ပရိသတ္အခ်စ္ေတာ္ အႏုပညာရွင္စုံတြဲေလးျဖစ္တဲ့ သူရိယနဲ႔ ဆုအိမ့္စံ တို႔က ‘’ခ်စ္သူမ်ားေန႔’’ မွာ ေစ့စပ္လိုက္ၿပီလို႔ သိရပါတယ္။  ခ်စ္သူ သက္တမ္း ၂ ႏွစ္ေက်ာ္အၾကာမွာ ျပဳလုပ္ခဲ့တာပါ။သ႐ုပ္ေဆာင္ သူရိယ နဲ႔ သ႐ုပ္ေဆာင္ ဆုအိမ့္စံ တို႔ဟာ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ ေစ့စပ္ေၾကာင္းလမ္း လိုက္ၿပီလို႔ သူရိယက ေျပာပါတယ္။ သူတို႔ ခ်စ္သူ ႏွစ္ဦးဟာ ပရိသတ္အားက်ရတဲ့ စုံတြဲေလး တစ္တြဲဆိုရင္လည္း မမွားပါဘူး။

‘’Happy Our Valentine’s Day မင္းမဟုတ္တဲ့ အျခားအရာေတြနဲ႔ေတာ့ ဘဝ ကိုအိုမင္းမသြားခ်င္ဘူး။ဒီေန႔ ကြၽန္ေတာ္တို႔ ၂ ေယာက္ ေစ့စပ္လိုက္ပါၿပီ’’ ဆိုၿပီးေတာ့ သူရိယနဲ႔ ဆုအိမ့္စံ တို႔ရဲ႕ တရားဝင္ ေဖ့စ္ဘြတ္ Page ကေန ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ ညေန ၄ နာရီ ၅၆ မိနစ္က တင္ခဲ့တာျဖစ္ပါတယ္။


သူရိယနဲ႔ ဆုအိမ့္စံ တို႔ဟာ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၂၇ ရက္ေန႔က ခ်စ္သူသက္တမ္း ၂ ႏွစ္ ျပည့္ခဲ့ၾကတာျဖစ္ပါတယ္။ တရားဝင္ခ်စ္သူေတြ အျဖစ္ ပရိသတ္ကို အသိေပးခဲ့ၾကၿပီးတဲ့ ေနာက္မွာေတာ့ ပြဲေတြကို အတူတူ တက္ျဖစ္ေနတာေတြ႕ရပါတယ္။ ''အၿမဲတတြဲတြဲသြားျဖစ္တယ္ဆိုတာကလည္းအရမ္းခ်စ္လို႔ေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္အားတဲ့အခ်ိန္ဆိုရင္ သူ႔အနားကိုပဲသြားခ်င္တယ္။ တစ္ခုခု သြားစားမယ္ ဆိုလည္း ဆုဆု ေရသြားရေအာင္ ဆိုၿပီး အၿမဲတမ္းေတြ႕ေနရတာေလ တစ္ခါ တစ္ေလ နယ္သြားလို႔ ရွိရင္ ျပန္လာျဖစ္တယ္ ဆုဆုေရ ေတြ႕ခ်င္တယ္ဆိုၿပီးျပန္လာတာရွိတယ္ ဘာပဲျဖစ္ျဖစ္ ခ်စ္ေနလို႔အၿမဲတမ္းေတြ႕ျဖစ္တာေပါ့ '' လို႔ Duwun Media ကေန ေျပာျပခဲ့ပါတယ္။

ခ်စ္စရာေကာင္းတဲ့ စုံတြဲေလးေတြလည္း ျဖစ္သလို အႏုပညာရွင္ေတြလည္း ျဖစ္ၾကတဲ့ သူတို႔ ႏွစ္ဦးကို ခ်စ္ၾကတဲ့ ပရိသတ္ေတြက အမ်ားႀကီးပါ။ ဆုအိမ့္စံကို ေဖ့စ္ဘြတ္႐ြာ ႐ုပ္ရွင္ဇာတ္ကားႀကီးကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ သူရိယဟာ ငယ္ငယ္ကတည္းက အႏုပညာအလုပ္ေတြ ေဆာင္႐ြက္လာတာျဖစ္သလို ‘’စိန္ဘယက္’’ ေဆးေၾကာ္ျငာကေနတဆင့္ ပရိသတ္အားေပးမႈ ရရွိခဲ့သူ ျဖစ္ပါတယ္။


