ငွက္ေပ်ာသီးဟာ အေအးစာတစ္မ်ိဳးျဖစ္တဲ႔အတြက္ အဆုတ္နဲ႔ အသက္ရွဴ လမ္းေၾကာင္း မွာ ျပႆနာ ရွိသူေတြ အတြက္ေတာ႔ အႏၱရာယ္ ရွိပါတယ္။

ငွက္ေပ်ာသီး ဆိုရင္ ဖီးၾကမ္း စားမလား။ သီးေမႊးစားမလား။ ေရႊနီစားမလား။ ရခိုင္စားမလား။ သူ႔အမ်ိဳးအစားနဲ႔သူ ေမႊးႀကိဳင္ၿပီး ခ်ိဳျမတဲ႔ အရသာတစ္ခုကို ရရွိေစႏိုင္မွာပါ။

ေနာက္ၿပီး ငွက္ေပ်ာသီး စားျခင္းကေန က်န္းမာေရးနဲ႔ အလွအပဆိုင္ရာ အက်ိဳးေက်းဇူး ေတြကို လည္း ရရွိေစႏိုင္မွာပါ။

ဒါေပမယ္႔ ငွက္ေပ်ာသီး မွာလည္း ေဘးထြက္ ဆိုးက်ိဳး ေတြ (side-effects) ရွိေနပါေသးတယ္။

အဲဒီ ေဘးထြက္ ဆိုးက်ိဳး ေတြကို သိထားရင္ မိမိနဲ႔ ကိုက္ညီမႈ ရွိမရွိ ဆံုးျဖတ္ၿပီး အက်ိဳးရွိရွိ စားသံုးႏိုင္မွာပါေနာ္။

၁. ခြ်ဲထေစတယ္

ပန္းနာသမား ေတြဆိုရင္ေတာ႔ ဒီအေၾကာင္းကို သိေကာင္းသိမွာပါ။ ငွက္ေပ်ာသီး ဟာ အေအးစာ တစ္မ်ိဳးျဖစ္တဲ႔အတြက္ အဆုတ္နဲ႔ အသက္ရွဴ လမ္းေၾကာင္း မွာ ျပႆနာရွိသူေတြအတြက္ေတာ႔ အႏၱရာယ္ရွိပါတယ္။

အဲဒါကေတာ႔ ခြ်ဲထေစႏိုင္တာပါပဲ။ ေနာက္ၿပီး အသက္ရွဴ လမ္းေၾကာင္း ဆိုင္ရာ ျပႆနာတခ်ိဳ႕ ကိုလည္း ေဆာင္ၾကဥ္းလာႏိုင္ပါေသးတယ္။

ငွက္ေပ်ာသီး စားသံုးမႈေၾကာင္႔ အသက္ရွဴ လမ္းေၾကာင္း ပိတ္ဆို႕မႈ ျဖစ္ႏိုင္ေျခရွိပါတယ္။

အဲဒီကမွတဆင္႔ အသက္ရွဴရ ခက္ခဲျခင္း၊ အစာမ်ိဳခ်ရခက္ခဲျခင္း၊ ရင္ဝမွာ ခြ်ဲပိတ္ဆို႔ျခင္းေတြ ျဖစ္ေစႏိုင္ပါတယ္။ အေျခအေန ဆိုးရြားရင္ ခြ်ဲဆို႔ၿပီး ေသတတ္ပါတယ္။

၂. ဝိတ္တက္ ေစမယ္

အာလူးေၾကာ္တို႔၊ ကိုကာကိုလာတို႔ထက္ စာရင္ေတာ႔ ငွက္ေပ်ာသီးေတြက ကယ္လိုရီပါဝင္မႈ ပိုနည္းတာ အမွန္ပါပဲ။

ဒါေပမယ္႔ သူတို႔မွာ ခင္ဗ်ားကို ဝိတ္တက္ေစႏိုင္တဲ႔ ကယ္လိုရီပမာဏေတာ႔ လံုေလာက္စြာ ပါဝင္ေနပါတယ္။

ငွက္ေပ်ာသီး အရြယ္ခပ္လတ္လတ္တစ္လံုးမွာ (၁၀၅) ကယ္လိုရီပါဝင္ပါတယ္။ ဒါဟာ လိေမၼာ္သီးတစ္လံုးမွာပါဝင္တဲ႔ ကယ္လိုရီ (၆၂)၊ ဖရဲသီး တစ္ပန္းကန္မွာ ပါဝင္တဲ႔ ကယ္လိုရီ (၄၅)၊ စပ်စ္သီး တစ္ပန္းကန္မွာ ပါဝင္တဲ႔ ကယ္လိုရီ (၆၂) တို႔နဲ႔ႏႈိင္းယွဥ္ရင္ေတာ႔ ေတာ္ေတာ္မ်ားတယ္လို႔ ဆိုႏုိင္ပါတယ္။

