iMyanmarHouse.com - Best Property Website for Myanmar
×


အူဝဲနဲ႔ တီတီိိလို႔ခ်စ္စနုိးေခၚၾကတဲ့ ေျပတီဦးနဲ႔အိျႏၵာေက်ာ္ဇင္တို႔စံုတြဲေလးဟာ အၾကိမ္ေရမနည္းတဲ့ လက္ထပ္ပြဲေတြျခိမ့္ျခိမ့္သဲဆင္ႏႊဲျပီးေနာက္မွာ နွစ္ေပါင္းမ်ားစြာၾကာေအာင္ တစ္ေယာက္နဲ႔တစ္ေယာက္အေပးအယူမွ်တစြာနဲ႔ သားသမီးေတြနဲ႔အတူသာယာေပ်ာ္ရႊင္တဲ့အိိမ္ေထာင္ေရးေလးကုိတည္ေဆာက္ထားနုိင္ၾကတာျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္က မၾကာေသးမီက အင္တာဗ်ဴးတစ္ခုမွာ တီတီနဲ႔အိမ္ေထာင္ေရးအေၾကာင္းတစ္ေစ့တစ္ေစာင္းေျပာျပသြားခဲ့ျပီး လက္ရွိအနုပညာလႈပ္ရွားမႈေတြကုိလည္းေျပာျပသြားခဲ့ပါတယ္။

အိျႏၵာေက်ာ္ဇင္က လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းကို “အခုက ထူးပုိင္ေဇာ္ဦးရဲ႕ လရဲ႕ေအာက္ဘက္မုိင္အေဝးမွာ အဲဒါ စဝင္ျပီေပါ့ေနာ္။ အဲဒါျပီးရင္ ေနာက္တစ္ကားရိုက္ဖို႔ရွိပါတယ္။ ဆရာမဂ်ဴးရဲ႕ ဝတၳဳကုိအရမ္းၾကိဳက္တယ္။ ကုိယ္သရုပ္ေဆာင္ရမယ့္ ဇာတ္ေကာာင္ေနရာကုိလည္းသေဘာက်တယ္။အဲဒါေၾကာင့္မုိ႔လက္ခံျဖစ္တာပါ။ ဆရာမဂ်ဴးကေတာ့အရမ္းၾကိဳက္တဲ့စာေရးဆရာမပဲ။ ငယ္ငယ္ကတည္းက အရမ္းၾကိဳက္တာ။ ဆရာမဝတၳဳေတြကုိ ဘယ္ေတာ့မွမလြတ္ဘူး။ အျမဲတမ္းဖတ္ျဖစ္တယ္။ တကယ့္ ဆရာမရဲ႕big fan ေပါ့”လို႔ ေျပာျပထားပါတယ္။

ခ်စ္သူမ်ားေန႔မွာ surprise ေတြဘာေတြလုပ္ဖို႔ရွိလားဆိုတဲ့ေမးခြန္းကုိ အူဝဲက “ဘယ္လုိေခၚမလဲ အဲလိုမ်ိဳးက လူငယ္ေတြအတြက္က ေခါင္းထဲမွာပုိရွိၾကတယ္။ အခ်ိန္လည္းေပးနုိင္ၾကတယ္။ ကုိယ္ေတြကေတာ့ လုပ္ငန္းခြင္ဝင္ေနၾကတဲ့လူေတြအတြက္ကေတာ့ အခ်စ္ေတြက အျမဲတမ္းရွိေနတာပါပဲ။ ဒါေပမယ့္ အမွတ္တရေတြဘာေတြလုပ္တာက်ေတာ့လည္း ဒီအသက္အရြယ္ေတြက သိပ္မရွိေတာ့ပါဘူး”လို႔ ေျဖၾကားထားပါတယ္။

ေျပတီဦးကုိ လက္ေဆာင္ေတြဘာေတြေပးဖို႔ေရာ မရွိဘူးလားလို႔အေမးခံလိုက္ရဲ့အခါ အူဝဲက မ်က္လံုးေလးျပဴးေခါင္းေလးခါျပီးမွ “ရန္မတုိက္နဲ႔ေနာ္.. မရွိဘူး။ မရွိဘူးဆိုတာ သူလည္းအလုပ္ကုိယ္လည္းအလုပ္နဲ႔ဆိုေတာ့ေလ။ ေလာေလာဆယ္အစီအစဥ္ကေတာ့ဘာမွမရွိၾကဘူး။ မိသားစု ညဘက္အားရင္ေတာ့ မိသားစုေလးဒင္နာသြားစားတာေလးဘာေလး အဲ့လိုေလးေလာက္ကေတာ့ ရွိပါတယ္”လို႔ ရယ္ေမာရင္းေျပာျပထားပါတယ္။

ခ်စ္သူဘဝကုိသတိရတာေတြဘာေတြလည္းမရွိေၾကာင္း “အဲ့လိုသတိရတာေတြဘာေတြေတာ့မရွိပါဘူး။မိသားစုဘဝေလးရလာျပီဆိုေတာ့ မိသားစုဘဝပဲေခါင္းထဲရွိပါတယ္။ ခ်စ္သူဘဝေတြဘာေတြသိပ္မစဥ္းစားျဖစ္ဘူး။ ကဲ..ေတာ္ပါျပီ ဘာေတြေမးေနတာတုန္း”လို႔ ခ်စ္စဖြယ္ေအာ္ဟစ္ရင္းေျဖၾကားသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ အူဝဲနဲ႔တီတိီတို႔မိသားစုေလးကုိခ်စ္ၾကလား။ေျပတီဦးနဲ႔အိျႏၵာေက်ာ္ဇင္ရဲ႕ ေနာက္ထပ္အနုပညာလႈပ္ရွားမႈေတြကုိေရာ ဆက္လက္အားေပးသြားၾကမွာလား။ တီတီနဲ႔အူဝဲလိုခ်စ္ဖုိ႔ေကာင္းတဲ့မိသားစုေလးေရာ ပိုင္ဆိုင္ထားျပီလား။ ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

