စိုင္းစည္တြမ္ခမ္း ခပ္ေခ်ာခ်ာ ႐ွမ္းတိုင္းရင္းသားေလးတစ္ေယာက္ကို ေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ။ Cele ရပ္ကြက္နဲ႔အင္တာဗ်ဴးတစ္ခုမွာ သူေျပာျပသြားတဲ့ သူရဲ႔လတ္တေလာလႈပ္ရွားမႈေလးေတြကို ေျပာျပသြားခဲ့ပါတယ္။ သူဘာေတြေျပာျပသြားလဲဆိုတာကို ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးကို ေျပာျပေပးလိုက္ပါတယ္ေနာ္။

အလုပ္ေတြမ်ားတယ္ဆိုတဲ့ေမးခြန္းကို “ အမ်ားႀကီးမ႐ိွမပါဘူး ၊စားေသာက္ဆိုင္ေလးဖြင့္တယ္ အဲ့ေလာက္ပါပဲ။ က်ေနာ္ရန္ကုန္ေဝဇယႏၱာလမ္းေတာာင္ဥကၠလာမွာ စားေသာက္ဆိုင္တန္းလိုမ်ိဳးေလးဖြင့္ထားတယ္။၁၀ဆိုင္ေက်ာ္ေက်ာ္႐ိွတယ္။ စားစရာေသာက္စရာအစံု႐ိွတယ္။ လား႐ိႈးညေစ်းလို႔ေခၚပါတယ္။ လာၾကည့္ၾကပါလို႔ဖိတ္ေခၚပါတယ္။ အလုပ္ကေတာ့လုပ္ရတာေပါ့ ။အခ်ိန္တန္ရင္အိမ္ေထာင္ျပဳရမွာေပါ့ေနာ္။ သူငယ္ခ်င္းေတြလညး္စြံသြားတာမနည္းဘူးေလ။ ကိုယ္လည္းဒါေၾကာင့္ က်ည္ဆန္ျဖည့္ထားရတာေပါ့ သားေကာင္ေတြ႕ရင္ပစ္ရေအာင္လို႔။


လူကေတာ့အလုပ္လုပ္ရမွာပဲ ေယာက္်ားေလးဆိုပိုလုပ္ရမွာေပါ့။ ေနာက္က်ရင္ သားေကၽြးမယားေကၽြး႐ိွတယ္ေလ လုပ္ရမွာေပါ့ ။ က်ေနာ္ေနာက္တာပါ။ အလုပ္ကေတာ့ေရ႐ွည္သြားႏိုင္မယ့္အလုပ္ကိုေ႐ြးပါတယ္။ ဒီအႏုပညာအလုပ္ကိုလည္း ကိုယ္ႏိုင္သေလာက္ ကိုယ္အရြယ္႐ိွသေလာက္ႏိုင္သေလာက္လုပ္ပါတယ္။ မွ်ၿပီးလုပ္ရတာေပါ့ ။ အခ်ိန္ကေတာ့နည္းနည္းေလ်ာ့သြားတာေပါ့။ လုပ္ႏိုင္တဲ့အေပၚမွာအေကာင္းဆံုးကိုယ္လုပ္ႏိုင္တဲ့ဟာကိုေရြးၿပီးလုပ္ရတာေပါ့။

ခ်စ္သူမ်ားေန႔မွာဘာလုပ္မလဲဆိုတဲ့ေမးခြန္းကိုလည္း “ဘာမွမ႐ိွဘူး သူမ်ားမုန္႔ေကၽြးရင္စားမယ္ ၊ မေကၽြးရင္ကုိယ့္ဘာသာကိုယ္ဝယ္စားမယ္။ လို႔ေျပာသြားခဲ့ၿပီး ခ်စ္သူေကၽြးတဲ့ေခ်ာကလက္စားရလားဆိုတဲ့ေမးခြန္းကိုလည္း “ခ်စ္သူေကၽြးတာလည္းစားရပါတယ္ ဒါေပမယ့္ ငတ္တလွည့္ျပတ္တလွည့္ေပါ့(ရယ္လ်က္)ေျပာသြားခဲ့႐ံုသာမကဘဲ ပရိသတ္ေတြအတြက္လည္းဆုမြန္ေကာင္းေတြေတာင္းေပးသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nanmalgyi

