20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

အရင္ကတည္း ပရိသတ္အားေပးမႈ ရထားတဲ့ အက္ရွင္မင္းသား ေနထက္လင္းကေတာ့ လက္ရွိျမန္မာႏိုင္ငံ အႏုပညာေလာကမွာ ျဖစ္ပ်က္ေနတာေတြနဲ႔ ဘယ္လိုမ်ိဳးကားမ်ိဳးကို အကယ္ဒမီေပးသင့္လည္းဆိုတာကို ေျပာၾကားသြားခဲ့ပါတယ္။ အက္ရွင္သရုပ္ေဆာင္ ေနထက္လင္းကေတ့ာ We နဲ႔ အင္တာဗ်ဴးတြင္ ကမာၻနဲ႔ ယွဥ္ရင္ ျမန္မာက ေနာက္က်က်န္ခဲ့တဲ့ အေပၚမွာ “မွန္ပါတယ္။ ေျပာရမွာလည္း အားနာတယ္။ လူဆိုတာ ေမြးကတည္းက ဘာမွမတတ္ဘူး။ ရွက္ေနစရာမလိုဘူး။ ကြ်န္ေတာ္တို႔ႏိုင္ငံ ဘာလို႔ေနာက္က်လဲ ကြ်န္ေတာ္အျမဲတမ္းေျပာတယ္။ အပ်ိဳၾကီးေတြလိုပဲ။ ရွက္ေနတယ္။ ကိုယ့္ကို လာၾကိဳက္တဲ့လူမွ ျပန္ျပီးေတာ့ ၾကိဳက္ေနတာကို အဲ့ေတာ့ အဲ့အပ်ိဳၾကီးက တျဖည္းျဖည္းနဲ႔ အသက္ ၄၀ ကေန ၅၀ ေရာက္လာေတာ့ ယူမယ့္ေယာက်ာ္းလည္း မရွိေတာ့ဘူး။

ကြ်န္ေတာ္တို႔ႏိုင္ငံလည္း အဲ့လိုျဖစ္ေနတယ္။ ကိုယ္ဆီလာတဲ့သူကိုပဲ ေမွ်ာ္ေနတယ္။ အျပင္မွာသြားရွာျပီး မေလ့လာဘူး။ ကမာၻၾကီးက ဖြင့္ေပးထားတာပဲ။ ဘယ္ႏိုင္ငံမဆိုသြားသင္လို႔ရတာပဲေလ။ ကြ်န္ေတာ္တုိ႔က အျပဳသေဘာေျပာတာ။ အပ်က္သေဘာ ေျပာတာ မဟုတ္ဘူး။ ကုိယ့္ဆီက လူေတြကို ႏိုင္ငံျခားလႊတ္ရမယ္။ ျပီးေတာ့ အတတ္ပညာရလို႔ရွိရင္ ကိုယ့္ႏိုင္ငံကို ျပန္ျပီးေတာ့ ထူေထာင္။ အဲ့အတြက္ ဝန္ၾကီးဌာနမွာလည္း တာဝန္ရွိတယ္။ အစည္းအရံုးေတြမွာလည္း တာဝန္ရွိတယ္။

ကြ်န္ေတာ္က ေတာင္းဆိုေနလို႔ ကြ်န္ေတာ့္မွာ လုပ္ပိုင္ခြင့္မရွိဘူး။ ေငြအင္အားလည္း မရွိဘူး။ အေတြးအေခၚပဲ ရွိတယ္။ အခုလာလုပ္ျပေတာ့ အကုန္လံုးက ထိတ္လန္႔ျပီးေတာ့ ျပာေနၾကတယ္။ ကမာၻၾကီးက အဲ့လိုေျပာင္းလဲသြားတာ ၾကာျပီပဲ။ ခင္ဗ်ားတို႔ ဘာလုပ္ေနၾကတာလဲ။ အိပ္ေနၾကတာလား။ တခါလာလည္း ဒီႏိုင္ငံေရးပဲ တည္ေဆာက္ေနၾကတယ္။ ဒါေၾကာင့္ ကမာၻၾကီးနဲ႔ ယွဥ္ရင္ ျမန္မာဆိုတာ ဘယ္သူမွမသိဘူး။ ကိုယ့္ဘာကိုယ္ လက္ခေမာင္းခတ္ မေနၾကနဲ႔။ ျမန္မာလို႔ ထေအာ္လို႔ ဘယ္သူမွ မသိဘူး။ ျမန္မာဆိုတာ သိဖို႔အတြက္ ကြ်န္ေတာ္တို႔ကေတာ့ ရုပ္ရွင္ေတြ ဂီတေတြနဲ႔ ထိုးေဖာက္ရမွာ”

