iMyanmarHouse.com - Best Property Website for Myanmar
×

 ေျခေထာက္ ခ်ိတ္ထိုင္႐ံုနဲ႔ေတာ့ ေသြးေၾကာမထံုးပါဘူး။ ဒါေပမဲ့ အၾကာႀကီး ေျခေထာက္ ခ်ိတ္ထိုင္ရင္ေတာ့ ေသြးေၾကာထံုးေတြနားက ေသြးစီးဆင္းမႈကို ေႏွးေစၿပီး ေသြးေတြ စုေနေစတဲ့အတြက္ ရွိၿပီးသား ေသြးေၾကာထံုးေတြကို ပိုဆိုးေစၿပီးေတာ့ ေသြးခဲ ျဖစ္သြားေစႏိုင္ပါတယ္။

          ေသြးေၾကာထံုးတာက အမ်ိဳးသားေရာ၊ အမ်ိဳးသမီးေရာမွာ ျဖစ္ႏိုင္ေပမယ့္ အမ်ိဳးသမီးေတြမွာ ပိုၿပီးအျဖစ္မ်ားပါတယ္။ ေသြးေၾကာထံုးျဖစ္ရတဲ့ အဓိကအေၾကာင္းအရင္းကေတာ့ မ်ိဳး႐ိုးလို္က္တာပါ။ 70% ေလာက္က အေမ (သို႔) အေဖမွာလည္း ဒီလိုျဖစ္တာကို ေတြ႕ရပါတယ္။ စပ်စ္သီးလိုမ်ိဳး ထင္ထင္ရွားရွားႀကီး ဖုေဖာင္းထြက္ေနတာမ်ိဳး ရွိသလုိ မျမင္သာတဲ့ ပင့္ကူမွ်င္လို ေသြးေၾကာအနီေလး၊ အျပာေလးေတြအျဖစ္ ရွိေနတာမ်ိဳးလည္း ရွိပါတယ္။ ပင့္ကူမွ်င္လိုမ်ိဳး ေသြးေၾကာေလးေတြကိုေတာ့ အာထရာေဆာင္း ႐ိုက္ၾကည့္မွပဲ သိႏိုင္ပါတယ္။ လက္ေတြ၊ ေျခေထာက္ေတြနဲ႔ ရင္သားေတြမွာ ျဖစ္တာေတြကို ကုသလို႔ရပါတယ္။

          ေသြးေၾကာထံုးေတြရွိရင္ ေအာက္ပါကုထံုးေတြ ေပးလို႔ရပါတယ္။ လကၡဏာေတြအေပၚ မူတည္ၿပီးေတာ့ အေကာင္းဆံုး နည္းလမ္းေတြကေတာ့ ကြဲျပားႏိုင္ပါတယ္။

●        ေနထိုင္မႈပံုစံ ေျပာင္းလဲျခင္း - အဝလြန္ေနရင္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ပါ၊ လမ္းမ်ားမ်ား ေလွ်ာက္ပါ၊ ေလ့က်င့္ခန္း ပိုလုပ္ပါ၊ တစ္ေနရာတည္းမွာ အၾကာႀကီး မတ္တပ္မရပ္ပါနဲ႔၊ စီးတဲ့ဖိနပ္ေတြ၊ ရွဴးေတြကို ေသခ်ာဂ႐ုစိုက္ပါ၊ ၿပီးေတာ့ အလုပ္မွာ ထို္င္တဲ့ခံုက ကိုယ့္ရဲ႕ေျခေထာက္ေတြ၊ ေနာက္ေက်ာေတြအတြက္ မေကာင္းတဲ့ခံု မျဖစ္ပါေစနဲ႔။

●        Ventonics, Vento-active ေဆးေတြ - ဒီေဆးေတြကေတာ့ ေသြးျပန္ေၾကာနံရံေတြ အားေကာင္းေစဖို႔၊ ေသြးေၾကာထံုးေတြ ပ်က္စီးမႈ ေႏွးေကြးေစဖို႔အတြက္ ေသာက္ေဆးျဖစ္ပါတယ္။

