iMyanmarHouse.com - Best Property Website for Myanmar
×





Credit: DVB

#Unicode Version#

အိန္ဒိယထိန်းချုပ်ရာ ကတ်ရှ်မီးယားဒေသက  စာသင်ကျောင်းတကျောင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ခဲ့လို့ ကျောင်းသား ၁၂ ဦးထက် မနည်း ဒဏ်ရာရခဲ့ပါတယ်။ပေါက်ကွဲမှုဟာ    ပြည်နယ်မြို့တော် ဆရီနာဂါ တောင်ပိုင်းက ဖာလိုင်းအီမီလက် ပုဂ္ဂလိကကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။

မျက်မြင်တွေကတော့ ပေါက်ကွဲမှုမဖြစ်ခင် ဘယ်လို ပစ်ခတ်မှုမျိုးမှ  မရှိခဲ့ဘူးလို့ ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းကို သဲသဲကွဲကွဲ မသိရသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်းနေတယ်လို့ အစိုးရ  ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။အိန္ဒိယထိန်းချုပ်တဲ့ ကတ်ရှ်မီးယားဒေသဟာ ခွဲထွက်ရေးသမားတွေရဲ့ အကြမ်းဖက်မှုကို နှစ်ပေါင်းများစွာ ကြုံတွေ့လာခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ကတ်ရှ်မီးယားဒေသမှာ မပေါက်ကွဲသေးတဲ့ ပစ္စည်းတခုကို တွေ့ရှိပြီးနောက် ၁၃ နှစ်အရွယ် လူငယ်တဦး သေဆုံးကာ  တဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: DVB
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top