ဂ်ပန္ႏုိင္ငံဟာ အလြန္ဖြံ႕ျဖိဳးတိုးတက္တဲ့ႏိုင္ငံတစ္ခုျဖစ္ေပမယ့္လည္း တစ္ဖက္မွာလည္း ရိုးရာအယူအဆ အစြဲအလန္းၾကီးတဲ့ႏုိင္ငံတစ္ႏိုင္ငံျဖစ္ေနတုန္းပါပဲ ။ အခုဆုိရင္ ဂ်ပန္ႏုိင္ငံဟာ သူတုိ႕ရဲ႕ ဒ႑ာရီထဲက ငါးမိစၦာေခၚ ငါးၾကီးႏွစ္ေကာင္ကုိဖမ္းမိခဲ့တဲ့အတြက္ ငလ်င္ နဲ႕ ဆူနာမီေတြျဖစ္ေပၚလာမွာကုိ စိုးရိမ္ေနၾကပါတယ္ ။ ငါးမိစၦာလုိ႕ေခၚၾကတဲ့ ငါးၾကီးေတြဟာ အရြယ္ ၁၁ မီတာေလာက္ရွိျပီးေတာ့ သဘာဝေဘးအႏၱရာယ္ေတြကို ဖန္တီးတယ္လုိ႕ ဂ်ပန္ဒ႑ာရီေတြထဲမွာ ေဖာ္ျပထားၾကတာေတြ႕ရပါတယ္ ။

ငါးမိစၦာၾကီးႏွစ္ေကာင္ကုိ အသက္ရွင္လ်က္ဖမ္းမိခဲ့တာျဖစ္တဲ့အေၾကာင္းလည္း Satomi Higa of the Yomitan ငါးဖမ္းအဖြဲ႕အစည္းမွထုတ္ျပန္ေၾကျငာထားပါတယ္ ။ “ဒီ ငါးၾကီးႏွစ္ေကာင္က ပိုက္ကြန္ထဲမွာ လူးလားေခါက္ျပန္ကူးခတ္ေနၾကတာ ။ သူတုိ႕ကုိၾကည့္ရတာ အရမ္းလွျပီးေတာ့ က်က္သေရရွိလြန္းတယ္ ” လုိ႕ ငါးဖမ္းအဖြဲ႕ရဲ႕ေျပာေရးဆုိခြင့္ရွိသူတစ္ဦးက CNN သတင္းဌာနကိုေျပာျပခဲ့ပါတယ္ ။

ျပီးခဲ့တဲ့ႏွစ္အတြင္း ဂ်ပန္ႏုိင္ငံရဲ႕ကမ္းေျခတစ္ေလ်ာက္မွာ ဒီငါးမိစၦာအေကာင္ေပါင္းမ်ားစြာ ကမ္းတင္ေသဆံုးခဲ့ျပီးတဲ့ေနာက္ ငလ်င္ေတြျဖစ္ေပၚခဲ့တာေၾကာင့္ အခုလည္း ဂ်ပန္ႏုိင္ငံသားေတြဟာ ငလ်င္ဒဏ္ကုိစိုးရိမ္ေနၾကပါတယ္ ။ ဒီငါးေတြကိုေတာ့ ဂ်ပန္လုိ “Ryugu no tsukai” လုိ႕ဘာသာျပန္ရရင္ေတာ့ ” ပင္လယ္နတ္ဘုရားရဲ႕နန္းေတာ္မွ အေထာက္ေတာ္” လို႕အဓိပၸါယ္ရပါတယ္ ။
၂၀၁၁ ခုႏွစ္တုန္းက လူေပါင္း ၂ ေသာင္းေလာက္ေသဆံုးေစခဲ့တဲ့ Fukushima ငလ်င္ နဲ႕ ဆူနာမီမျဖစ္ေပၚခင္မွာ ဒါဇင္နဲ႕ခ်ီတဲ့ ဒီငါးၾကီးေတြ ကမ္းတင္ေသဆံုးခဲ့တဲ့ယံုၾကည္သူေတြက အခုလုိ ယူဆေနၾကတာပဲျဖစ္ပါတယ္။

