iMyanmarHouse.com - Best Property Website for Myanmar
×

 အႏွစ္သာရ႐ွိတဲ့ သီခ်င္းေကာင္းမ်ားစြာကုိ သီဆုိခဲ့ၿပီး ပရိသတ္အားေပးလက္ခံမႈကုိ ရ႐ွိထားခဲ့တဲ့ ႏုိင္ငံေက်ာ္ ေတးသံ႐ွင္ ထူးအယ္လ္လင္းကေတာ့ လက္႐ွိအခ်ိန္မွာ ပထမအိမ္ေထာင္နဲ႔ကြဲေနၿပီး ဒုတိယအိမ္ေထာင္ျပဳထားတာ ျဖစ္ၿပီးေတာ့ သူ႔အေနနဲ႔က မိန္းမေတြကုိ သားေဖာက္စက္လုိ႔ပဲ ျမင္တယ္လုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ကုိယ့္ကုိယ္ကုိယ္ ရင္က်က္ေနျပီလုိ႕ထင္လားလုိ႕ေမးျမန္းရာ ထူးအယ္လ္လင္းက “ခမ္းခမ္းနားနားေတြ ေျပာမေနေတာ့ပါဘူး ကုိယ္လုပ္တဲ့ လုပ္ေဆာင္ခ်က္အေပၚကုိ မူတည္ၿပီးေတာ့ ကြၽန္ေတာ့္ကုိ သိခ်င္တယ္ဆုိရင္ကြၽန္ေတာ္လည္း Facebook သုံးေနတာပဲ ကြၽန္ေတာ့္ Facebookကုိ ဝင္ၾကည့္လုိက္ ကြၽန္ေတာ္ Live ေတြလည္း လႊင့္ေနတယ္။ ေျပာခ်င္တာက ကြၽန္ေတာ္က ဘယ္လုိႀကီး ျဖစ္လာပါၿပီလုိ႔ ရင့္က်က္မႈႀကီးဆုိတာ ဘာတုိ႔ညာတုိ႔ ကြၽန္ေတာ္ ေျပာေနစရာအေၾကာင္းမ႐ွိဘူး အဲ့တာေတြက ကေလးကလားအကြက္ေတြ ကြၽန္ေတာ္က အခ်စ္အေၾကာင္းလည္း လာမေမးနဲ႔ မၾကဳိက္ဘူး။ ကြၽန္ေတာ္က မိန္းမေတြကုိ သားေဖာက္စက္လုိ႔ပဲ ျမင္တာ ကန္ေတာ့ပါရဲ႕။

ကြၽန္ေတာ့္အေပၚ မိန္းမေတြက မေကာင္းဘူး ကြၽန္ေတာ္က မေကာင္းတာမဟုတ္ဘူး။ ကြၽန္ေတာ္ ေလွ်ာက္ေျပာေနတာပါ တစ္မ်ိဳးလည္း မထင္ပါနဲ႔ အခုကြၽန္ေတာ္ယူထားတဲ့ မိန္းမဆုိရင္ ကြၽန္ေတာ့္အေပၚကုိ အင္မတန္နားလည္တယ္။ သူေကာင္းလုိ႔လည္း ကြၽန္ေတာ္ ဒီအလုပ္ေတြ လုပ္ေပးႏုိင္တာ ေငြႀကီးပဲ အတင္းမက္ေနတဲ့ မိန္းမမဟုတ္ဘူး။ သူပူလည္းမပူဆာဘူး ကြၽန္ေတာ့္ကုိ ဒီပရဟိတ လုပ္ငန္းေတြ လုပ္ေနတယ္ဆုိရင္ ဒါဘုရားသခင္ၾကဳိက္တဲ့ အလုပ္ေတြပဲ သူက ခရဇ္ယာန္ ကြၽန္ေတာ္က ဗုဒၶဘာသာ ေနာက္ဆုံး ကြၽန္ေတာ္တုိ႔ ဘုရားေက်ာင္းကအစ ကြၽန္ေတာ္ ေဆာက္ေပးတယ္ ကြၽမ္းစာက အစလွဴတယ္ အဲ့တာမ်ိဳးေတြ လုိက္လုပ္ေပးတယ္ ကြၽန္ေတာ္က ဘာသာလူမ်ိဳး မခြဲျခားပါဘူး။ ဒါေၾကာင့္မုိ႔လုိ႔ ကြၽန္ေတာ္ မိန္းမရ ကံေကာင္းပါတယ္။

