်ဳိးသားက သမီးျဖစ္သူကုိ မုဒိမ္းက်င့္ဖုိ ့အတြက္ မိခင္ကုိယ္တုိင္က အကူအညီေပးခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။

ဖခင္ရဲ ့ တုိင္ခ်က္ဖြင့္အၿပီး မၾကာခင္မွာပဲ မင္တူကုိ ရဲက ဖမ္းဆီးႏုိင္ခဲ့ေပမယ့္ မိခင္ျဖစ္သူကေတာ့ တိမ္းေရွာင္သြားခဲ့တယ္လုိ ့ သိရပါတယ္။ ကေလးမုဒိမ္းမႈေတြဟာ အလြန္ထိရွလြယ္တဲ့ ျဖစ္စဥ္ေတြျဖစ္တာေၾကာင့္ မိမိတုိ ့အေနနဲ ့ တရားခံေတြကုိ အခ်ိန္မဆုိင္း ရွာေဖြဖမ္းဆီးခဲ့ေၾကာင္း၊ ယခုအမႈကုိ ရဲတပ္ဖြဲ ့က စုံစမ္းစစ္ေဆးေနၿပီျဖစ္ေၾကာင္း အထက္ပါ ရဲအရာရွိက ေျပာဆုိခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ကိုလင္း
#Unicode Version#
အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့ရာမှာ ကလေးမရဲ့ မိခင်ကိုယ်တိုင် အလိုတူ အလိုပါ ပါဝင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

အသက် ၈ နှစ်အရွယ် ကလေးမဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မို့ချ်ဘဇားအရပ်ရှိ သူရဲ့နေအိမ်မှာ အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကာ အခင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး ကလေးရဲ့ ဖခင်က အင်္ဂါနေ့(ဖေဖော်ဝါရီ ၁၂) ညပိုင်းမှာ ရဲစခန်းကို လာရောက်အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ ယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ဖခင်ဖြစ်သူဟာ အလုပ်သဘာဝအရ နေအိမ်ကပ်ချိန် အင်မတန်နည်းတယ်လို့ ရဲက ဆိုပါတယ်။

“ လူအတော်များများ အထူးသဖြင့် အမျိုးသားတွေက သူ မရှိချိန်တွေမှာ သူတို့အိမ်ကို အလည်လာရောက်ပြီး သူ့မိန်းမကို တွေ့ကြလေ့ရှိပါတယ်” လို့ အမှုစစ်ရဲအရာရှိ ရာဂျစ် ဟူစိန်က ပြောပါတယ်။ ဒီလူတွေထဲမှာမှ မင်တူလို့အမည်ရတဲ့ အမျိုးသားဟာ ကလေးမလေးကို ကျူးလွန်စော်ကားနေခဲ့တာ သုံးလလောက်ရှိနေခဲ့ပြီဖြစ်ကြောင်း၊ ဒီဖြစ်စဉ်မှာ ယင်း အမျိုးသားက သမီးဖြစ်သူကို မုဒိမ်းကျင့်ဖို့အတွက် မိခင်ကိုယ်တိုင်က အကူအညီပေးခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ဖခင်ရဲ့ တိုင်ချက်ဖွင့်အပြီး မကြာခင်မှာပဲ မင်တူကို ရဲက ဖမ်းဆီးနိုင်ခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ တိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။ ကလေးမုဒိမ်းမှုတွေဟာ အလွန်ထိရှလွယ်တဲ့ ဖြစ်စဉ်တွေဖြစ်တာကြောင့် မိမိတို့အနေနဲ့ တရားခံတွေကို အချိန်မဆိုင်း ရှာဖွေဖမ်းဆီးခဲ့ကြောင်း၊ ယခုအမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ပြောဆိုခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:ကိုလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top