စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


ေရဆိုတာ ေန႔စဥ္ဘဝအတြက္ အေရးႀကီးဆုံးျဖစ္သလို၊ အလိုအပ္ဆုံးလည္း ျဖစ္ပါတယ္။ “ေရအသက္ တမနက္”လို႔ အဆိုအတိုင္း ေရ မေသာက္ဘဲ အသက္ရွင္ေနထိုင္ဖို႔ မျဖစ္ႏိုင္ပါဘူး။တေန႔ကို အနည္းဆုံး ေရ ၂ လီတာ ေသာက္သုံးသင့္တယ္လို႔ အႀကံျပဳထားသလို ရာသီဥတုေပၚ မူတည္ၿပီး ခႏၶာကိုယ္ရဲ႕ လိုအပ္ခ်က္အရ ေရဓာတ္ အနည္းအမ်ား ျပန္လည္ ျဖည့္စြမ္းေပးရပါတယ္။

လူေတြအတြက္ မရွိမျဖစ္ အေရးပါတဲ့ ေရဟာ ေသာက္တဲ့ပုံစံ မမွန္ကန္ရင္လည္း လူကို ဒုကၡ ေပးတတ္ျပန္ပါတယ္။ ရာသီဥတု အရမ္းပူတဲ့ အခ်ိန္ေတြမွာ ေရခဲေရေတြ ေသာက္မိရင္ လည္ေခ်ာင္းနာတာကေန ေနာက္ဆုံး ဦးေႏွာက္ ေသြးေၾကာျပတ္တဲ့အထိ ဆိုး႐ြားေစတာေၾကာင့္ ေရခဲေရထက္ ေျမအိုးထဲမွာထည့္ထားတဲ့ ေရေအးေအးက ပိုလည္း အေမာေျပေစသလို က်န္းမာေရးနဲ႔လည္း ညီၫြတ္ပါတယ္။

အစားမစားခင္နဲ႔ စားၿပီး ၁၅ မိနစ္ေလာက္အနည္းဆုံး ျခားၿပီးေရေသာက္တာဟာ အစာေျခစနစ္ကို အေထာက္ အကူျပဳပါတယ္။ ေရအရမ္းငတ္ေနတဲ့အခ်ိန္မွာ အေလာတႀကီး တက်ိဳက္တည္း ေသာက္လိုက္တာထက္ တငုံခ်င္းစီ ျဖည္းျဖည္းခ်င္းေသာက္ေပးတာက ကိုယ္တြင္းအဂၤါ အစိတ္အပိုင္းေတြဆီကို ေရဓာတ္ျမန္ျမန္ဆန္ဆန္ ေရာက္ေစပါတယ္။

တကယ္လို႔မ်ား သင့္မွာ ႏွလုံးေရာဂါ အခံရွိတယ္ဆိုရင္ ေရကိုနည္းနည္းခ်င္း မေသာက္ဘဲ တခါတည္း အေလာတႀကီး ေသာက္လိုက္တာဟာ ႏွလုံးကိုဖိအားမ်ားေစလို႔ အသက္အႏၲရာယ္ ရွိပါတယ္။ကိုယ္လက္ေလ့က်င့္ခန္း အျပင္းအထန္လုပ္ထားခဲ့ရင္ လုပ္ၿပီးၿပီးခ်င္း အေလာတႀကီး ေရမေသာက္သင့္ပါဘူး။ ကိုယ္လက္လႈပ္ရွားမႈေတြ လုပ္ထားခဲ့လို႔ ေခြၽးအရမ္းထြက္ထားတာေၾကာင့္ ခႏၶာကိုယ္အပူခ်ိန္ဟာ ပုံမွန္ထက္ ေအးေနပါတယ္။

ဒီအခ်ိန္မွာ ေရမ်ားမ်ားေသာက္လိုက္ရင္ အႏၲရာယ္ရွိပါတယ္။ ခ်က္ခ်င္းဆိုသလို မအီမသာျဖစ္ လာၿပီး ေအာ့အန္ခ်င္လာမယ္၊ ဆဲလ္ေတြေရာင္ရမ္းလာမယ္၊ ေနာက္ဆုံး အသက္အႏၲရာယ္ဆုံးရႈံးတဲ့အထိ ျဖစ္ႏိုင္လို႔ သတိျပဳဆင္ျခင္သင့္ပါတယ္။

အရမ္းေရငတ္ေနတဲ့အခ်ိန္၊ ကိုယ္လက္လႈပ္ရွားအားကစားေတြေၾကာင့္ ေရဓာတ္ကုန္ခမ္းေနခ်ိန္မွာ တႀကိဳက္တည္း ေရကို အေလာတႀကီးေသာက္လိုက္ရင္ ခႏၶာကိုယ္က ဆဲလ္ေတြ ေရာင္ရမ္းလာၿပီး လူကို ဒုကၡေပးႏိုင္ပါတယ္။ ဒါေၾကာင့္ တခါတေလမွာ အားကစားလုပ္ၿပီး ေရကို အေလာတႀကီး သြားေသာက္လိုက္ရင္ ႐ုတ္တရက္မူး ေဝသြားတာမ်ိဳး ခံစားဖူးၾကမွာပါ။

