20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 ပူပူ​ေႏြး​ေႏြး က်င္​းပၿပီးစီးသြားခဲ့တဲ့ ၂၀၁၉ ခုနစ္​​၊ ​ေအာ္​စကာဆု​ေပးပြဲမွာ​ေတာ့ ပြဲခင္​းတစ္​ခုလံုးကို ကို႔႐ို႕ကားယားဖက္​႐ွင္​၊ မ်က္​စိ​ေနာက္​စရာအသြင္​အျပင္​နဲ႔ ဖမ္​းစားၿပီး အၾကည္​့​ေတြအားလံုးကို သူ႕အ​ေပၚ​ေရာက္​လာ​ေအာင္​ ညႇိဳ႕ယူသြားခဲ့တဲ့သူက​ေတာ့ ​ေတာက္​ပလြန္​းတဲ့စိန္​ႀကီးကိုဝတ္​ဆင္​ၿပီး အ​ေဂၚဆံုးပြဲတက္​လာခဲ့သူ ​ေလဒီဂါဂါပဲျဖစ္​ပါတယ္​။

အထူးသျဖင္​့ သူ႕ရင္​ဘတ္​မွာ အလွဆြဲထားခဲ့တဲ့ တစ္​ဖနီ ​ေက်ာက္​မ်က္​ရတနာကုမၸဏီထုတ္​ ​ေပါင္​ ၂၃ သန္​းတန္​​ေၾကး႐ွိတဲ့ အဝာ​ေရာင္ ​​စိန္​တံုးၿပိဳးၿပိဳးျပက္​ျပက္​ႀကီးက လူ​ေျပာအမ်ားဆံုးျဖစ္​​ေစခဲ့ၿပီး အားလံုးရဲ႕စိတ္​ကိုလႊမ္​းမိုးသြားခဲ့တာပါ။ ဒီစိန္​တံံုးႀကီးကို Audrey Hepburn က ၁၉၆၁ ခုႏွစ္​မွာ ဝတ္​ဆင္​ခဲ့ရာမွာ ကမၻာ့ပြဲခင္း ​လူပံုအလယ္​မွာ ​ေနာက္​ဆံုးအ​ေနနဲ႔ ျမင္​​ေတြ႕ဖူးခဲ့ျခင္​းလည္​းျဖစ္​ပါတယ္​။စိန္​တံုးႀကီးက ၁၂၈.၅၄ ကာရက္​အ​ေလးခ်ိန္​စီးၿပီး ကမၻာ​ေပၚမွာ အႀကီးမားဆံုး အဝါ​ေရာင္​စိန္​တံုးႀကီး​ေတြထဲက တစ္​ခုအပါအဝင္​အ​ေနနဲ႔ မွတ္​တမ္​းတင္​ထားတာပါ။ ​ေကာ္​​ေဇာနီပြဲ​ေတြနဲ႔ ထူးခြၽန္​ဆု​ေပးပြဲ​ေတြမွာ အရင္​က ဘယ္​သူမွဝတ္​​ေလ့ဝတ္​ထမ႐ွိခဲ့ဘဲ ​ေလဒီဂါဂါက သမိုင္​းတစ္​​ေလ်ွာက္​ ပထမဆံုးလမ္​း​ေဖာက္​ဝတ္​ဆင္​လာျပခဲ့တာ​ေၾကာင္​့ ခ်ီးက်ဴးစရာလည္​းျဖစ္​​ေနျပန္​ပါတယ္​။

စိန္​တံုးႀကီးကို ​ေတာင္အာဖရိကမွာ ၁၈၇၇ ခုႏွစ္​က စတင္​​ေတြ႕႐ွိခဲ့တာျဖစ္​ပါတယ္​ဖယ ​​သက္​တမ္​းရင္​့စိန္​တံုးျဖစ္​ၿပီး ႏွစ္​​ေပါင္​း ၁၄၁ ႏွစ္​ သက္​တမ္​း႐ွိခဲ့တာျဖစ္​ပါတယ္​။ ထူးျခားခ်က္​အ​ေနနဲ႔ ႐ွိ႐ွိသမ်ွ​ေသာ ​ေအာ္​စကာဆု​ေပးပြဲမွာ ကမၻာ​ေက်ာ္​​ေတြ ဝတ္​ဆင္​လာခဲ့ဖူးသမ်ွ ​ေက်ာက္​မ်က္​ရတနာ​ေတြထဲ ​ေစ်းအႀကီးဆံုးအျဖစ္​ မွတ္​တမ္​းဝင္​ပါတယ္​။ ​ေရာင္​ျခယ္​ျဖာထြက္​​ေနသလို စိန္​မ်က္​ႏွာဝင္​းဝင္​းပပ နဲ႔ မ်က္​ကြက္​ ၈၇ ကြက္​ပါဝင္​​ေနတဲ့ စိန္​ႀကီးျဖစ္​ပါတယ္​။ဒီလို​ေစ်းႀကီးလြန္​းတဲ့ စိန္​တံုးႀကီးကိုမွ လူၾကားထဲ သတၱိ႐ွိ႐ွိဝတ္​လာရဲခဲ့လို႔ ​ေလဒီဂါဂါကိုလက္​ဖ်ားခါသူမ်ား႐ွိခဲ့သလို ​ေအာ္​စကာဆု​ေပးပြဲၿပီးတဲ့​ေနာက္​ ​ေဝဖန္​သံ​ေတြ၊ ဂယက္​႐ိုက္​သံ​ေတြနဲ႔ ဆူညံပြက္​​ေလာက္​႐ိုက္​သြား​ေစခဲ့တာလည္​း အမွန္​ပါပဲ။ တစ္​ခါဆို ဆုိသ​ေလာက္​ ထင္​မွတ္​မထားတဲ့ အသြင္​ထူးျခားမႈ​ေတြကို အံ့ျသစရာ ဖန္​ဆင္​းျပႏို္​င္​တဲ့ ​ေလဒီဂါဂါ ဟာ သူ႕ရဲ႕အစဥ္​အလာအတိုင္​း ထံုးစံမပ်က္​ခဲ့တာလို႔သာဆိုရမွာပါ။

​ေအာ္​စကာဆု​ေပးပြဲမွာ​ေတာ့ မင္​းသမီးဆုအတြက္​ ​ေလဒီဂါဂါ ဟာ ဆန္​ကာတင္​အဆင္​့ဝင္​ခဲ့သလို ​ေလဒီဂါဂါကိုယ္​တို္​င္​ သ႐ုပ္​​ေဆာင္​ထားခဲ့တဲ့ A Star is Born ဇာတ္​ကားက ဇာတ္​ဝင္​​ေတးသီခ်င္​း “Shallow” နဲ႔ ဇာတ္​ဝင္​​ေတးဆုကိုဆြတ္​ခူး​ေပးခဲ့ပါတယ္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ပူပူနွေးနွေး ကျင်းပပြီးစီးသွားခဲ့တဲ့ ၂၀၁၉ ခုနစ်၊ အော်စကာဆုပေးပွဲမှာတော့ ပွဲခင်းတစ်ခုလုံးကို ကို့ရို့ကားယားဖက်ရှင်၊ မျက်စိနောက်စရာအသွင်အပြင်နဲ့ ဖမ်းစားပြီး အကြည့်တွေအားလုံးကို သူ့အပေါ်ရောက်လာအောင် ညှို့ယူသွားခဲ့တဲ့သူကတော့ တောက်ပလွန်းတဲ့စိန်ကြီးကိုဝတ်ဆင်ပြီး အဂေါ်ဆုံးပွဲတက်လာခဲ့သူ လေဒီဂါဂါပဲဖြစ်ပါတယ်။

