စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အခုေနာက္ပုိင္းမွာ လူငယ္ၾကဳိက္သီခ်င္းေလးေတြကုိ အြန္လုိင္းကေနတင္ၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားရဲ႕ ၾကဳိက္ႏွစ္သစ္မႈကုိ ခံထားရတဲ့ တက္သစ္စ လူငယ္အဆုိေတာ့ မင္းသန္႔က သူ႔ရဲ႕ ဆံပင္က Original ပါပဲ ဒါေပမဲ့ ၾကဳိက္တယ္လုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

မင္းသန္႔က “အခုေတာ့ကြၽန္ေတာ္သီခ်င္းေတြကုိ ပုံမွန္ေတာ့ေရးျဖစ္တယ္ ပုံမွန္လည္း သြင္းျဖစ္တယ္။ ကြၽန္ေတာ္ရင္ထဲက ႐ွိတဲ့ဟာ စိတ္ခံစားခ်က္အတုိင္း ဖန္တီးသြားမွာေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး ယုန္ေလးရဲ႕ ငယ္ဘဝအေၾကာင္းကုိ သ႐ုပ္ေဆာင္ျဖစ္တာနဲ႔ ပတ္သက္ၿပီး “ကုိယုန္ေလးက ဘယ္လုိေျပာရမလဲ သ႐ုပ္ေဆာင္ေတြဘာေတြ လုိတယ္ေပါ့။ ကြၽန္ေတာ္လည္း မသိဘူး။ အဲ့Comment ေအာက္မွာ မင္းသန္႔မင္းသန္႔နဲ႔ ဝုိင္းၿပီး Mention ေခၚတယ္ အဲ့လုိနဲ႔ ကုိယုန္ေလးနဲ႔ ခ်ိတ္မိသြားတာ။ တူေလာက္ပါတယ္။ အေတြ႔အၾကဳံေတြလည္း ရပါတယ္။ ကြၽန္ေတာ္တုိ႔ သီခ်င္း႐ုိက္ရတာနဲ႔လည္း မတူဘူး။ ေတာ္ေတာ္ေတာ့ ပင္ပန္းတယ္။ “လုိ႔ ေျပာခဲ့ပါတယ္။

လက္႐ွိအခ်ိန္မွာေရာ ဘယ္လုိမ်ိဳး ရပ္တည္ေနလဲလုိ႔ ေမးျမန္းရာ “အခုအခ်ိန္ထိေတာ့ စိတ္ဓာတ္က်မႈေတြနဲ႔ပဲ ရပ္တည္ေနရေသးတယ္ ဘာလုိ႔လဲဆုိေတာ့ အိမ္ကုိလည္း တစ္ဖက္ ျပန္ၾကည့္ရတယ္။ ကြၽန္ေတာ္လုပ္ခ်င္တာကုိလည္း တစုိက္မတ္မတ္လုပ္လုိ႔ရေအာင္လုိ႔ Support လည္းမ႐ွိဘူး ကြၽန္ေတာ္တစ္ေယာက္တည္း လုပ္ေနရတဲ့အတြက္ေတာ့ ဒီအတုိင္းပဲ ဆက္ၿပီးေတာ့ ရပ္တည္ေနရပါတယ္။”လုိ႔ ေျပာခဲ့ပါတယ္။

ဆံပင္ပုံစံနဲ႔ ပတ္သက္ၿပီးေတာ့လည္း “ဒါက ဘယ္လုိမ်ိဳး ထားျဖစ္တာလဲဆုိေတာ့ မသိဘူး ဒါကြၽန္ေတာ့္ Original ဆံပင္။ ၾကဳိက္ပါတယ္ ဘယ္သူနဲ႔မွ မတူလုိ႔။”လုိ႔ ေျပာခဲ့ၿပီး မနၱေလးသားျဖစ္တာေၾကာင့္္ မႏၱေလးမွာ သြားရလာရတာ အဆင္ေျပလားလုိ႔ ေမးျမန္းရာ “အႏၱာရယ္ကေတာ့ မ႐ွိပါဘူး။ ဆယ္ေယာက္အျပင္ထြက္တုိင္း ဆယ္ေယာက္ျဖစ္ေနတာ မဟုတ္ပါဘူး။ ဘယ္လုိေျပာရမလဲ အရမ္းဆုိးတဲ့ ေနရာတုိ႔ဘာတုိ႔ အဲ့လုိမ်ိဳးေတာ့ ႐ွိတာေပါ့။ ကြၽန္ေတာ္တုိ႔လည္း သြားတာပါပဲ ကြၽန္ေတာ္ကေတာ့ ဘာမွမျဖစ္ေသးဘူး။”လုိ႔ ေျပာသြားခဲ့ပါတယ္။

သီခ်င္းဆုိရင္ ဘယ္လုိပုံစံမ်ိဳးေတြကုိ ႀကိဳက္လဲလုိ႔ ေမးျမန္းရာ “ဘယ္လုိပုံစံေတြ ၾကဳိက္လဲဆုိေတာ့ အျမန္ပုံစံေတြ ႀကိဳက္တယ္။ Underground ထဲကလူေတြလည္း အမ်ားႀကီး႐ွိတယ္ ကြၽန္ေတာ္ၾကဳိက္တဲ့သူေတြ။ ကြၽန္ေတာ္ကေတာ့ ျဖစ္ေစခ်င္တယ္ ကြၽန္ေတာ္တုိ႔ Rap အခ်င္းခ်င္း ျပဳိင္တာမ်ိဳးတုိ႔ပဲ ႐ွိေစခ်င္တယ္။ ကြၽန္ေတာ္တုိ႔ဆုိ Freestyle ျပဳိင္ခဲ့တာ ဒီအတုိင္းပဲ ပုံမွန္ျမင္တာေတြ ဆုိၿပီးေတာ့ ျပဳိင္ခဲ့တာ။ အဲ့တာမ်ိဳးမဟုတ္ဘဲ သူေရးတဲ့ သီခ်င္းေတြ Rapနဲ႔ ကြၽန္ေတာ္ေရးတဲ့ Rap ယွဥ္တာမ်ိဳး ဆုေပးတာမ်ိဳးလည္း လုပ္ေစခ်င္တယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

စုိင္းစုိင္းႏႈတ္ခမ္းနီကုိ ေကာင္မေလးကုိ ဝယ္ေပးျဖစ္တာနဲ႔ ပတ္သက္ၿပီး “တကယ္ေတာ့ သူေတာင္းတာ မဟုတ္ဘူး ကြၽန္ေတာ္က ဝယ္ေပးခ်င္တဲ့ စိတ္ပဲ႐ွိတာ။ ဒါေပမဲ့ အဲ့တုန္းက ေက်ာင္းသားဆုိေတာ့ ရတဲ့ မုန္႔ဖုိးနဲ႔ မကာမိေသးလုိ႔ ဝယ္မေပးႏုိင္ဘူး။ အခုလုိမ်ိဳး အခ်ိန္ဆုိရင္ေတာ့ ကြၽန္ေတာ္ ဝယ္ေပးႏုိင္တာေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္က ဝယ္ေပးခ်င္တာပါ သူဝယ္ခုိင္းတာမဟုတ္ပါဘူး။”လုိ႔ ေျပာသြားခဲ့ပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

# Unicode Version # ျဖင့္ ဖတ္ပါ #

အခုနောက်ပိုင်းမှာ လူငယ်ကြိုက်သီချင်းလေးတွေကို အွန်လိုင်းကနေတင်ပြီးတော့ တော်တော်များများရဲ့ ကြိုက်နှစ်သစ်မှုကို ခံထားရတဲ့ တက်သစ်စ လူငယ်အဆိုတော့ မင်းသန့်က သူ့ရဲ့ ဆံပင်က Original ပါပဲ ဒါပေမဲ့ ကြိုက်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

မင်းသန့်က “အခုတော့ကျွန်တော်သီချင်းတွေကို ပုံမှန်တော့ရေးဖြစ်တယ် ပုံမှန်လည်း သွင်းဖြစ်တယ်။ ကျွန်တော်ရင်ထဲက ရှိတဲ့ဟာ စိတ်ခံစားချက်အတိုင်း ဖန်တီးသွားမှာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး ယုန်လေးရဲ့ ငယ်ဘဝအကြောင်းကို သရုပ်ဆောင်ဖြစ်တာနဲ့ ပတ်သက်ပြီး “ကိုယုန်လေးက ဘယ်လိုပြောရမလဲ သရုပ်ဆောင်တွေဘာတွေ လိုတယ်ပေါ့။ ကျွန်တော်လည်း မသိဘူး။ အဲ့Comment အောက်မှာ မင်းသန့်မင်းသန့်နဲ့ ဝိုင်းပြီး Mention ခေါ်တယ် အဲ့လိုနဲ့ ကိုယုန်လေးနဲ့ ချိတ်မိသွားတာ။ တူလောက်ပါတယ်။ အတွေ့အကြုံတွေလည်း ရပါတယ်။ ကျွန်တော်တို့ သီချင်းရိုက်ရတာနဲ့လည်း မတူဘူး။ တော်တော်တော့ ပင်ပန်းတယ်။ “လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာရော ဘယ်လိုမျိုး ရပ်တည်နေလဲလို့ မေးမြန်းရာ “အခုအချိန်ထိတော့ စိတ်ဓာတ်ကျမှုတွေနဲ့ပဲ ရပ်တည်နေရသေးတယ် ဘာလို့လဲဆိုတော့ အိမ်ကိုလည်း တစ်ဖက် ပြန်ကြည့်ရတယ်။ ကျွန်တော်လုပ်ချင်တာကိုလည်း တစိုက်မတ်မတ်လုပ်လို့ရအောင်လို့ Support လည်းမရှိဘူး ကျွန်တော်တစ်ယောက်တည်း လုပ်နေရတဲ့အတွက်တော့ ဒီအတိုင်းပဲ ဆက်ပြီးတော့ ရပ်တည်နေရပါတယ်။”လို့ ပြောခဲ့ပါတယ်။

ဆံပင်ပုံစံနဲ့ ပတ်သက်ပြီးတော့လည်း “ဒါက ဘယ်လိုမျိုး ထားဖြစ်တာလဲဆိုတော့ မသိဘူး ဒါကျွန်တော့် Original ဆံပင်။ ကြိုက်ပါတယ် ဘယ်သူနဲ့မှ မတူလို့။”လို့ ပြောခဲ့ပြီး မန္တလေးသားဖြစ်တာကြောင့်် မန္တလေးမှာ သွားရလာရတာ အဆင်ပြေလားလို့ မေးမြန်းရာ “အန္တာရယ်ကတော့ မရှိပါဘူး။ ဆယ်ယောက်အပြင်ထွက်တိုင်း ဆယ်ယောက်ဖြစ်နေတာ မဟုတ်ပါဘူး။ ဘယ်လိုပြောရမလဲ အရမ်းဆိုးတဲ့ နေရာတို့ဘာတို့ အဲ့လိုမျိုးတော့ ရှိတာပေါ့။ ကျွန်တော်တို့လည်း သွားတာပါပဲ ကျွန်တော်ကတော့ ဘာမှမဖြစ်သေးဘူး။”လို့ ပြောသွားခဲ့ပါတယ်။

သီချင်းဆိုရင် ဘယ်လိုပုံစံမျိုးတွေကို ကြိုက်လဲလို့ မေးမြန်းရာ “ဘယ်လိုပုံစံတွေ ကြိုက်လဲဆိုတော့ အမြန်ပုံစံတွေ ကြိုက်တယ်။ Underground ထဲကလူတွေလည်း အများကြီးရှိတယ် ကျွန်တော်ကြိုက်တဲ့သူတွေ။ ကျွန်တော်ကတော့ ဖြစ်စေချင်တယ် ကျွန်တော်တို့ Rap အချင်းချင်း ပြိုင်တာမျိုးတို့ပဲ ရှိစေချင်တယ်။ ကျွန်တော်တို့ဆို Freestyle ပြိုင်ခဲ့တာ ဒီအတိုင်းပဲ ပုံမှန်မြင်တာတွေ ဆိုပြီးတော့ ပြိုင်ခဲ့တာ။ အဲ့တာမျိုးမဟုတ်ဘဲ သူရေးတဲ့ သီချင်းတွေ Rapနဲ့ ကျွန်တော်ရေးတဲ့ Rap ယှဉ်တာမျိုး ဆုပေးတာမျိုးလည်း လုပ်စေချင်တယ်။”လို့ ပြောသွားခဲ့ပါတယ်။

စိုင်းစိုင်းနှုတ်ခမ်းနီကို ကောင်မလေးကို ဝယ်ပေးဖြစ်တာနဲ့ ပတ်သက်ပြီး “တကယ်တော့ သူတောင်းတာ မဟုတ်ဘူး ကျွန်တော်က ဝယ်ပေးချင်တဲ့ စိတ်ပဲရှိတာ။ ဒါပေမဲ့ အဲ့တုန်းက ကျောင်းသားဆိုတော့ ရတဲ့ မုန့်ဖိုးနဲ့ မကာမိသေးလို့ ဝယ်မပေးနိုင်ဘူး။ အခုလိုမျိုး အချိန်ဆိုရင်တော့ ကျွန်တော် ဝယ်ပေးနိုင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်က ဝယ်ပေးချင်တာပါ သူဝယ်ခိုင်းတာမဟုတ်ပါဘူး။”လို့ ပြောသွားခဲ့ပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top