ဒါေပမဲ့လည္း ဟုိအရင္ ကိစၥေတြကေတာ့ သူ႔အေၾကာင္း တရားနဲ႔ သူ႔အက်ိဳးတရားနဲ႔ သူျဖစ္သြားတာ ကြၽန္ေတာ္လည္း အခုထိ မေက်နပ္ပါဘူး။ ကြၽန္ေတာ္ေျပာရင္ ကုိယ့္ေပါင္ကုိယ္လွန္ေထာင္း ျဖစ္မွာဆုိးလုိ႔ ကြၽန္ေတာ့္သမီးမ်က္ႏွာကုိၾကည့္ၿပီး ဘယ္ကိစၥကုိမွ မေျဖခဲ့ပါဘူး။ ကြၽန္ေတာ့္ ရင္ဘက္ထဲမွာ ေသတဲ့အထိ ကြၽန္ေတာ္ ေမ့မွာ မဟုတ္ပါဘူး။ ဒီအစြဲေတြကုိ ကြၽန္ေတာ္ ျဖဳတ္ထားတယ္ ဒါေၾကာင့္မုိ႔လုိ႔ ခုဏက ကြၽန္ေတာ္ေျပာတာ ႐ုိင္းသြားရင္လည္း ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္နဲ႔ ပတ္သက္တဲ့ မိန္းမကုိ ေျပာတာေနာ္ ကြၽန္ေတာ္ယူခဲ့တဲ့မိန္းမေတြကုိ ကြၽန္ေတာ္ သားေဖာက္စက္လုိ႔ပဲ ျမင္တယ္ဆုိတာ ခ်စ္စႏုိးနဲ႔ ေျပာတာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္က အေျပာအဆုိေတာ့ ၾကမ္းတယ္ ႐ုိင္းတယ္ေပါ့ေနာ္။ အေျပာအဆုိၾကမ္းတာေပါ့ေနာ္ သူက ၾကမ္းတယ္ေျပာလုိ႔ ၾကမ္းတယ္ျဖစ္တာ။ ကုိယ္ကေတာ့ ကုိယ့္ကုိယ္ကုိယ္ အသိတုိင္းပဲ ကုိယ့္Feeling ႐ွိတဲ့အတုိင္းေလးပဲ ကုိယ္ဆုိတာေလေနာ္။ ကြၽန္ေတာ္တုိ႔က ႏြဲ႔ေခြၿပီးေတာ့ ႐ုပ္ျပစားေနတဲ့ ေကာင္ေတြ မဟုတ္ဘူး။ “လုိ႔ ေျပာသြားခဲ့ပါတယ္။

သားနဲ႔သမီးနဲ႔ ပတ္သက္ၿပီးေတာ့လည္း “ကြၽန္ေတာ့္ သမီးအႀကီးက အခုဆယ္ႏွစ္ထဲမွာ ျဖဴျဖဴစင္စင္လင္းလုိ႔ေခၚတယ္။ ေနာက္ထပ္ သားလတ္ သားထဲမွာေတာ့ သားအႀကီးေကာင္ေပါ့ေနာ္ ျမဴးစစ္လင္းလုိ႔ေခၚတယ္။ ျမဴးစစ္လင္းေပါ့ေနာ္ လင္းပိလုိ႔ေခၚတာေပါ့ အိမ္ေခၚနာမည္ ခ်င္းနာမည္ ေနာက္ထပ္ အငယ္ေကာင္ကက်ေတာ့ မင္းဇင္လင္းလုိ႔ေခၚတယ္ အဲ့ေကာင္ကေတာ့ နည္းနည္းထြားမယ့္ပုံပဲ သားသမီး၃ေယာက္႐ွိတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

အနှစ်သာရရှိတဲ့ သီချင်းကောင်းများစွာကို သီဆိုခဲ့ပြီး ပရိသတ်အားပေးလက်ခံမှုကို ရရှိထားခဲ့တဲ့ နိုင်ငံကျော် တေးသံရှင် ထူးအယ်လ်လင်းကတော့ လက်ရှိအချိန်မှာ ပထမအိမ်ထောင်နဲ့ကွဲနေပြီး ဒုတိယအိမ်ထောင်ပြုထားတာ ဖြစ်ပြီးတော့ သူ့အနေနဲ့က မိန်းမတွေကို သားဖောက်စက်လို့ပဲ မြင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ရင်ကျက်နေပြီလို့ထင်လားလို့မေးမြန်းရာ ထူးအယ်လ်လင်းက “ခမ်းခမ်းနားနားတွေ ပြောမနေတော့ပါဘူး ကိုယ်လုပ်တဲ့ လုပ်ဆောင်ချက်အပေါ်ကို မူတည်ပြီးတော့ ကျွန်တော့်ကို သိချင်တယ်ဆိုရင်ကျွန်တော်လည်း Facebook သုံးနေတာပဲ ကျွန်တော့် Facebookကို ဝင်ကြည့်လိုက် ကျွန်တော် Live တွေလည်း လွှင့်နေတယ်။ ပြောချင်တာက ကျွန်တော်က ဘယ်လိုကြီး ဖြစ်လာပါပြီလို့ ရင့်ကျက်မှုကြီးဆိုတာ ဘာတို့ညာတို့ ကျွန်တော် ပြောနေစရာအကြောင်းမရှိဘူး အဲ့တာတွေက ကလေးကလားအကွက်တွေ ကျွန်တော်က အချစ်အကြောင်းလည်း လာမမေးနဲ့ မကြိုက်ဘူး။ ကျွန်တော်က မိန်းမတွေကို သားဖောက်စက်လို့ပဲ မြင်တာ ကန်တော့ပါရဲ့။

