





ဗွီဒီယိုဖိုင်ကြည့်ရန်=>https://youtu.be/-pnlnMOoslw
Credit:Thutasone

#Unicode Version#
အစိုင်းဆိုတဲ့ ယမာကာလုလင် တစ်ယောက် အရက်ပုလင်းအဖုံးမှာ ကံစမ်းမဲ ပါတာ ဖုန်းဆက်လို့ မရလို့ ရင်ဖွင့်လာတာကို တွေ့ရပါတယ်..။

အရက်သောက်တာလည်း အစုံသောက်တယ်.. ဘာအရက်မှ အရွေးဘူး အရက်ဆိုရင် အကုန်ချတာပဲတဲ့.. အရက်မှန်ကန်တယ်ဆိုရင် အစုံသောက်ပါတယ်… တစ်ခါ တစ်လေကျတော့လည်း ကိုယ့်ဟာကိုယ် ဘာတွေ သောက်လို့ သောက်မိမှန်းမသိပဲ ၂ပင်၊၃ပင်၊၄/၅ပင်လိမ်အောင်လည်း သောက်တယ်…

ပုလင်းအဖုံးမှာ သိန်း၆ဝဝဆိုတာတွေ့လို့ ဖုန်းဆက်ကြည့်တာ စက်ပိတ်ထားတယ်.. ကံစမ်းမဲ ပေါက်တဲ့ အဖုံးက ကျွန်တော့်ရဲ့ ဘောင်းဘီအိပ်ထဲကနောက်မှတွေ့တာပါ.။ တကယ်ဟုတ်လား မဟုတ်လားတော့ မသိဘူး။ ဖုန်းဆက်ကြည့်တော့လည်း မရဘူး ဖုန်းပိတ်ထားတယ်။

ဒီလိုမျိုး မသေချာ မရေရာပဲနဲ့ လည်း ထည့်ဖို့လည်း မသင့်ဘူး။ သေချာမှ ထည့်ကြပါ ဒါလိမ်တာတစ်ခုပဲလို့ပဲထင်တယ်။ ဘာမှ မပြင်ဆင်ထားဘူး ဖုန်းတောင် ဆက်လို့မရဘူးဆိုတော့ ကျွန်တော် ဘယ်လိုပြင်ဆင်ထားရမလဲလို့လည်း ပြောထားတာ တွေ့ရပါတယ်။

ဒီ ဗွီဒီယိုဖိုင်လေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်..။ အရက်ကို အလွန်အကျွံသောက်ပြီး မနက်ရော ညရော သောက်တဲ့လူငယ်တစ်ယောက်ဖြစ်လိမ့်မယ်ထင်ပါတယ်..။ အရက်ကို အလွန်အကျွံသောက်တော့ ဆင်ခြင်နိုင်မှု အမှားအမှန် ဝေဖန်ခွဲခြားနိုင်မှု အားနည်းနေတာလည်းဖြစ်နိုင်ပါတယ်.။

လက်ရှိသူကြုံတွေ့နေရတဲ့ အဖြစ်အပျက် အရက်ပုလင်းအဖုံးက သိန်း (၆၀၀) ကံစမ်းမဲ အိပ်မက်ဆိုတာ အမှန်တကယ်တော့ တိုင်ဆိုင်မှုတစ်ခုပါ။ SHARK အချိုရည် ဗူးခွံကနေ တဆင့် အရက်ပုလင်း အဖုံးလုပ်ထားတဲ့ သံပြားပေါ်မှာပါလာတဲ့ ကံစမ်းမဲ ကြော်ငြာ တံဆိပ်ပါ။ ဒီတိုက်ဆိုင်မှုကို သူမသိလို့ မတွေးတတ်တော့ သူသောက်တဲ့ အရက်ပုလင်းကနေ ကံစမ်းမဲ ပေါက်တယ်လို့ ထင်သွားတာ ဖြစ်ပါတယ်။ ဖုန်းနံပါတ်ကလည်း ပါနေတော့ ဖုန်းဆက်ကြည့်တယ် ဖုန်ဆက်မရတော့ ဝေေ၀ဝါးဝါးတွေဖြစ်ပြီး ရင်ဖွင့်လာတာဖြစ်ပါတယ်။

စိတ်မကောင်းပါဘူး အစိုင်းရေ။ အနီးအနားမှ နားလည်ပြီး ဖြစ်စဉ် အမှန်ကို ပြောပြပေးပြီး သူ့ရဲ့ေ၀ဝါးနေတဲ့ မျှော်လင့်ချက်ကို ဖြေဖျောက်ပေးနိုင်တဲ့သူမှ ပြောပြပေးစေချင်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thutasone


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top