အူဝဲနဲ့ တီတီလို့ချစ်စနိုးခေါ်ကြတဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့စုံတွဲလေးဟာ အကြိမ်ရေမနည်းတဲ့ လက်ထပ်ပွဲတွေခြိမ့်ခြိမ့်သဲဆင်နွှဲပြီးနောက်မှာ နှစ်ပေါင်းများစွာကြာအောင် တစ်ယောက်နဲ့တစ်ယောက်အပေးအယူမျှတစွာနဲ့ သားသမီးတွေနဲ့အတူသာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကိုတည်ဆောက်ထားနိုင်ကြတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က မကြာသေးမီက အင်တာဗျူးတစ်ခုမှာ တီတီနဲ့အိမ်ထောင်ရေးအကြောင်းတစ်စေ့တစ်စောင်းပြောပြသွားခဲ့ပြီး လက်ရှိအနုပညာလှုပ်ရှားမှုတွေကိုလည်းပြောပြသွားခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်က လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “အခုက ထူးပိုင်ဇော်ဦးရဲ့ လရဲ့အောက်ဘက်မိုင်အဝေးမှာ အဲဒါ စဝင်ပြီပေါ့နော်။ အဲဒါပြီးရင် နောက်တစ်ကားရိုက်ဖို့ရှိပါတယ်။ ဆရာမဂျူးရဲ့ ဝတ္ထုကိုအရမ်းကြိုက်တယ်။ ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ကောာင်နေရာကိုလည်းသဘောကျတယ်။အဲဒါကြောင့်မို့လက်ခံဖြစ်တာပါ။ ဆရာမဂျူးကတော့အရမ်းကြိုက်တဲ့စာရေးဆရာမပဲ။ ငယ်ငယ်ကတည်းက အရမ်းကြိုက်တာ။ ဆရာမဝတ္ထုတွေကို ဘယ်တော့မှမလွတ်ဘူး။ အမြဲတမ်းဖတ်ဖြစ်တယ်။ တကယ့် ဆရာမရဲ့big fan ပေါ့”လို့ ပြောပြထားပါတယ်။

ချစ်သူများနေ့မှာ surprise တွေဘာတွေလုပ်ဖို့ရှိလားဆိုတဲ့မေးခွန်းကို အူဝဲက “ဘယ်လိုခေါ်မလဲ အဲလိုမျိုးက လူငယ်တွေအတွက်က ခေါင်းထဲမှာပိုရှိကြတယ်။ အချိန်လည်းပေးနိုင်ကြတယ်။ ကိုယ်တွေကတော့ လုပ်ငန်းခွင်ဝင်နေကြတဲ့လူတွေအတွက်ကတော့ အချစ်တွေက အမြဲတမ်းရှိနေတာပါပဲ။ ဒါပေမယ့် အမှတ်တရတွေဘာတွေလုပ်တာကျတော့လည်း ဒီအသက်အရွယ်တွေက သိပ်မရှိတော့ပါဘူး”လို့ ဖြေကြားထားပါတယ်။

ပြေတီဦးကို လက်ဆောင်တွေဘာတွေပေးဖို့ရော မရှိဘူးလားလို့အမေးခံလိုက်ရဲ့အခါ အူဝဲက မျက်လုံးလေးပြူးခေါင်းလေးခါပြီးမှ “ရန်မတိုက်နဲ့နော်.. မရှိဘူး။ မရှိဘူးဆိုတာ သူလည်းအလုပ်ကိုယ်လည်းအလုပ်နဲ့ဆိုတော့လေ။ လောလောဆယ်အစီအစဉ်ကတော့ဘာမှမရှိကြဘူး။ မိသားစု ညဘက်အားရင်တော့ မိသားစုလေးဒင်နာသွားစားတာလေးဘာလေး အဲ့လိုလေးလောက်ကတော့ ရှိပါတယ်”လို့ ရယ်မောရင်းပြောပြထားပါတယ်။

ချစ်သူဘဝကိုသတိရတာတွေဘာတွေလည်းမရှိကြောင်း “အဲ့လိုသတိရတာတွေဘာတွေတော့မရှိပါဘူး။မိသားစုဘဝလေးရလာပြီဆိုတော့ မိသားစုဘဝပဲခေါင်းထဲရှိပါတယ်။ ချစ်သူဘဝတွေဘာတွေသိပ်မစဉ်းစားဖြစ်ဘူး။ ကဲ..တော်ပါပြီ ဘာတွေမေးနေတာတုန်း”လို့ ချစ်စဖွယ်အော်ဟစ်ရင်းဖြေကြားသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော အူဝဲနဲ့တီတီတို့မိသားစုလေးကိုချစ်ကြလား။ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးသွားကြမှာလား။ တီတီနဲ့အူဝဲလိုချစ်ဖို့ကောင်းတဲ့မိသားစုလေးရော ပိုင်ဆိုင်ထားပြီလား။ ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top