အထူးသဖြင့် သူ့ရင်ဘတ်မှာ အလှဆွဲထားခဲ့တဲ့ တစ်ဖနီ ကျောက်မျက်ရတနာကုမ္ပဏီထုတ် ပေါင် ၂၃ သန်းတန်ကြေးရှိတဲ့ အဝာရောင် စိန်တုံးပြိုးပြိုးပြက်ပြက်ကြီးက လူပြောအများဆုံးဖြစ်စေခဲ့ပြီး အားလုံးရဲ့စိတ်ကိုလွှမ်းမိုးသွားခဲ့တာပါ။ ဒီစိန်တံုံးကြီးကို Audrey Hepburn က ၁၉၆၁ ခုနှစ်မှာ ဝတ်ဆင်ခဲ့ရာမှာ ကမ္ဘာ့ပွဲခင်း လူပုံအလယ်မှာ နောက်ဆုံးအနေနဲ့ မြင်တွေ့ဖူးခဲ့ခြင်းလည်းဖြစ်ပါတယ်။စိန်တုံးကြီးက ၁၂၈.၅၄ ကာရက်အလေးချိန်စီးပြီး ကမ္ဘာပေါ်မှာ အကြီးမားဆုံး အဝါရောင်စိန်တုံးကြီးတွေထဲက တစ်ခုအပါအဝင်အနေနဲ့ မှတ်တမ်းတင်ထားတာပါ။ ကော်ဇောနီပွဲတွေနဲ့ ထူးချွန်ဆုပေးပွဲတွေမှာ အရင်က ဘယ်သူမှဝတ်လေ့ဝတ်ထမရှိခဲ့ဘဲ လေဒီဂါဂါက သမိုင်းတစ်လျှောက် ပထမဆုံးလမ်းဖောက်ဝတ်ဆင်လာပြခဲ့တာကြောင့် ချီးကျူးစရာလည်းဖြစ်နေပြန်ပါတယ်။

စိန်တုံးကြီးကို တောင်အာဖရိကမှာ ၁၈၇၇ ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်ဖယ သက်တမ်းရင့်စိန်တုံးဖြစ်ပြီး နှစ်ပေါင်း ၁၄၁ နှစ် သက်တမ်းရှိခဲ့တာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ရှိရှိသမျှသော အော်စကာဆုပေးပွဲမှာ ကမ္ဘာကျော်တွေ ဝတ်ဆင်လာခဲ့ဖူးသမျှ ကျောက်မျက်ရတနာတွေထဲ ဈေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ပါတယ်။ ရောင်ခြယ်ဖြာထွက်နေသလို စိန်မျက်နှာဝင်းဝင်းပပ နဲ့ မျက်ကွက် ၈၇ ကွက်ပါဝင်နေတဲ့ စိန်ကြီးဖြစ်ပါတယ်။ဒီလိုဈေးကြီးလွန်းတဲ့ စိန်တုံးကြီးကိုမှ လူကြားထဲ သတ္တိရှိရှိဝတ်လာရဲခဲ့လို့ လေဒီဂါဂါကိုလက်ဖျားခါသူများရှိခဲ့သလို အော်စကာဆုပေးပွဲပြီးတဲ့နောက် ဝေဖန်သံတွေ၊ ဂယက်ရိုက်သံတွေနဲ့ ဆူညံပွက်လောက်ရိုက်သွားစေခဲ့တာလည်း အမှန်ပါပဲ။ တစ်ခါဆို ဆိုသလောက် ထင်မှတ်မထားတဲ့ အသွင်ထူးခြားမှုတွေကို အံ့သြစရာ ဖန်ဆင်းပြနိုင်တဲ့ လေဒီဂါဂါ ဟာ သူ့ရဲ့အစဉ်အလာအတိုင်း ထုံးစံမပျက်ခဲ့တာလို့သာဆိုရမှာပါ။

အော်စကာဆုပေးပွဲမှာတော့ မင်းသမီးဆုအတွက် လေဒီဂါဂါ ဟာ ဆန်ကာတင်အဆင့်ဝင်ခဲ့သလို လေဒီဂါဂါကိုယ်တိုင် သရုပ်ဆောင်ထားခဲ့တဲ့ A Star is Born ဇာတ်ကားက ဇာတ်ဝင်တေးသီချင်း “Shallow” နဲ့ ဇာတ်ဝင်တေးဆုကိုဆွတ်ခူးပေးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top