●        အေထာက္အပံ့ေပးႏုိ္င္တဲ့ ေျခအိတ္/ pantyhose - ဒါေတြကေတာ့ အားနည္းေနၿပီးေတာ့ ႀကီးေနတဲ့ အေပၚယံေသြးေၾကာေတြကို ေထာက္ပံ့ေပးၿပီးေတာ့ ဒီေသြးေၾကာထံုးေတြထဲကို ေသြးေတြ ေနာက္ျပန္ ျပန္စီးတာကို ေလ်ာ့က်ေစပါတယ္။ ေသြးေၾကာထံုးေတြ ပိုႀကီးလာတာကို ေႏွးေစၿပီးေတာ့ လကၡဏာေတြကိုလည္း သက္သာေစႏိုင္ပါတယ္။ ၿပီးေတာ့ ေျခေထာက္ ေရာင္တာ၊ အရည္ေတြ စုေနတာကို ထိန္းေပးႏိုင္ပါတယ္။

●        Chemical Ablation/ ထိုးေဆး - ဒါကေတာ့ ေသြးျပန္ေၾကာထဲကို ေဆးရည္ ထိုးထည့္ၿပီးေတာ့ ေသြးျပန္ေၾကာေရာင္ေအာင္ လႈံ႕ေဆာ္ေပးၿပီးေတာ့မွာ stocking, ပတ္တီးစီးၿပီးေတာ့ ဖိႏွိပ္လိုက္တာပါ။

●        ခြဲစိတ္ျခင္း - ကြဲေနတဲ့ ေသြးေၾကာအဆို႔ရွင္ေတြကို ခ်ည္လိုက္ၿပီးေတာ့ မေကာင္းတဲ့ ေသြးျပန္ေၾကာေတြကို ဖယ္ထုတ္လိုက္တာပါ။

●        အပူေပးျခင္း (Thermal ablation using endovenous laser or radiofrequency) - ဒါကေတာ့ ေပါင္ (သို႔) ေျခသလံုးေနာက္မွာရွိတဲ့ ေသြးေၾကာေတြကို အပူေပးၿပီး ဖ်က္ဆီးလိုက္တာပါ။

●        Vein Glue - ဒါကေတာ့ Cyanoacrylate သံုးၿပီးေတာ့ ေသြးေၾကာနံရံေတြကို ေကာ္ကပ္ ပိတ္လိုက္တာပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)

#Unicode Version#
 ခြေထောက် ချိတ်ထိုင်ရုံနဲ့တော့ သွေးကြောမထုံးပါဘူး။ ဒါပေမဲ့ အကြာကြီး ခြေထောက် ချိတ်ထိုင်ရင်တော့ သွေးကြောထုံးတွေနားက သွေးစီးဆင်းမှုကို နှေးစေပြီး သွေးတွေ စုနေစေတဲ့အတွက် ရှိပြီးသား သွေးကြောထုံးတွေကို ပိုဆိုးစေပြီးတော့ သွေးခဲ ဖြစ်သွားစေနိုင်ပါတယ်။

          သွေးကြောထုံးတာက အမျိုးသားရော၊ အမျိုးသမီးရောမှာ ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ သွေးကြောထုံးဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ မျိုးရိုးလိုက်တာပါ။ 70% လောက်က အမေ (သို့) အဖေမှာလည်း ဒီလိုဖြစ်တာကို တွေ့ရပါတယ်။ စပျစ်သီးလိုမျိုး ထင်ထင်ရှားရှားကြီး ဖုဖောင်းထွက်နေတာမျိုး ရှိသလို မမြင်သာတဲ့ ပင့်ကူမျှင်လို သွေးကြောအနီလေး၊ အပြာလေးတွေအဖြစ် ရှိနေတာမျိုးလည်း ရှိပါတယ်။ ပင့်ကူမျှင်လိုမျိုး သွေးကြောလေးတွေကိုတော့ အာထရာဆောင်း ရိုက်ကြည့်မှပဲ သိနိုင်ပါတယ်။ လက်တွေ၊ ခြေထောက်တွေနဲ့ ရင်သားတွေမှာ ဖြစ်တာတွေကို ကုသလို့ရပါတယ်။