ေပါကားေတြ ရိုက္ျပီး အကယ္ဒမီမွန္းေနၾကတဲ့ အေပၚမွာေတာ့ “အဲ့ဒါကေတာ့ ရွက္စရာေကာင္းပါတယ္။ ကြ်န္ေတာ္တို႔ ေပါေပါေလာေလာကားေတြ ရိုက္ျပီး အကယ္ဒမီေတြမွန္း မ်က္ရည္က်တာေတြက တခန္းႏွစ္ခန္းေလာက္ပါျပီး အကယ္ဒမီေတြ ေလွ်ာက္မွန္း ကိုယ့္ကိုကိုယ္ မရွက္ဘူးလားလို႔ ေမးလိုက္ပါ အဲ့လိုမ်ိဳးလူေတြကို စရိုက္ကတည္းက သူတို႔က ပိုက္ဆံကို ေစ်းတြက္တြက္ျပီးေတာ့ ရိုက္တဲ့လူေတြက ဘာလုိ႔ အကယ္ဒမီေတြ မွန္းေနၾကတာလဲ။ ကိုယ့္ဘာကိုယ္ ပိုက္ဆံရရင္ ျပီးေရာေပါ့။ အကယ္ဒမီကို ရုပ္ရွင္သမားတို႔ မည္သည္ မွန္းျပီးေတာ့ မရိုက္ရဘူး။ မွန္းရိုက္လိုက္ျပီဆိုတာနဲ႔ ကိုယ့္ကိုကုိယ္ ညာတာပဲ။ အဲ့ေၾကာင့္ ကြ်န္ေတာ္ကေတာ့ ဘယ္ကားမွ မၾကည့္ဘူး။ ဘာလို႔လဲဆိုေတာ့ ၾကိဳက္မွမၾကိဳက္တာ။ အခုေနာက္ပိုင္းရိုက္တဲ့ကားေတြေတာ့ ေကာင္းလာတယ္။ ရီစရာကားေတြ မဟုတ္ေတာ့ဘူး။ ပညာေပးေလးေတြ ပါလာျပီ။

ရီစရာကားရိုက္ျပီးေတာ့ အကယ္ဒမီမွန္းတာကေတာ့ သိပ္ျပီးေတာ့ အဓိပၸါယ္မရွိေတာ့ဘူးလို႔ ထင္ပါတယ္။ ျပည္သူအတြက္လည္း မက်န္ဘူး။ ၾကည့္တဲ့သူေတြအတြက္ေတာ့ ၁ ေထာင္ ၂ ေထာင္နဲ႔ ၾကည့္ရတာ အေမာေျပတာေပါ့။ အကယ္ဒမီကိုလည္း အဲ့လို ဟာသကားေတြကို ဘယ္သူက ေပးမွာတုန္း။ ျပည္သူအတြက္ အက်ိဳးျပဳရမယ္ ပိုက္ဆံရခ်င္မွရမယ္။ ဒါမွ အကယ္ဒမီမွန္းလို႔ ရမယ္ေလ။ အေတြးေခၚေတြကလည္း ေတာ္ေတာ္ကို ေျပာင္းလဲရပါမယ္။ အေျခာက္လုပ္တိုင္းလည္း ေပးလို႔မရဘူး။ ဒီေခတ္မွာ အေျခာက္လုပ္ရတာ လြယ္လာတယ္။ အခ်က္ေတြ ေထာင့္စိေအာင္ ေကာင္းေနမွ စီစစ္ျပီးေတာ့ ေပးသင့္တာေပါ့။ မရရင္လည္း ေဇာတက တက္စရာမလိုဘူး။ အဖြဲ႔နဲ႔ ေရြးတာေလ။ အဲ့ဒါေၾကာင့္ မွားစရာေတာ့ မရွိပါဘူး။ မရရင္ ေနာက္တခါၾကိဳးစားေလ။ ဒါပဲရွိတာေပါ့” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

