iMyanmarHouse.com - Best Property Website for Myanmar
×
ယောက်ျားတန်ဆာဖြင့် တို့ထိခြင်းများကိုနေ့စဉ်ပြုလုပ်ကြောင်း အခြားသူများကိုပြောပြခဲ့ရင် သတ်ပြစ်မည်ဖြစ်ကြောင်း ချိန်ခြောက်ပြောဆိုသဖြငိ့ အခြားသူများကိုလည် မပြောပြရဲခဲ့ကြောင်း နစ်နာသူမှပြောပြခဲ့သည်ဟု ရဲမှတ်တမ်းများအရသိရသည်။
#Unicode Version# ဖြင့်ဖတ်ပါ ။
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ ရှမ်းစု(အနောက်ပိုင်း)နေ မလှလှ (၇)နှစ်သည် ကမာဝက်မြို့ ထောင်ကေးရပ်ရှိ မွန်အမျိုးသားစာသင်ကျောင်းတွင် စာသင်ကြားနေရာမှ မလှလှ(၇)နှစ်ဝတ်ဆင်ထားသော အဝတ်စားများမှာ ညစ်ပတ်ပေကြံနေသဖြင့်
ဆရာမ ဒေါ်ကြည်ကြည်အေး(၄၂)နှစ်မှ မလှလှ(၇)နှစ်အား ခေါ်၍ ရေချိုးပေးစဉ် နစ်နာသူ ကလေးငယ်၏မိန်းမအင်္ဂါတွင် ရောင်ရမ်းနေသည်ကိုမြင်တွေ့သောကြောင့် မေးမြန်းရာ
လွန်ခဲ့သော ၁ နှစ်ကျော်ခန့်က မိခင်သေဆုံးသွားခဲ့ရာမှ ဖခင်အရင်းဖြစ်သူ ရှုးရှုး(၃၅)နှစ် သည် သမီးအရင်းဖြစ်သူ မလှလှ (၇)နှစ်၏မိန်းမအင်္ဂါအား လက်ဖြင့် ပွတ်သပ်ခြင်း၊
ယောကျ်ားတန်ဆာဖြင့် တို့ထိခြင်းများကိုနေ့စဉ်ပြုလုပ်ကြောင်း အခြားသူများကိုပြောပြခဲ့ရင် သတ်ပြစ်မည်ဖြစ်ကြောင်း ချိန်ခြောက်ပြောဆိုသဖြငိ့ အခြားသူများကိုလည် မပြောပြရဲခဲ့ကြောင်း နစ်နာသူမှပြောပြခဲ့သည်ဟု ရဲမှတ်တမ်းများအရသိရသည်။
ယင်းအခြေနေများကို မွန်စာပေသင်ကြားရေးကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်အေးမှ အရွယ်မရောက်သေးသောကလေးငယ်အားအဓမ္မပြုကျင့်သူ ဖခင်အရင်း ရှုးရှု(၃၅)နှစ်အားအရေးယူပေးရန်
ကမာဝက်နယ်မြေရဲစခန်းသို့တိုင်တန်းခဲ့ရာ ကမာဝက်နယ်မြေရဲစခန်း (ပ)၆၂/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့်အမှုဖွင့်ထားပြီး ကျူးလွန်သူမှာ လက်ရှိအချိန်တွက် ထွက်ပြေးတိမ်းရှောင်နေသဖြင့် အမြန်ဆုံးဖမ်းဆီးရမိအောင်ဆောင်ရွတ်နေကြောင်း သတင်းရရှိသည်။အမွှာညီနောင်…
၇နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်တဲ့ ဖခင် ထွက်ပြေးလွတ်မြောက်နေဆဲ
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၁၉
မွန်ပြည်နယ်၊ ကမာဝက်မြို့ ရှမ်းစုကျေးရွာအနောက်ဘက်မှာ နေထိုင်တဲ့ အသက် ၃၅နှစ်အရွယ် ဦးရှူးရှူးက ၇ နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရှိရပါတယ်။ သူရဲ့ဇနီး ကွယ်လွန်ပြီးချိန်က စပြီး သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုခဲ့တာလို့ သိရပါတယ်။
လက်တလောမှာ ဦးရှူးရှူးဟာ ထွက်ပြေးလွတ်မြောက်နေပြီး သူ့ကို ကမာဝက်နယ်မြေရဲစခန်းမှာ ရာဇတ်သတ်ကြီး ပုဒ်မ ၃၇၆ ၊ ၅၁၁ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: The Irrawaddy – Burmese Edition
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top