ေရမဟုတ္ဘဲ တျခားအားျဖည့္အခ်ိဳရည္ေတြေရာ ျဖစ္ႏိုင္လားဆိုရင္ ျဖစ္ႏိုင္ပါတယ္။ ေရတမ်ိဳးတည္း မဟုတ္ဘဲ အရည္အမ်ိဳးမ်ိဳးကို ကိုယ္လက္လႈပ္ရွားၿပီးခါစ ကိုယ္တြင္း အရည္ဓာတ္ပမာဏ တည္ၿငိမ္မႈမရွိခ်ိန္မွာ အေလာတႀကီး သြားေသာက္မိရင္ ကိုယ္တြင္းအဂၤါေတြ လုပ္ေဆာင္ခ်က္ေတြ ဟန္ခ်က္ ပ်က္သြားၿပီး မူးေဝေအာ့အန္တာကေန ေနာက္ဆုံး အသက္အႏၲရာယ္ ဆုံးရႈံးရတဲ့အထိ ျဖစ္ႏိုင္လို႔ ေရကိုနည္းနည္းနဲ႔ ျဖည္းျဖည္းခ်င္း ေသာက္ၾကဖို႔ ေရးသားလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

ရေဆိုတာ နေ့စဉ်ဘဝအတွက် အရေးကြီးဆုံးဖြစ်သလို၊ အလိုအပ်ဆုံးလည်း ဖြစ်ပါတယ်။ “ရေအသက် တမနက်”လို့ အဆိုအတိုင်း ရေ မသောက်ဘဲ အသက်ရှင်နေထိုင်ဖို့ မဖြစ်နိုင်ပါဘူး။တနေ့ကို အနည်းဆုံး ရေ ၂ လီတာ သောက်သုံးသင့်တယ်လို့ အကြံပြုထားသလို ရာသီဥတုပေါ် မူတည်ပြီး ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ ရေဓာတ် အနည်းအများ ပြန်လည် ဖြည့်စွမ်းပေးရပါတယ်။

လူတွေအတွက် မရှိမဖြစ် အရေးပါတဲ့ ရေဟာ သောက်တဲ့ပုံစံ မမှန်ကန်ရင်လည်း လူကို ဒုက္ခ ပေးတတ်ပြန်ပါတယ်။ ရာသီဥတု အရမ်းပူတဲ့ အချိန်တွေမှာ ရေခဲရေတွေ သောက်မိရင် လည်ချောင်းနာတာကနေ နောက်ဆုံး ဦးနှောက် သွေးကြောပြတ်တဲ့အထိ ဆိုးရွားစေတာကြောင့် ရေခဲရေထက် မြေအိုးထဲမှာထည့်ထားတဲ့ ရေအေးအေးက ပိုလည်း အမောပြေစေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

အစားမစားခင်နဲ့ စားပြီး ၁၅ မိနစ်လောက်အနည်းဆုံး ခြားပြီးရေသောက်တာဟာ အစာခြေစနစ်ကို အထောက် အကူပြုပါတယ်။ ရေအရမ်းငတ်နေတဲ့အချိန်မှာ အလောတကြီး တကျိုက်တည်း သောက်လိုက်တာထက် တငုံချင်းစီ ဖြည်းဖြည်းချင်းသောက်ပေးတာက ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေဆီကို ရေဓာတ်မြန်မြန်ဆန်ဆန် ရောက်စေပါတယ်။

တကယ်လို့များ သင့်မှာ နှလုံးရောဂါ အခံရှိတယ်ဆိုရင် ရေကိုနည်းနည်းချင်း မသောက်ဘဲ တခါတည်း အလောတကြီး သောက်လိုက်တာဟာ နှလုံးကိုဖိအားများစေလို့ အသက်အန္တရာယ် ရှိပါတယ်။ကိုယ်လက်လေ့ကျင့်ခန်း အပြင်းအထန်လုပ်ထားခဲ့ရင် လုပ်ပြီးပြီးချင်း အလောတကြီး ရေမသောက်သင့်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ထားခဲ့လို့ ချွေးအရမ်းထွက်ထားတာကြောင့် ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ထက် အေးနေပါတယ်။

ဒီအချိန်မှာ ရေများများသောက်လိုက်ရင် အန္တရာယ်ရှိပါတယ်။ ချက်ချင်းဆိုသလို မအီမသာဖြစ် လာပြီး အော့အန်ချင်လာမယ်၊ ဆဲလ်တွေရောင်ရမ်းလာမယ်၊ နောက်ဆုံး အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်လို့ သတိပြုဆင်ခြင်သင့်ပါတယ်။

အရမ်းရေငတ်နေတဲ့အချိန်၊ ကိုယ်လက်လှုပ်ရှားအားကစားတွေကြောင့် ရေဓာတ်ကုန်ခမ်းနေချိန်မှာ တကြိုက်တည်း ရေကို အလောတကြီးသောက်လိုက်ရင် ခန္ဓာကိုယ်က ဆဲလ်တွေ ရောင်ရမ်းလာပြီး လူကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် တခါတလေမှာ အားကစားလုပ်ပြီး ရေကို အလောတကြီး သွားသောက်လိုက်ရင် ရုတ်တရက်မူး ဝေသွားတာမျိုး ခံစားဖူးကြမှာပါ။

ရေမဟုတ်ဘဲ တခြားအားဖြည့်အချိုရည်တွေရော ဖြစ်နိုင်လားဆိုရင် ဖြစ်နိုင်ပါတယ်။ ရေတမျိုးတည်း မဟုတ်ဘဲ အရည်အမျိုးမျိုးကို ကိုယ်လက်လှုပ်ရှားပြီးခါစ ကိုယ်တွင်း အရည်ဓာတ်ပမာဏ တည်ငြိမ်မှုမရှိချိန်မှာ အလောတကြီး သွားသောက်မိရင် ကိုယ်တွင်းအင်္ဂါတွေ လုပ်ဆောင်ချက်တွေ ဟန်ချက် ပျက်သွားပြီး မူးဝေအော့အန်တာကနေ နောက်ဆုံး အသက်အန္တရာယ် ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်လို့ ရေကိုနည်းနည်းနဲ့ ဖြည်းဖြည်းချင်း သောက်ကြဖို့ ရေးသားလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top