ကၽြန္ေတာ့္ေမြးဌာနီ၊ က်ေနာ္မမပုသိမ္သူ စတဲ့သီခ်င္းႀကီးေတြကေနစၿပီး အိႏၵိယေကာ္ပီသံစဥ္ေတြအထိ အသံအားေကာင္းေကာင္းနဲ႔ဂီတေရစီးေၾကာင္းမွာအားေကာင္းေကာင္းစီးဆင္းခဲ့သူျဖစ္ေပမယ့္ ပရိသတ္ေတြမ်က္စိေအာက္ကေနအတန္ၾကာေပ်ာက္ေနခဲ့တဲ့ အဆုိေတာ္ပိုးအိစံ ကိုပရိသတ္ေတာ္ေတာ္မ်ားမ်ားမွတ္မိဦးမယ္ထင္ပါတယ္။ အခုသူျပန္လာပါၿပီ ဆိုေတာ့ သူရဲ႕လႈပ္႐ွားမႈေတြကို အင္တာဗ်ဴးတစ္ခုမွာေျပာျပသြားတာေတြကို ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးသိေအာင္ ျပန္ေျပာျပေပးလိုက္ပါတယ္ေနာ္။

တစ္ၿပိဳင္တည္း(၇)ေခြထြက္ျဖစ္တဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီးေတာ့ “ ပိုက္ဆံခ်မ္းသာတာေတာ့မဟုတ္ပါဘူး ၊ စီးရီးခ်မ္းသာပါတယ္။ မမ ကတစ္ႏွစ္ကိုတစ္ေခြထုတ္မယ္ဆိုရင္ေတာင္ ၆၀ ေလာက္ထုတ္ယူရမွာေလ။ေနာက္ၿပီးေတာ့ ဒီလိုမ်ိဳးထုတ္လိုက္တာက ပိုၿပီးေတာ့အဆင္ေျပမယ္ေလ။ေနာက္ႏွစ္၆၀ဆို႐ိွခ်င္မွလည္း႐ိွမယ္ေနာ္ အဲ့တာေၾကာင့္လည္းပါတယ္။ သီခ်င္းအေဟာင္းေတြေရာအသစ္ေတြေရာပါပါတယ္။DVD ေခြက ၂ ေခြ Discက(၅)ေခြပါ။ DVD ၂ေခြက မမရဲ႕Live Show ဒုတိယပိုင္းနဲ႕တတိယပိုင္းပါ။ က်န္တဲ့၅ေခြကေတာ့ Audio CDပါ။ ျဖန္ခ်ိေရးကလည္းမမတို႔ရဲ႕စံ ျဖန္႔ခ်ိေရးကပါပဲ။ပရိသတ္ေတြကေတာ့ ၇ေခြတြဲေတြပဲမွာတာမ်ားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ပထမဆံုး၇ေခြတြဲျဖစ္လာမလားဆိုတဲ့အေပၚမွာလည္း “ ဂီတေလာကမွာလည္းမ႐ိွခဲ့ဘူးထင္ပါတယ္။မမ ပထမဦးဆံုးပါပဲ။ ေစာေစာကေျပာခဲ့သလိုပဲ မမက စီးရီးသူေဌးေလ(ရယ္လ်က္) ႏွစ္၆၀ေလာက္ထုတ္ေနရမယ့္အစား မလည္း႐ိွခ်င္မွလည္း႐ိွေတာ့မယ္ေလဆိုေတာ့ အစ္မ႐ိွတဲ့အခ်ိန္ေလးမွာ ျမန္ျမန္ေလးထုတ္လိုက္တာပါ။စီးရီးေတြကေနာက္မွာႁပြတ္ေနတယ္။အဲ့တာေၾကာင့္ပါ။ ေနာက္ထြက္လာမယ့္ ေခြကလည္း ၆ေခြတြဲေတြျဖစ္ရင္ျဖစ္မယ္ ၊၅ေခြတြဲေတြျဖစ္ရင္ျဖစ္မယ္ အဲ့လိုပဲဆက္တုိက္ထုတ္ေတာ့မယ္။ ဆိုၿပီးေျပာျပခဲ့ပါတယ္။