သ႐ုပ္ေဆာင္ သူရိယနဲ႔ ဆုအိမ့္စံတို႔ကေတာ့ေဖ့စ္ဘုတ္႐ြာ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အတူတြဲဖက္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဗီဒီယိုဇာတ္ကားေတြမွာလည္း အတူပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ လက္ရွိမွာေတာ့ သူတို႔ရဲ႕ အခ်စ္ေရးက ပိုမိုခိုင္မာလွ်က္ရွိၿပီးပရိသတ္ေတြကလည္း သူတို႔ ခ်စ္သူႏွစ္ဦးကို အားေပးႏွစ္သက္ၾကတာကို ေတြ႕ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#

ပရိသတ်အချစ်တော် အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်စံ တို့က ‘’ချစ်သူများနေ့’’ မှာ စေ့စပ်လိုက်ပြီလို့ သိရပါတယ်။  ချစ်သူ သက်တမ်း ၂ နှစ်ကျော်အကြာမှာ ပြုလုပ်ခဲ့တာပါ။သရုပ်ဆောင် သူရိယ နဲ့ သရုပ်ဆောင် ဆုအိမ့်စံ တို့ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စေ့စပ်ကြောင်းလမ်း လိုက်ပြီလို့ သူရိယက ပြောပါတယ်။ သူတို့ ချစ်သူ နှစ်ဦးဟာ ပရိသတ်အားကျရတဲ့ စုံတွဲလေး တစ်တွဲဆိုရင်လည်း မမှားပါဘူး။


‘’Happy Our Valentine’s Day မင်းမဟုတ်တဲ့ အခြားအရာတွေနဲ့တော့ ဘဝ ကိုအိုမင်းမသွားချင်ဘူး။ဒီနေ့ ကျွန်တော်တို့ ၂ ယောက် စေ့စပ်လိုက်ပါပြီ’’ ဆိုပြီးတော့ သူရိယနဲ့ ဆုအိမ့်စံ တို့ရဲ့ တရားဝင် ဖေ့စ်ဘွတ် Page ကနေ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၅၆ မိနစ်က တင်ခဲ့တာဖြစ်ပါတယ်။

သူရိယနဲ့ ဆုအိမ့်စံ တို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က ချစ်သူသက်တမ်း ၂ နှစ် ပြည့်ခဲ့ကြတာဖြစ်ပါတယ်။ တရားဝင်ချစ်သူတွေ အဖြစ် ပရိသတ်ကို အသိပေးခဲ့ကြပြီးတဲ့ နောက်မှာတော့ ပွဲတွေကို အတူတူ တက်ဖြစ်နေတာတွေ့ရပါတယ်။ ''အမြဲတတွဲတွဲသွားဖြစ်တယ်ဆိုတာကလည်းအရမ်းချစ်လို့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်အားတဲ့အချိန်ဆိုရင် သူ့အနားကိုပဲသွားချင်တယ်။ တစ်ခုခု သွားစားမယ် ဆိုလည်း ဆုဆု ရေသွားရအောင် ဆိုပြီး အမြဲတမ်းတွေ့နေရတာလေ တစ်ခါ တစ်လေ နယ်သွားလို့ ရှိရင် ပြန်လာဖြစ်တယ် ဆုဆုရေ တွေ့ချင်တယ်ဆိုပြီးပြန်လာတာရှိတယ် ဘာပဲဖြစ်ဖြစ် ချစ်နေလို့အမြဲတမ်းတွေ့ဖြစ်တာပေါ့ '' လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ စုံတွဲလေးတွေလည်း ဖြစ်သလို အနုပညာရှင်တွေလည်း ဖြစ်ကြတဲ့ သူတို့ နှစ်ဦးကို ချစ်ကြတဲ့ ပရိသတ်တွေက အများကြီးပါ။ ဆုအိမ့်စံကို ဖေ့စ်ဘွတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူရိယဟာ ငယ်ငယ်ကတည်းက အနုပညာအလုပ်တွေ ဆောင်ရွက်လာတာဖြစ်သလို ‘’စိန်ဘယက်’’ ဆေးကြော်ငြာကနေတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမိုခိုင်မာလျှက်ရှိပြီးပရိသတ်တွေကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top