အရင်ကတည်း ပရိသတ်အားပေးမှု ရထားတဲ့ အက်ရှင်မင်းသား နေထက်လင်းကတော့ လက်ရှိမြန်မာနိုင်ငံ အနုပညာလောကမှာ ဖြစ်ပျက်နေတာတွေနဲ့ ဘယ်လိုမျိုးကားမျိုးကို အကယ်ဒမီပေးသင့်လည်းဆိုတာကို ပြောကြားသွားခဲ့ပါတယ်။ အက်ရှင်သရုပ်ဆောင် နေထက်လင်းကတေ့ာ We နဲ့ အင်တာဗျူးတွင် ကမ္ဘာနဲ့ ယှဉ်ရင် မြန်မာက နောက်ကျကျန်ခဲ့တဲ့ အပေါ်မှာ “မှန်ပါတယ်။ ပြောရမှာလည်း အားနာတယ်။ လူဆိုတာ မွေးကတည်းက ဘာမှမတတ်ဘူး။ ရှက်နေစရာမလိုဘူး။ ကျွန်တော်တို့နိုင်ငံ ဘာလို့နောက်ကျလဲ ကျွန်တော်အမြဲတမ်းပြောတယ်။ အပျိုကြီးတွေလိုပဲ။ ရှက်နေတယ်။ ကိုယ့်ကို လာကြိုက်တဲ့လူမှ ပြန်ပြီးတော့ ကြိုက်နေတာကို အဲ့တော့ အဲ့အပျိုကြီးက တဖြည်းဖြည်းနဲ့ အသက် ၄၀ ကနေ ၅၀ ရောက်လာတော့ ယူမယ့်ယောကျာ်းလည်း မရှိတော့ဘူး။

ကျွန်တော်တို့နိုင်ငံလည်း အဲ့လိုဖြစ်နေတယ်။ ကိုယ်ဆီလာတဲ့သူကိုပဲ မျှော်နေတယ်။ အပြင်မှာသွားရှာပြီး မလေ့လာဘူး။ ကမ္ဘာကြီးက ဖွင့်ပေးထားတာပဲ။ ဘယ်နိုင်ငံမဆိုသွားသင်လို့ရတာပဲလေ။ ကျွန်တော်တို့က အပြုသဘောပြောတာ။ အပျက်သဘော ပြောတာ မဟုတ်ဘူး။ ကိုယ့်ဆီက လူတွေကို နိုင်ငံခြားလွှတ်ရမယ်။ ပြီးတော့ အတတ်ပညာရလို့ရှိရင် ကိုယ့်နိုင်ငံကို ပြန်ပြီးတော့ ထူထောင်။ အဲ့အတွက် ဝန်ကြီးဌာနမှာလည်း တာဝန်ရှိတယ်။ အစည်းအရုံးတွေမှာလည်း တာဝန်ရှိတယ်။

ကျွန်တော်က တောင်းဆိုနေလို့ ကျွန်တော့်မှာ လုပ်ပိုင်ခွင့်မရှိဘူး။ ငွေအင်အားလည်း မရှိဘူး။ အတွေးအခေါ်ပဲ ရှိတယ်။ အခုလာလုပ်ပြတော့ အကုန်လုံးက ထိတ်လန့်ပြီးတော့ ပြာနေကြတယ်။ ကမ္ဘာကြီးက အဲ့လိုပြောင်းလဲသွားတာ ကြာပြီပဲ။ ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။ အိပ်နေကြတာလား။ တခါလာလည်း ဒီနိုင်ငံရေးပဲ တည်ဆောက်နေကြတယ်။ ဒါကြောင့် ကမ္ဘာကြီးနဲ့ ယှဉ်ရင် မြန်မာဆိုတာ ဘယ်သူမှမသိဘူး။ ကိုယ့်ဘာကိုယ် လက်ခမောင်းခတ် မနေကြနဲ့။ မြန်မာလို့ ထအော်လို့ ဘယ်သူမှ မသိဘူး။ မြန်မာဆိုတာ သိဖို့အတွက် ကျွန်တော်တို့ကတော့ ရုပ်ရှင်တွေ ဂီတတွေနဲ့ ထိုးဖောက်ရမှာ”

ပေါကားတွေ ရိုက်ပြီး အကယ်ဒမီမှန်းနေကြတဲ့ အပေါ်မှာတော့ “အဲ့ဒါကတော့ ရှက်စရာကောင်းပါတယ်။ ကျွန်တော်တို့ ပေါပေါလောလောကားတွေ ရိုက်ပြီး အကယ်ဒမီတွေမှန်း မျက်ရည်ကျတာတွေက တခန်းနှစ်ခန်းလောက်ပါပြီး အကယ်ဒမီတွေ လျှောက်မှန်း ကိုယ့်ကိုကိုယ် မရှက်ဘူးလားလို့ မေးလိုက်ပါ အဲ့လိုမျိုးလူတွေကို စရိုက်ကတည်းက သူတို့က ပိုက်ဆံကို ဈေးတွက်တွက်ပြီးတော့ ရိုက်တဲ့လူတွေက ဘာလို့ အကယ်ဒမီတွေ မှန်းနေကြတာလဲ။ ကိုယ့်ဘာကိုယ် ပိုက်ဆံရရင် ပြီးရောပေါ့။ အကယ်ဒမီကို ရုပ်ရှင်သမားတို့ မည်သည် မှန်းပြီးတော့ မရိုက်ရဘူး။ မှန်းရိုက်လိုက်ပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ညာတာပဲ။ အဲ့ကြောင့် ကျွန်တော်ကတော့ ဘယ်ကားမှ မကြည့်ဘူး။ ဘာလို့လဲဆိုတော့ ကြိုက်မှမကြိုက်တာ။ အခုနောက်ပိုင်းရိုက်တဲ့ကားတွေတော့ ကောင်းလာတယ်။ ရီစရာကားတွေ မဟုတ်တော့ဘူး။ ပညာပေးလေးတွေ ပါလာပြီ။

ရီစရာကားရိုက်ပြီးတော့ အကယ်ဒမီမှန်းတာကတော့ သိပ်ပြီးတော့ အဓိပ္ပါယ်မရှိတော့ဘူးလို့ ထင်ပါတယ်။ ပြည်သူအတွက်လည်း မကျန်ဘူး။ ကြည့်တဲ့သူတွေအတွက်တော့ ၁ ထောင် ၂ ထောင်နဲ့ ကြည့်ရတာ အမောပြေတာပေါ့။ အကယ်ဒမီကိုလည်း အဲ့လို ဟာသကားတွေကို ဘယ်သူက ပေးမှာတုန်း။ ပြည်သူအတွက် အကျိုးပြုရမယ် ပိုက်ဆံရချင်မှရမယ်။ ဒါမှ အကယ်ဒမီမှန်းလို့ ရမယ်လေ။ အတွေးခေါ်တွေကလည်း တော်တော်ကို ပြောင်းလဲရပါမယ်။ အခြောက်လုပ်တိုင်းလည်း ပေးလို့မရဘူး။ ဒီခေတ်မှာ အခြောက်လုပ်ရတာ လွယ်လာတယ်။ အချက်တွေ ထောင့်စိအောင် ကောင်းနေမှ စီစစ်ပြီးတော့ ပေးသင့်တာပေါ့။ မရရင်လည်း ဇောတက တက်စရာမလိုဘူး။ အဖွဲ့နဲ့ ရွေးတာလေ။ အဲ့ဒါကြောင့် မှားစရာတော့ မရှိပါဘူး။ မရရင် နောက်တခါကြိုးစားလေ။ ဒါပဲရှိတာပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top