သားသမီးမ်ားစြာနဲ႕ သိုက္သိုက္ဝန္းဝန္းေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနခ်င္တဲ့ စိတ္ဆႏၵရွိတဲ့ ေရာ္နယ္ဒိုဟာ Georgina နဲ႕မတြဲခင္ကတည္းက အငွားကိုယ္ဝန္ေဆာင္မ်ားနဲ႕ သားသမီးေတြ ေမြးထုတ္ခဲ့ပါတယ္။ Georgina နဲ႕ကလည္း ဟိုးတစ္ႏွစ္ကမွ ကိုယ္ဝန္ရကာ သမီးေလး Alana ကို ေမြးခဲ့ပါေသးတယ္။

ေရာနယ္ဒိုနဲ႕ Georgina လက္ထပ္ေတာ့မယ္ဆိုတဲ့ သတင္းေတြကေတာ့ သူတုိ႕စတြဲကတည္းက မိႈလိုေပါက္ေအာင္ ထြက္ေနခဲ့ၾကတာပါ။ သုိ႕ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ကပဲ ကမၻာေက်ာ္ေဘာလံုးသမားတစ္ဦးျဖစ္တဲ့ ေရာ္နယ္ဒိုဟာ လိင္ပိုင္းဆိုင္ရာလိမ္လည္ လွည့္ဖ်ားက်ဴးလြန္မႈျဖင့္ တရားစြဲဆိုျခင္းခံခဲ့ရပါတယ္။
ဒီအျပင္ Georgina ရဲ႕ ဖခင္ဟာလည္း အသက္ႀကီးေရာဂါေၾကာင့္ ကြယ္လြန္ခဲ့ပါေသးတယ္။ ခ်စ္သူက အမႈရင္ဆိုင္ေနတုန္း ဖခင္ကပါ ကြယ္လြန္းသြားတဲ့အတြက္ Georgina အတြက္ေတာ့ သိပ္ၾကမ္းတမ္းခဲ့တဲ့ အခ်ိန္ေတြျဖစ္ခဲ့ရပါတယ္။
ဒီအျပင္ အငွားကိုယ္ဝန္ေဆာင္နဲ႕ေမြးထားတဲ့ အသက္ (၈) ႏွစ္အရြယ္ Cristaninho, အသက္ (၂) ႏွစ္ျပည့္ေတာ့မယ့္ Eva နဲ႔ Mateo အမႊာႏွစ္ေယာက္အျပင္ Georgina နဲ႕ရထားတဲ့ Alana တုိ႕ကိုပါ Georgina တစ္ဦးတည္း အမ်ားဆံုးထိန္းေနရာတာမုိ႕ ပင္ပန္းမႈေတြရွိေနခဲ့ပါတယ္။

ဒါေၾကာင့္အခုတေလာသတင္းထြက္ေနတဲ့ ေရာ္နယ္ဒိုနဲ႕သူမတို႕ရဲ႕မဂၤလာပဲြဟာ လုပ္ျဖစ္ဦးမွာမဟုတ္ေသးဘူးလို႕ဆိုပါတယ္။ မဂၤလာေဆာင္ဖို႕ေနေနသာသာ ႏွစ္ဦးလံုးမွာ ကိုယ္စီအလုပ္ေတြအရမ္းရရႈပ္ေနတာေၾကာင့္ လက္ထပ္ခြင့္ေတာင္ အေတာင္းမခံရေသး ပါဘူးတဲ့။ ၾကည္ႏူးဖို႕အခ်ိန္ေတာင္မရွိဘဲ အခ်င္းခ်င္းေဖးမေနၾကတယ္လို႕လည္းဆိုပါတယ္။
သို႔ေပမယ့္ အကယ္၍မ်ား ေရာ္နယ္ဒိုသာ Georgina ကို လက္ထပ္ခြင့္ေတာင္းခဲ့မယ္ဆိုရင္ေတာ့ ခ်က္ခ်င္းေတာင္ ယူပစ္ေတာ့မယ္လို႕ Georgina ကေျပာခဲ့ပါတယ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #
ရော်နယ်ဒိုဟာ မော်ဒယ်တစ်ဦးဖြစ်တဲ့ Georgina Rodriguez နဲ့ ၂၀၁၆ ခုနှစ်ကတည်းက ပေါ်ပေါ်ထင်ထင်တွဲခဲ့ကြတာပါ။
သားသမီးများစွာနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ပျော်ရွှင်ရွှင်နေချင်တဲ့ စိတ်ဆန္ဒရှိတဲ့ ရော်နယ်ဒိုဟာ Georgina နဲ့မတွဲခင်ကတည်းက အငှားကိုယ်ဝန်ဆောင်များနဲ့ သားသမီးတွေ မွေးထုတ်ခဲ့ပါတယ်။ Georgina နဲ့ကလည်း ဟိုးတစ်နှစ်ကမှ ကိုယ်ဝန်ရကာ သမီးလေး Alana ကို မွေးခဲ့ပါသေးတယ်။
ရောနယ်ဒိုနဲ့ Georgina လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေကတော့ သူတို့စတွဲကတည်းက မှိုလိုပေါက်အောင် ထွက်နေခဲ့ကြတာပါ။ သို့ပေမယ့် ပြီးခဲ့တဲ့နှစ်ကပဲ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ လိင်ပိုင်းဆိုင်ရာလိမ်လည် လှည့်ဖျားကျူးလွန်မှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။
ဒီအပြင် Georgina ရဲ့ ဖခင်ဟာလည်း အသက်ကြီးရောဂါကြောင့် ကွယ်လွန်ခဲ့ပါသေးတယ်။ ချစ်သူက အမှုရင်ဆိုင်နေတုန်း ဖခင်ကပါ ကွယ်လွန်းသွားတဲ့အတွက် Georgina အတွက်တော့ သိပ်ကြမ်းတမ်းခဲ့တဲ့ အချိန်တွေဖြစ်ခဲ့ရပါတယ်။
ဒီအပြင် အငှားကိုယ်ဝန်ဆောင်နဲ့မွေးထားတဲ့ အသက် (၈) နှစ်အရွယ် Cristaninho, အသက် (၂) နှစ်ပြည့်တော့မယ့် Eva နဲ့ Mateo အမွှာနှစ်ယောက်အပြင် Georgina နဲ့ရထားတဲ့ Alana တို့ကိုပါ Georgina တစ်ဦးတည်း အများဆုံးထိန်းနေရာတာမို့ ပင်ပန်းမှုတွေရှိနေခဲ့ပါတယ်။
ဒါကြောင့်အခုတလောသတင်းထွက်နေတဲ့ ရော်နယ်ဒိုနဲ့သူမတို့ရဲ့မင်္ဂလာပွဲဟာ လုပ်ဖြစ်ဦးမှာမဟုတ်သေးဘူးလို့ဆိုပါတယ်။ မင်္ဂလာဆောင်ဖို့နေနေသာသာ နှစ်ဦးလုံးမှာ ကိုယ်စီအလုပ်တွေအရမ်းရရှုပ်နေတာကြောင့် လက်ထပ်ခွင့်တောင် အတောင်းမခံရသေး ပါဘူးတဲ့။ ကြည်နူးဖို့အချိန်တောင်မရှိဘဲ အချင်းချင်းဖေးမနေကြတယ်လို့လည်းဆိုပါတယ်။
သို့ပေမယ့် အကယ်၍များ ရော်နယ်ဒိုသာ Georgina ကို လက်ထပ်ခွင့်တောင်းခဲ့မယ်ဆိုရင်တော့ ချက်ချင်းတောင် ယူပစ်တော့မယ်လို့ Georgina ကပြောခဲ့ပါတယ်
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia