20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×







Credit: Celefamily

#Unicode Version#


ပရိသတ်တွေရဲ့ အသည်းကျော်အနပညာရှင်ကြီး ခင်လှိုင်ကတော့ အောင်မြင်နေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ဇာတ်ရုပ်အမျိုးမျိုး သရုပ်ဆောင်ချက်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အနပညာရှင် တစ်ယောက်ပဲ ဖြစ်ပြီး စွယ်စုံရပြည်သူချစ် ဟာသသရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောကိဖြစ်တဲ့ ခင်လှိုင်ကတော့ ချစ်စရာကောင်းလွန်းတဲ့ သားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်ကတော့ ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ အပြုံးလေးတွေ ကော်ရုပ်မလေးလို ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေ အချစ်ပိုခဲ့သူလေးပါ။


သဇင်ထူးမြင့်ကတော့ အကယ်ဒမီရွှေကြိုမှာ အစ်ကိုဖြစ်သူနဲ့ပါဝင်ဖို့ရွေးခြယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အလုပ်မအားတဲ့ အစ်ကိုဖြစ်သူနေရဲ အကယ်ဒမီရွှေကြိုမှာ မပါဖြစ်တော့တဲ့ အကြောင်းအရင်းကိုပြောပြလာခဲ့ပါတယ်။ သဇင်ထူးမြင့်က “ညီမတို့ ပထမတစ်ခေါက်သွားတော့ပေါ့နော် မောင်နှမနှစ်ယောက် ဒီကိုလာတယ်ဆိုပေါ့နော် အခုကျတော့တစ်ယောက်ထဲဆိုတော့ နဲနဲတော့ အားလျော့တယ်။ သူက ပထမပါမယ် ဒါပေမယ့် သူ့ကားရိုက်ကပြောထားတာကြာပြီ။ ပထမရန်ကုန်မှာဆိုပြီးတော့ အခုကျတော့နယ်မှာဖြစ်သွားတော့ သူလာဖို့ လေ့ကျင့်ဖို့အဆင်မပြေဘူး။ ဒီမှာကလဲ လေ့ကျင့်ဖိုခေါ်တယ်ဆိုတော့ အဲ့ဒါကြောင့် သူမလုပ်ဖြစ်တာပါ”လို့ပြောလာခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Celefamily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top