စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် (၆) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×
Credit: nanmalgyi
#Unicode Version# ဖြင့်ဖတ်ပါ ။
နောက်ပိုင်း ဟာသဇာတ်ရုပ်တွေနဲ့မြင်ရတာများလာတာတဲ့ သရုပ်ဆောင် ကျော်ရဲအောင် က သူအကယ်ဒမီပွဲတက်ဖြစ်မတက်ဖြစ်နဲ့သူရဲ့လှုပ်ရှားမှုတွေကိုTrend Myanmar နဲ့အင်တာဗျူးမှာပြောပြသွားတာတွေရှိပါတယ်။ အဲ့ဒီအကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင်ပြောလိုက်ပါတယ်နော်။
ဒီနှစ်အကယ်ဒမီပွဲတက်ဖြစ်မှာလားဆိုတဲ့မေးခွန်းနဲ့အကယ်ဒမီရင်ခုန်သံကို “ ဒီနှစ်ကတော့ တက်ဖြစ်မှာပါ ။ ကျနော်အကယ်ဒမီပွဲမတက်ဖြစ်ဘူးဆိုတာက ကျနော်ခြေထောက်ကိုအကြာကြီးအောင်ချထားလို့မရဘူး။သွေးကျတယ်။အဲ့တာကြောင့်ထိုင်ခုံမှာတင်ပြင်ခွေကြီးထိုင်နေလို့လည်းမကောင်းဘူး မသင့်တော်ဘူး  ။ခြေထောက်ကြီးတန်းလန်းထားလည်းမရဘူး။အဲ့တာကြောင့်မလာဖြစ်တာဗျ။ ကျနော့်အနေနဲ့ကတော့ရင်ခုန်စရာမရှိပါဘူး ။ဘာဖြစ်လို့လဲဆိုတော့ ကျနော်အနေနဲ့ ရုပ်ရှင်ကားလည်းသိပ်မရှိသလို ဟသကားတွေပဲရိုက်ဖြစ်လိုက်တာရှိတယ် သိပ်ကောင်းကောင်းမွန်မွန်ကားကြီးရိုက်ဖြစ်လိုက်တာမရှိဘူး။ အကယ်ဒမီရဖို့ကြားတာကတော့တော်တော်များများကိုကြားပါတယ်။တော်တဲ့သူတွေရကြမှာ ။ ရကြပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်။”ပြီးပြောပြသွားခဲ့ပါတယ်။
ဇာတ်လမ်းသိပ်မရိုက်ဖြစ်တော့တဲ့အကြောင်းကိုလည်း “ကျနော်နားတယ်ရယ်လိုတော့မဟုတ်ဘူး ရိုက်တော့ရိုက်ဖြစ်ပါတယ်။ ၃လမှတစ်ကားတို့၂ လမှတကားလောက်တို့ ကျနော်အဲ့ဒီလိုရိုက်ဖြစ်တယ်။ရိုက်ထားတယ်။မတင်ဖြစ်သေးလို့။”ဆိုပြီးပြောပြသွားတဲ့အပြင် ဇာတ်လမ်းတွဲရိုက်လာတဲ့အပေါ်မှာလည်း “ဇာတ်လမ်းတွဲတွေကတကယ်ကောင်းရင်တော့ကောင်းပါတယ်။ အခုဇာတ်လမ်းတွဲတွေရိုက်နေတာတွေ့တယ်။တချို့ဆိုရင်လည်းပြီးတောင်မပြီးသေးဘူး ရပ်သွားရတဲ့ဇာတ်လမ်းတွဲတွေတွေ့ဖူးတယ်။အခုကတော့ ဇာတ်လမ်းတွဲကို အပြိုင်အဆိုင်တင်ကြရတာလေ။ ပရိသတ်စိတ်ဝင်စားတဲ့ဟာမျိုးမှသူတို့ရိုက်ကြတယ်။ ကောင်းပါတယ်ကျနော်ကတော့ ဒီဘက်အပြိုင်အဆိုင်ဖြစ်လာတာကိကြိုက်တယ်။ပညာရှင်တွေများများပေါ်လာလေလေဇာတ်လမ်းကောင်းတွထွက်လာလေဖြစ်မှာပါ။ဒီဘက်ခေတ်မှာ ဗီဒီယို မရှိတဲ့အတွက် ဇာတ်လမ်းတွဲတွေက ထရိန်နင်ပေါ့ဗျာ ကလေးတွေအတွက်ကောင်းပါတယ်။ ရုပ်ရှင်ကားကြီးစရိုက်တဲ့ဟာလေးတွေမှာ နည်းနည်းပါးပါးအခက်အခဲလေးတွေရှိတာပေါ့။အဲ့ဒီလိုဗီဒီယိုလေးတွေဇာတ်လမ်းတွဲလေးတွေကများများရိုက်လေကောင်းလေပါပဲ။ကျနော်တို့လည်းဗီဒီယိုနဲ့ကြီးပြင်းလာရတာပါ။”လို့ပြောသွားပြီး ပရိသတ်တွေကိုလည်းဆုမွန်ကောင်းတွေတောင်းပေးသွားပါတယ်။
ကျော်ရဲအောင် ကိုချစ်တဲ့သူတွေ ပြောချင်လွန်းလို့ပရိသတ်ကြီး ရေ သူရိုက်ထားတွေရုံတင်ရင်သွားကြည့်ကြမယ်မဟုတ်လား ။နောက်ဆိုအများကြီးတောင်ကြည့်ရင်ကြည့်ရမှာနော်။
ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top