ကျွန်တော့်အပေါ် မိန်းမတွေက မကောင်းဘူး ကျွန်တော်က မကောင်းတာမဟုတ်ဘူး။ ကျွန်တော် လျှောက်ပြောနေတာပါ တစ်မျိုးလည်း မထင်ပါနဲ့ အခုကျွန်တော်ယူထားတဲ့ မိန်းမဆိုရင် ကျွန်တော့်အပေါ်ကို အင်မတန်နားလည်တယ်။ သူကောင်းလို့လည်း ကျွန်တော် ဒီအလုပ်တွေ လုပ်ပေးနိုင်တာ ငွေကြီးပဲ အတင်းမက်နေတဲ့ မိန်းမမဟုတ်ဘူး။ သူပူလည်းမပူဆာဘူး ကျွန်တော့်ကို ဒီပရဟိတ လုပ်ငန်းတွေ လုပ်နေတယ်ဆိုရင် ဒါဘုရားသခင်ကြိုက်တဲ့ အလုပ်တွေပဲ သူက ခရဇ်ယာန် ကျွန်တော်က ဗုဒ္ဓဘာသာ နောက်ဆုံး ကျွန်တော်တို့ ဘုရားကျောင်းကအစ ကျွန်တော် ဆောက်ပေးတယ် ကျွမ်းစာက အစလှူတယ် အဲ့တာမျိုးတွေ လိုက်လုပ်ပေးတယ် ကျွန်တော်က ဘာသာလူမျိုး မခွဲခြားပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော် မိန်းမရ ကံကောင်းပါတယ်။

ဒါပေမဲ့လည်း ဟိုအရင် ကိစ္စတွေကတော့ သူ့အကြောင်း တရားနဲ့ သူ့အကျိုးတရားနဲ့ သူဖြစ်သွားတာ ကျွန်တော်လည်း အခုထိ မကျေနပ်ပါဘူး။ ကျွန်တော်ပြောရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဖြစ်မှာဆိုးလို့ ကျွန်တော့်သမီးမျက်နှာကိုကြည့်ပြီး ဘယ်ကိစ္စကိုမှ မဖြေခဲ့ပါဘူး။ ကျွန်တော့် ရင်ဘက်ထဲမှာ သေတဲ့အထိ ကျွန်တော် မေ့မှာ မဟုတ်ပါဘူး။ ဒီအစွဲတွေကို ကျွန်တော် ဖြုတ်ထားတယ် ဒါကြောင့်မို့လို့ ခုဏက ကျွန်တော်ပြောတာ ရိုင်းသွားရင်လည်း တောင်းပန်ပါတယ်။ ကျွန်တော်နဲ့ ပတ်သက်တဲ့ မိန်းမကို ပြောတာနော် ကျွန်တော်ယူခဲ့တဲ့မိန်းမတွေကို ကျွန်တော် သားဖောက်စက်လို့ပဲ မြင်တယ်ဆိုတာ ချစ်စနိုးနဲ့ ပြောတာပါ။ ဒါကြောင့် ကျွန်တော်က အပြောအဆိုတော့ ကြမ်းတယ် ရိုင်းတယ်ပေါ့နော်။ အပြောအဆိုကြမ်းတာပေါ့နော် သူက ကြမ်းတယ်ပြောလို့ ကြမ်းတယ်ဖြစ်တာ။ ကိုယ်ကတော့ ကိုယ့်ကိုယ်ကိုယ် အသိတိုင်းပဲ ကိုယ့်Feeling ရှိတဲ့အတိုင်းလေးပဲ ကိုယ်ဆိုတာလေနော်။ ကျွန်တော်တို့က နွဲ့ခွေပြီးတော့ ရုပ်ပြစားနေတဲ့ ကောင်တွေ မဟုတ်ဘူး။ “လို့ ပြောသွားခဲ့ပါတယ်။

သားနဲ့သမီးနဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော့် သမီးအကြီးက အခုဆယ်နှစ်ထဲမှာ ဖြူဖြူစင်စင်လင်းလို့ခေါ်တယ်။ နောက်ထပ် သားလတ် သားထဲမှာတော့ သားအကြီးကောင်ပေါ့နော် မြူးစစ်လင်းလို့ခေါ်တယ်။ မြူးစစ်လင်းပေါ့နော် လင်းပိလို့ခေါ်တာပေါ့ အိမ်ခေါ်နာမည် ချင်းနာမည် နောက်ထပ် အငယ်ကောင်ကကျတော့ မင်းဇင်လင်းလို့ခေါ်တယ် အဲ့ကောင်ကတော့ နည်းနည်းထွားမယ့်ပုံပဲ သားသမီး၃ယောက်ရှိတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top