ဒါေၾကာင္႔ ကယ္လိုရီနည္းတဲ႔ မုန္႔ပဲသေရစာ တစ္ခုခုကို ရွာေနတယ္ဆိုရင္ေတာ႔ ငွက္ေပ်ာသီး က အေကာင္းဆံုး ေရြးခ်ယ္မႈတစ္ခု မဟုတ္ပါဘူး။

၃. ေခါင္းကိုက္ ေစတယ္

တကယ္လို႔ ခင္ဗ်ားဟာ မၾကာခဏ ေခါင္းကိုက္ ေခါင္းမူးတတ္တယ္ဆိုရင္ေတာ႔ ငွက္ေပ်ာသီး စားသံုးျခင္းကို အထူးေရွာင္ၾကဥ္ သင္႔ပါတယ္။

ဒိန္ခဲ၊ ငါး၊ အသားနဲ႔ ငွက္ေပ်ာသီးထဲမွာ ေတြ႕ရတတ္တဲ႔ Tyramine လို႔ေခၚတဲ႔ အရာတစ္မ်ိဳးဟာ ေခါင္းကိုက္ျခင္း ေဝဒနာေတြကို ျဖစ္ေစႏိုင္ပါတယ္။

အထူးသျဖင္႔ ငွက္ေပ်ာခြံေပၚက Tyramine ပမာဏက ငွက္ေပ်ာသီးအသားထက္ (၁၀) ဆ ေလာက္ ပိုမ်ားပါသတဲ႔။

၄. သြားကိုက္သြားနာေစမယ္

ကစီဓာတ္ၾကြယ္ဝတဲ႔ ငွက္ေပ်ာသီးေတြဟာ သြားကိုက္သြားနာျခင္းနဲ႔ သြားအေပၚယံေၾကြလႊာ ပ်က္ဆီးျခင္းေတြကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

ေဆးဘက္ဆိုင္ရာ ေလ႔လာမႈေတြအရေတာ႔ ငွက္ေပ်ာသီးေတြက ေခ်ာကလက္၊ ပီေက၊ အနီေရာင္ႏြယ္ခ်ိဳတို႔ ထက္ေတာင္ပိုၿပီး ခံတြင္းက်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

ဘာေၾကာင္႔လဲဆိုေတာ႔ ကစီဓာတ္ေတြက ခံတြင္းထဲမွာ ေႏွးေကြးစြာ ေပ်ာ္ဝင္ၿပီး သၾကားေတြ ကေတာ႔ ျမန္ဆန္စြာ ေပ်ာ္ဝင္ႏိုင္လို႔ပါပဲ။

ဒါေၾကာင္႔ ငွက္ေပ်ာသီးစားထားရင္ ငွက္ေပ်ာသီးဖတ္ေလးေတြက သြားေတြၾကားမွာ ႏွစ္နာရီ ဝန္းက်င္ကပ္ေနႏိုင္ၿပီး ဘက္တီးရီးယားေတြကို ဖိတ္ေခၚေနႏိုင္ပါတယ္။ အဲဒီကမွတဆင္႔ သြားပိုးေပါက္ေတြ ျဖစ္လာႏိုင္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
#Unicode Versio#
ငှက်ပျောသီးဟာ အအေးစာတစ်မျိုးဖြစ်တဲ့အတွက် အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်း မှာ ပြဿနာ ရှိသူတွေ အတွက်တော့ အန္တရာယ် ရှိပါတယ်။

ငှက်ပျောသီး ဆိုရင် ဖီးကြမ်း စားမလား။ သီးမွှေးစားမလား။ ရွှေနီစားမလား။ ရခိုင်စားမလား။ သူ့အမျိုးအစားနဲ့သူ မွှေးကြိုင်ပြီး ချိုမြတဲ့ အရသာတစ်ခုကို ရရှိစေနိုင်မှာပါ။

နောက်ပြီး ငှက်ပျောသီး စားခြင်းကနေ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူး တွေကို လည်း ရရှိစေနိုင်မှာပါ။

ဒါပေမယ့် ငှက်ပျောသီး မှာလည်း ဘေးထွက် ဆိုးကျိုး တွေ (side-effects) ရှိနေပါသေးတယ်။

အဲဒီ ဘေးထွက် ဆိုးကျိုး တွေကို သိထားရင် မိမိနဲ့ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ပြီး အကျိုးရှိရှိ စားသုံးနိုင်မှာပါနော်။

၁. ချွဲထစေတယ်

ပန်းနာသမား တွေဆိုရင်တော့ ဒီအကြောင်းကို သိကောင်းသိမှာပါ။ ငှက်ပျောသီး ဟာ အအေးစာ တစ်မျိုးဖြစ်တဲ့အတွက် အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်း မှာ ပြဿနာရှိသူတွေအတွက်တော့ အန္တရာယ်ရှိပါတယ်။