          သွေးကြောထုံးတွေရှိရင် အောက်ပါကုထုံးတွေ ပေးလို့ရပါတယ်။ လက္ခဏာတွေအပေါ် မူတည်ပြီးတော့ အကောင်းဆုံး နည်းလမ်းတွေကတော့ ကွဲပြားနိုင်ပါတယ်။

●        နေထိုင်မှုပုံစံ ပြောင်းလဲခြင်း - အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ပါ၊ လမ်းများများ လျှောက်ပါ၊ လေ့ကျင့်ခန်း ပိုလုပ်ပါ၊ တစ်နေရာတည်းမှာ အကြာကြီး မတ်တပ်မရပ်ပါနဲ့၊ စီးတဲ့ဖိနပ်တွေ၊ ရှူးတွေကို သေချာဂရုစိုက်ပါ၊ ပြီးတော့ အလုပ်မှာ ထိုင်တဲ့ခုံက ကိုယ့်ရဲ့ခြေထောက်တွေ၊ နောက်ကျောတွေအတွက် မကောင်းတဲ့ခုံ မဖြစ်ပါစေနဲ့။

●        Ventonics, Vento-active ဆေးတွေ - ဒီဆေးတွေကတော့ သွေးပြန်ကြောနံရံတွေ အားကောင်းစေဖို့၊ သွေးကြောထုံးတွေ ပျက်စီးမှု နှေးကွေးစေဖို့အတွက် သောက်ဆေးဖြစ်ပါတယ်။

●        အထောက်အပံ့ပေးနိုင်တဲ့ ခြေအိတ်/ pantyhose - ဒါတွေကတော့ အားနည်းနေပြီးတော့ ကြီးနေတဲ့ အပေါ်ယံသွေးကြောတွေကို ထောက်ပံ့ပေးပြီးတော့ ဒီသွေးကြောထုံးတွေထဲကို သွေးတွေ နောက်ပြန် ပြန်စီးတာကို လျော့ကျစေပါတယ်။ သွေးကြောထုံးတွေ ပိုကြီးလာတာကို နှေးစေပြီးတော့ လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ပြီးတော့ ခြေထောက် ရောင်တာ၊ အရည်တွေ စုနေတာကို ထိန်းပေးနိုင်ပါတယ်။

●        Chemical Ablation/ ထိုးဆေး - ဒါကတော့ သွေးပြန်ကြောထဲကို ဆေးရည် ထိုးထည့်ပြီးတော့ သွေးပြန်ကြောရောင်အောင် လှုံ့ဆော်ပေးပြီးတော့မှာ stocking, ပတ်တီးစီးပြီးတော့ ဖိနှိပ်လိုက်တာပါ။

●        ခွဲစိတ်ခြင်း - ကွဲနေတဲ့ သွေးကြောအဆို့ရှင်တွေကို ချည်လိုက်ပြီးတော့ မကောင်းတဲ့ သွေးပြန်ကြောတွေကို ဖယ်ထုတ်လိုက်တာပါ။

●        အပူပေးခြင်း (Thermal ablation using endovenous laser or radiofrequency) - ဒါကတော့ ပေါင် (သို့) ခြေသလုံးနောက်မှာရှိတဲ့ သွေးကြောတွေကို အပူပေးပြီး ဖျက်ဆီးလိုက်တာပါ။

●        Vein Glue - ဒါကတော့ Cyanoacrylate သုံးပြီးတော့ သွေးကြောနံရံတွေကို ကော်ကပ် ပိတ်လိုက်တာပါ။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top