ကဲ ပိုးအိစံ ကိုခ်စ္တဲ့ပရိသတ္ႀကီးေရ ပိုးအိစံက အခု၇ေခြတြဲၿပီးရင္ေနထပ္ေခြအတြဲေတြလည္းထြက္လာဦးမွာတဲ့ေနာ္။ အားေပးၾကမယ္မဟုတ္လား ။ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာဘယ္လိုလဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျွန်တော့်မွေးဌာနီ၊ ကျနော်မမပုသိမ်သူ စတဲ့သီချင်းကြီးတွေကနေစပြီး အိန္ဒိယကော်ပီသံစဉ်တွေအထိ အသံအားကောင်းကောင်းနဲ့ဂီတရေစီးကြောင်းမှာအားကောင်းကောင်းစီးဆင်းခဲ့သူဖြစ်ပေမယ့် ပရိသတ်တွေမျက်စိအောက်ကနေအတန်ကြာပျောက်နေခဲ့တဲ့ အဆိုတော်ပိုးအိစံ ကိုပရိသတ်တော်တော်များများမှတ်မိဦးမယ်ထင်ပါတယ်။ အခုသူပြန်လာပါပြီ ဆိုတော့ သူရဲ့လှုပ်ရှားမှုတွေကို အင်တာဗျူးတစ်ခုမှာပြောပြသွားတာတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင် ပြန်ပြောပြပေးလိုက်ပါတယ်နော်။

တစ်ပြိုင်တည်း(၇)ခွေထွက်ဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ “ ပိုက်ဆံချမ်းသာတာတော့မဟုတ်ပါဘူး ၊ စီးရီးချမ်းသာပါတယ်။ မမ ကတစ်နှစ်ကိုတစ်ခွေထုတ်မယ်ဆိုရင်တောင် ၆၀ လောက်ထုတ်ယူရမှာလေ။နောက်ပြီးတော့ ဒီလိုမျိုးထုတ်လိုက်တာက ပိုပြီးတော့အဆင်ပြေမယ်လေ။နောက်နှစ်၆၀ဆိုရှိချင်မှလည်းရှိမယ်နော် အဲ့တာကြောင့်လည်းပါတယ်။ သီချင်းအဟောင်းတွေရောအသစ်တွေရောပါပါတယ်။DVD ခွေက ၂ ခွေ Discက(၅)ခွေပါ။ DVD ၂ခွေက မမရဲ့Live Show ဒုတိယပိုင်းနဲ့တတိယပိုင်းပါ။ ကျန်တဲ့၅ခွေကတော့ Audio CDပါ။ ဖြန်ချိရေးကလည်းမမတို့ရဲ့စံ ဖြန့်ချိရေးကပါပဲ။ပရိသတ်တွေကတော့ ၇ခွေတွဲတွေပဲမှာတာများပါတယ်။

မြန်မာနိုင်ငံရဲ့ပထမဆုံး၇ခွေတွဲဖြစ်လာမလားဆိုတဲ့အပေါ်မှာလည်း “ ဂီတလောကမှာလည်းမရှိခဲ့ဘူးထင်ပါတယ်။မမ ပထမဦးဆုံးပါပဲ။ စောစောကပြောခဲ့သလိုပဲ မမက စီးရီးသူဌေးလေ(ရယ်လျက်) နှစ်၆၀လောက်ထုတ်နေရမယ့်အစား မလည်းရှိချင်မှလည်းရှိတော့မယ်လေဆိုတော့ အစ်မရှိတဲ့အချိန်လေးမှာ မြန်မြန်လေးထုတ်လိုက်တာပါ။စီးရီးတွေကနောက်မှာပြွတ်နေတယ်။အဲ့တာကြောင့်ပါ။ နောက်ထွက်လာမယ့် ခွေကလည်း ၆ခွေတွဲတွေဖြစ်ရင်ဖြစ်မယ် ၊၅ခွေတွဲတွေဖြစ်ရင်ဖြစ်မယ် အဲ့လိုပဲဆက်တိုက်ထုတ်တော့မယ်။ ဆိုပြီးပြောပြခဲ့ပါတယ်။

ကဲ ပိုးအိစံ ကိုချစ်တဲ့ပရိသတ်ကြီးရေ ပိုးအိစံက အခု၇ခွေတွဲပြီးရင်နေထပ်ခွေအတွဲတွေလည်းထွက်လာဦးမှာတဲ့နော်။ အားပေးကြမယ်မဟုတ်လား ။ပြောချင်လွန်းလို့ပရိသတ်ကြီးရောဘယ်လိုလဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi











 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top