အဲ့ဒီတုန္းကလႈပ္ခတ္ခဲ့တဲ့ ငလ်င္ၾကီးဟာ ရစ္စတာစေကး ၉ အဆင့္ရွိတဲ့ငလ်င္တစ္ခုျဖစ္ျပီး ဂ်ပန္ႏုိင္ငံရဲ႕ အဆိုးရြားဆံုးငလ်င္ေတြထဲကတစ္ခုအျဖစ္မွတ္တမ္းဝင္ခဲ့တဲ့ ငလ်င္တစ္ခုလည္းျဖစ္ပါတယ္ ။ထို႕အျပင္ ဒီငလ်င္ေၾကာင့္ ႏ်ဴကလိယဓါတ္ေပါင္းဖိုေတြလည္း ျပိဳက်ခဲ့ရပါတယ္ ။ဒါေပါ့..သင္ထင္ထားတဲ့အတုိင္းပဲ ပညာရွင္ေတြကေတာ့ ဘယ္အယူအဆကိုမဆုိျငင္းေနမွာပဲ..

အခုလိုျဖစ္ရတဲ့အေၾကာင္းအရင္းက ကမၻာ့အလႊာၾကားမွာ အပူအခ်ိန္အေျပာင္းအလဲျဖစ္တဲ့အတြက္ေၾကာင့္ ဒီငါးေတြကမ္းတင္ေသဆံုးရတာျဖစ္တယ္လုိ႕ ငါးျပတိုက္ထိန္းသိမ္းသူ Kazusa Saiba က ရွင္းလင္းေျပာၾကားထားပါတယ္ ။

ဒီငါးမိစၦာေတြေပၚလာရတဲ့အေၾကာင္းအရင္းဟာ သိပၸံသေဘာတရားအရ ငလ်င္နဲ႕သက္ဆုိင္မႈမရွိဘူးဆုိေပမယ့္လည္း ရာႏႈန္းျပည့္ ငလ်င္လႈပ္ႏုိင္ေခ်မရွိဘူးလုိ႕ေတာ့မေျပာႏုိင္ပါဘူးလုိ႕လည္း မယုတ္မလြန္ေျဖၾကားသြားပါတယ္ ။သင္ေရာ ဂ်ပန္ေတြလုိပဲ ငါးမိစၦာေတြက ငလ်င္ေတြကုိဖန္တီးတဲ့သူလုိ႕ ယူဆမိသလား ။ ေကာမက္မွာ ေျပာျပခဲ့ပါဦး ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Min Thu

#Unicode Version# ျဖင့္ဖတ္ပါ ။

ဂျပန်နိုင်ငံဟာ အလွန်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့်လည်း တစ်ဖက်မှာလည်း ရိုးရာအယူအဆ အစွဲအလန်းကြီးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေတုန်းပါပဲ ။ အခုဆိုရင် ဂျပန်နိုင်ငံဟာ သူတို့ရဲ့ ဒဏ္ဍာရီထဲက ငါးမိစ္ဆာခေါ် ငါးကြီးနှစ်ကောင်ကိုဖမ်းမိခဲ့တဲ့အတွက် ငလျင် နဲ့ ဆူနာမီတွေဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ် ။ ငါးမိစ္ဆာလို့ခေါ်ကြတဲ့ ငါးကြီးတွေဟာ အရွယ် ၁၁ မီတာလောက်ရှိပြီးတော့ သဘာဝဘေးအန္တရာယ်တွေကို ဖန်တီးတယ်လို့ ဂျပန်ဒဏ္ဍာရီတွေထဲမှာ ဖော်ပြထားကြတာတွေ့ရပါတယ် ။

