စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


ခ်ီလီႏိုင္ငံေျမာက္ပိုင္း အတာကာမာ ကႏာၱရရဲ႕ ကမ္း႐ုိးတန္းမွာရွိတဲ့ ဘာဟီယာ အင္ဂေလစာ ရြာေလးရဲ႕ ကမ္းေျခမွာ ေထာင္နဲ႔ခ်ီတဲ့ ကင္းမြန္ေတြ ေသာင္တင္ခဲ့ပါတယ္။ဒါေၾကာင့္ ခရီးသြားလုပ္ငန္း ထြန္းကားရာ အဓိကေနရာမွာ ပတ္ဝန္းက်င္ ညစ္ညမ္းမႈအတြက္ စိုးရိမ္ေနၾကပါတယ္။ ဒါမ်ိဳး အရင္က တခါမွ မျဖစ္ဖူးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အာဏာပိုင္ေတြက အေျခအေနကို စံုစမ္းစစ္ေဆးေနၿပီး ေဒသခံေတြ ဒီကင္းမြန္ေတြကို မစားဖို႔လည္း သတိေပးထားပါတယ္။ကင္းမြန္ အေသေတြေၾကာင့္ ေဒသခံေတြရဲ႕ အဓိက စီးပြားေရးလုပ္ငန္းျဖစ္တဲ့ ငါးဖမ္းလုပ္ငန္းကို ထိခိုက္မွာလည္း စိုးရိမ္ေနၾကပါတယ္။

ဒီေဒသဟာ ခ်ီလီႏိုင္ငံအတြက္ ေႏြရာသီ အပန္းေျဖ စခန္းသာရြာပါ။ လွပတဲ့ ကမ္းေျခေတြေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ လူေတြ လာေရာက္ အပန္းေျဖေလ့ ရွိပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#

ချီလီနိုင်ငံမြောက်ပိုင်း အတာကာမာ ကန္တာရရဲ့ ကမ်းရိုးတန်းမှာရှိတဲ့ ဘာဟီယာ အင်ဂလေစာ ရွာလေးရဲ့ ကမ်းခြေမှာ ထောင်နဲ့ချီတဲ့ ကင်းမွန်တွေ သောင်တင်ခဲ့ပါတယ်။ဒါကြောင့် ခရီးသွားလုပ်ငန်း ထွန်းကားရာ အဓိကနေရာမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုအတွက် စိုးရိမ်နေကြပါတယ်။ ဒါမျိုး အရင်က တခါမှ မဖြစ်ဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်တွေက အခြေအနေကို စုံစမ်းစစ်ဆေးနေပြီး ဒေသခံတွေ ဒီကင်းမွန်တွေကို မစားဖို့လည်း သတိပေးထားပါတယ်။ကင်းမွန် အသေတွေကြောင့် ဒေသခံတွေရဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းကို ထိခိုက်မှာလည်း စိုးရိမ်နေကြပါတယ်။

ဒီဒေသဟာ ချီလီနိုင်ငံအတွက် နွေရာသီ အပန်းဖြေ စခန်းသာရွာပါ။ လှပတဲ့ ကမ်းခြေတွေကြောင့် ထောင်နဲ့ချီတဲ့ လူတွေ လာရောက် အပန်းဖြေလေ့ ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top