#Unicode Version#


စိုင်းစည်တွမ်ခမ်း ခပ်ချောချာ ရှမ်းတိုင်းရင်းသားလေးတစ်ယောက်ကို တော်တော်များများ သိကြမှာပါ။ Cele ရပ်ကွက်နဲ့အင်တာဗျူးတစ်ခုမှာ သူပြောပြသွားတဲ့ သူရဲ့လတ်တလောလှုပ်ရှားမှုလေးတွေကို ပြောပြသွားခဲ့ပါတယ်။ သူဘာတွေပြောပြသွားလဲဆိုတာကို ပြောချင်လွန်းလို့ပရိသတ်ကြီးကို ပြောပြပေးလိုက်ပါတယ်နော်။

အလုပ်တွေများတယ်ဆိုတဲ့မေးခွန်းကို “ အများကြီးမရှိမပါဘူး ၊စားသောက်ဆိုင်လေးဖွင့်တယ် အဲ့လောက်ပါပဲ။ ကျနော်ရန်ကုန်ဝေဇယန္တာလမ်းတောာင်ဥက္ကလာမှာ စားသောက်ဆိုင်တန်းလိုမျိုးလေးဖွင့်ထားတယ်။၁၀ဆိုင်ကျော်ကျော်ရှိတယ်။ စားစရာသောက်စရာအစုံရှိတယ်။ လားရှိုးညဈေးလို့ခေါ်ပါတယ်။ လာကြည့်ကြပါလို့ဖိတ်ခေါ်ပါတယ်။ အလုပ်ကတော့လုပ်ရတာပေါ့ ။အချိန်တန်ရင်အိမ်ထောင်ပြုရမှာပေါ့နော်။ သူငယ်ချင်းတွေလည်းစွံသွားတာမနည်းဘူးလေ။ ကိုယ်လည်းဒါကြောင့် ကျည်ဆန်ဖြည့်ထားရတာပေါ့ သားကောင်တွေ့ရင်ပစ်ရအောင်လို့။

လူကတော့အလုပ်လုပ်ရမှာပဲ ယောက်ျားလေးဆိုပိုလုပ်ရမှာပေါ့။ နောက်ကျရင် သားကျွေးမယားကျွေးရှိတယ်လေ လုပ်ရမှာပေါ့ ။ ကျနော်နောက်တာပါ။ အလုပ်ကတော့ရေရှည်သွားနိုင်မယ့်အလုပ်ကိုရွေးပါတယ်။ ဒီအနုပညာအလုပ်ကိုလည်း ကိုယ်နိုင်သလောက် ကိုယ်အရွယ်ရှိသလောက်နိုင်သလောက်လုပ်ပါတယ်။ မျှပြီးလုပ်ရတာပေါ့ ။ အချိန်ကတော့နည်းနည်းလျော့သွားတာပေါ့။ လုပ်နိုင်တဲ့အပေါ်မှာအကောင်းဆုံးကိုယ်လုပ်နိုင်တဲ့ဟာကိုရွေးပြီးလုပ်ရတာပေါ့။

ချစ်သူများနေ့မှာဘာလုပ်မလဲဆိုတဲ့မေးခွန်းကိုလည်း “ဘာမှမရှိဘူး သူများမုန့်ကျွေးရင်စားမယ် ၊ မကျွေးရင်ကိုယ့်ဘာသာကိုယ်ဝယ်စားမယ်။ လို့ပြောသွားခဲ့ပြီး ချစ်သူကျွေးတဲ့ချောကလက်စားရလားဆိုတဲ့မေးခွန်းကိုလည်း “ချစ်သူကျွေးတာလည်းစားရပါတယ် ဒါပေမယ့် ငတ်တလှည့်ပြတ်တလှည့်ပေါ့(ရယ်လျက်)ပြောသွားခဲ့ရုံသာမကဘဲ ပရိသတ်တွေအတွက်လည်းဆုမွန်ကောင်းတွေတောင်းပေးသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top