ငါးမိစ္ဆာကြီးနှစ်ကောင်ကို အသက်ရှင်လျက်ဖမ်းမိခဲ့တာဖြစ်တဲ့အကြောင်းလည်း Satomi Higa of the Yomitan ငါးဖမ်းအဖွဲ့အစည်းမှထုတ်ပြန်ကြေငြာထားပါတယ် ။ “ဒီ ငါးကြီးနှစ်ကောင်က ပိုက်ကွန်ထဲမှာ လူးလားခေါက်ပြန်ကူးခတ်နေကြတာ ။ သူတို့ကိုကြည့်ရတာ အရမ်းလှပြီးတော့ ကျက်သရေရှိလွန်းတယ် ” လို့ ငါးဖမ်းအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သတင်းဌာနကိုပြောပြခဲ့ပါတယ် ။

ပြီးခဲ့တဲ့နှစ်အတွင်း ဂျပန်နိုင်ငံရဲ့ကမ်းခြေတစ်လျောက်မှာ ဒီငါးမိစ္ဆာအကောင်ပေါင်းများစွာ ကမ်းတင်သေဆုံးခဲ့ပြီးတဲ့နောက် ငလျင်တွေဖြစ်ပေါ်ခဲ့တာကြောင့် အခုလည်း ဂျပန်နိုင်ငံသားတွေဟာ ငလျင်ဒဏ်ကိုစိုးရိမ်နေကြပါတယ် ။ ဒီငါးတွေကိုတော့ ဂျပန်လို “Ryugu no tsukai” လို့ဘာသာပြန်ရရင်တော့ ” ပင်လယ်နတ်ဘုရားရဲ့နန်းတော်မှ အထောက်တော်” လို့အဓိပ္ပါယ်ရပါတယ် ။
၂၀၁၁ ခုနှစ်တုန်းက လူပေါင်း ၂ သောင်းလောက်သေဆုံးစေခဲ့တဲ့ Fukushima ငလျင် နဲ့ ဆူနာမီမဖြစ်ပေါ်ခင်မှာ ဒါဇင်နဲ့ချီတဲ့ ဒီငါးကြီးတွေ ကမ်းတင်သေဆုံးခဲ့တဲ့ယုံကြည်သူတွေက အခုလို ယူဆနေကြတာပဲဖြစ်ပါတယ်။

အဲ့ဒီတုန်းကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ ရစ်စတာစကေး ၉ အဆင့်ရှိတဲ့ငလျင်တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ အဆိုးရွားဆုံးငလျင်တွေထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ ငလျင်တစ်ခုလည်းဖြစ်ပါတယ် ။ထို့အပြင် ဒီငလျင်ကြောင့် နျူကလိယဓါတ်ပေါင်းဖိုတွေလည်း ပြိုကျခဲ့ရပါတယ် ။ဒါပေါ့..သင်ထင်ထားတဲ့အတိုင်းပဲ ပညာရှင်တွေကတော့ ဘယ်အယူအဆကိုမဆိုငြင်းနေမှာပဲ..

အခုလိုဖြစ်ရတဲ့အကြောင်းအရင်းက ကမ္ဘာ့အလွှာကြားမှာ အပူအချိန်အပြောင်းအလဲဖြစ်တဲ့အတွက်ကြောင့် ဒီငါးတွေကမ်းတင်သေဆုံးရတာဖြစ်တယ်လို့ ငါးပြတိုက်ထိန်းသိမ်းသူ Kazusa Saiba က ရှင်းလင်းပြောကြားထားပါတယ် ။

ဒီငါးမိစ္ဆာတွေပေါ်လာရတဲ့အကြောင်းအရင်းဟာ သိပ္ပံသဘောတရားအရ ငလျင်နဲ့သက်ဆိုင်မှုမရှိဘူးဆိုပေမယ့်လည်း ရာနှုန်းပြည့် ငလျင်လှုပ်နိုင်ချေမရှိဘူးလို့တော့မပြောနိုင်ပါဘူးလို့လည်း မယုတ်မလွန်ဖြေကြားသွားပါတယ် ။သင်ရော ဂျပန်တွေလိုပဲ ငါးမိစ္ဆာတွေက ငလျင်တွေကိုဖန်တီးတဲ့သူလို့ ယူဆမိသလား ။ ကောမက်မှာ ပြောပြခဲ့ပါဦး ။

ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top