အဲဒါကတော့ ချွဲထစေနိုင်တာပါပဲ။ နောက်ပြီး အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ပြဿနာတချို့ ကိုလည်း ဆောင်ကြဉ်းလာနိုင်ပါသေးတယ်။

ငှက်ပျောသီး စားသုံးမှုကြောင့် အသက်ရှူ လမ်းကြောင်း ပိတ်ဆို့မှု ဖြစ်နိုင်ခြေရှိပါတယ်။

အဲဒီကမှတဆင့် အသက်ရှူရ ခက်ခဲခြင်း၊ အစာမျိုချရခက်ခဲခြင်း၊ ရင်ဝမှာ ချွဲပိတ်ဆို့ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အခြေအနေ ဆိုးရွားရင် ချွဲဆို့ပြီး သေတတ်ပါတယ်။

၂. ဝိတ်တက် စေမယ်

အာလူးကြော်တို့၊ ကိုကာကိုလာတို့ထက် စာရင်တော့ ငှက်ပျောသီးတွေက ကယ်လိုရီပါဝင်မှု ပိုနည်းတာ အမှန်ပါပဲ။

ဒါပေမယ့် သူတို့မှာ ခင်ဗျားကို ဝိတ်တက်စေနိုင်တဲ့ ကယ်လိုရီပမာဏတော့ လုံလောက်စွာ ပါဝင်နေပါတယ်။

ငှက်ပျောသီး အရွယ်ခပ်လတ်လတ်တစ်လုံးမှာ (၁၀၅) ကယ်လိုရီပါဝင်ပါတယ်။ ဒါဟာ လိမ္မော်သီးတစ်လုံးမှာပါဝင်တဲ့ ကယ်လိုရီ (၆၂)၊ ဖရဲသီး တစ်ပန်းကန်မှာ ပါဝင်တဲ့ ကယ်လိုရီ (၄၅)၊ စပျစ်သီး တစ်ပန်းကန်မှာ ပါဝင်တဲ့ ကယ်လိုရီ (၆၂) တို့နဲ့နှိုင်းယှဉ်ရင်တော့ တော်တော်များတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ကယ်လိုရီနည်းတဲ့ မုန့်ပဲသရေစာ တစ်ခုခုကို ရှာနေတယ်ဆိုရင်တော့ ငှက်ပျောသီး က အကောင်းဆုံး ရွေးချယ်မှုတစ်ခု မဟုတ်ပါဘူး။

၃. ခေါင်းကိုက် စေတယ်

တကယ်လို့ ခင်ဗျားဟာ မကြာခဏ ခေါင်းကိုက် ခေါင်းမူးတတ်တယ်ဆိုရင်တော့ ငှက်ပျောသီး စားသုံးခြင်းကို အထူးရှောင်ကြဉ် သင့်ပါတယ်။

ဒိန်ခဲ၊ ငါး၊ အသားနဲ့ ငှက်ပျောသီးထဲမှာ တွေ့ရတတ်တဲ့ Tyramine လို့ခေါ်တဲ့ အရာတစ်မျိုးဟာ ခေါင်းကိုက်ခြင်း ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

အထူးသဖြင့် ငှက်ပျောခွံပေါ်က Tyramine ပမာဏက ငှက်ပျောသီးအသားထက် (၁၀) ဆ လောက် ပိုများပါသတဲ့။

၄. သွားကိုက်သွားနာစေမယ်

ကစီဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးတွေဟာ သွားကိုက်သွားနာခြင်းနဲ့ သွားအပေါ်ယံကြွေလွှာ ပျက်ဆီးခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဆေးဘက်ဆိုင်ရာ လေ့လာမှုတွေအရတော့ ငှက်ပျောသီးတွေက ချောကလက်၊ ပီကေ၊ အနီရောင်နွယ်ချိုတို့ ထက်တောင်ပိုပြီး ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကစီဓာတ်တွေက ခံတွင်းထဲမှာ နှေးကွေးစွာ ပျော်ဝင်ပြီး သကြားတွေ ကတော့ မြန်ဆန်စွာ ပျော်ဝင်နိုင်လို့ပါပဲ။

ဒါကြောင့် ငှက်ပျောသီးစားထားရင် ငှက်ပျောသီးဖတ်လေးတွေက သွားတွေကြားမှာ နှစ်နာရီ ဝန်းကျင်ကပ်နေနိုင်ပြီး ဘက်တီးရီးယားတွေကို ဖိတ်ခေါ်နေနိုင်ပါတယ်။ အဲဒီကမှတဆင့် သွားပိုးပေါက်တွေ ဖြစ်လာနိုင်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top