စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ပူအိုက္တဲ့ ရာသီမွာ လူေတာ္ေတာ္မ်ားမ်ားက ေရမၾကာခဏ ဆာတတ္ၾကတာေၾကာင့္ ဖရဲသီးကို စားတတ္ၾကပါတယ္။ ေနပူတဲ့ေန႔ရက္ေတြမွာဆိုရင္ စတိုးဆိုင္ေတြမွာကအစ လွည္းေလးေတြအဆံုး ဖရဲသီးေတြ လွီးစိတ္ျပီး ေရာင္းေနတာလည္း ေတြ႔ဖူးၾကမွာပါ။

အရည္ရႊမ္းျပီး အရသာလည္း ရွိတဲ့ ဖရဲသီးက ဒီလို ပူအိုက္တဲ့ ရာသီအတြက္ က်န္းမာေရးဆိုင္ရာ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရေစႏိုင္လဲဆိုတာကို ေျပာျပေပးမယ္ေနာ္။
၁။ ေရဓာတ္ျဖည့္တင္းေပးတယ္။

ရာသီဥတုပူလာရင္ ေခၽြးထြက္လာမယ္။ ဆီးသြားမ်ားတဲ့အခါ ခႏၶာကိုယ္က ေရဓာတ္ဆံုးရံႈးတာ သဘာ၀ပါပဲ။ ေရဓာတ္ဆံုးရံႈးတဲ့အခါမွာ ကိုယ္လက္မအီမသာျဖစ္တာ၊ လည္ေခ်ာင္းေျခာက္ျပီး နာတာ၊ ေခါင္းမူးေခါင္းကိုက္တာ၊ ေနရထိုင္ရခက္တာ၊ အလုပ္လုပ္ခ်င္စိတ္ မရွိတာ၊ မူးေ၀ေအာ့အန္ခ်င္စိတ္ေတြ ျဖစ္လာမွာပါ။

ဖရဲသီးမွာ ေရဓာတ္ ၉၂ရာခိုင္ႏႈန္းပါ၀င္တာေၾကာင့္ ေရဓာတ္ခမ္းေျခာက္မႈကို ကာကြယ္ေပးႏိုင္တယ္။ ဒီိလို ပူအိုက္တဲ့ ရာသီမွာ သဘာ၀ေရသန္႔အျပင္ ျဖည့္စြက္အစားအစာအေနနဲ႔ စားေပးသင့္တဲ့ အစားအစာထဲမွာ ပါ၀င္ပါတယ္။
၂။ အာဟာရဓာတ္ေပါင္း မ်ားစြာ ပါ၀င္ပါတယ္။

ဖရဲသီးမွာ ကယ္လိုရီပမာဏ အလြန္နည္းျပီး ကိုယ္ခႏၶာအတြက္ လိုအပ္တဲ့ ဗီတာမင္ A ၊ ဗီတာမင္ C ၊ ဗီတာမင္ B အုပ္စု၊ ပိုတက္စီယမ္ဓာတ္၊ မဂၢနီဆီယမ္ဓာတ္ အစရွိတဲ့ သတၱဳဓာတ္ေတြ မ်ားစြာ ပါ၀င္ပါတယ္။ ေရဓာတ္ျဖည့္တင္းေပးျပီး ဗီတာမင္ C ေၾကာင့္ အသားအေရကို ၾကည္လင္လန္းဆန္းကာ လွပေစတယ္။ ေနေရာင္ျခည္ဒဏ္ေၾကာင့္ အသားအေရပ်က္စီးၾကမ္းတမ္းလာတာ၊ အိုမင္းရင့္ေရာ္တာကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။
၃။ ကင္ဆာေရာဂါေတြကို ကာကြယ္ေပးႏိုင္တယ္။

ဖရဲသီးမွာ ကင္ဆာေရာဂါတခ်ိဳ႕ကို ကာကြယ္ေပးႏိုင္တဲ့ အာဟာရဓာတ္ေပါင္းအုပ္စုေတြ ပါ၀င္ပါတယ္။ ဒါ့အျပင္ ကိုယ္ခႏၶာအတြက္ လိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္မ်ားစြာ ပါ၀င္တာေၾကာင့္ က်န္းမာေစတယ္။ အစာေၾကေစတယ္။ ကိုယ္တြင္းအဂၤါေတြကိုလည္း ေကာင္းစြာ အလုပ္လုပ္ႏုိင္ေစဖို႔ ကူညီေပးႏိုင္ပါတယ္။
၄။ ႏွလံုးက်န္းမာေရးကို ေကာင္းေစတယ္။

ႏွလံုးေရာဂါေၾကာင့္ ရုတ္တရက္ေသဆံုးသူေတြ ကမာၻအႏွံ႔ မ်ားသထက္ မ်ားလာတာကို သိၾကမွာပါ။ ေနထိုင္စားေသာက္မႈ ပံုစံအျပင္ ေန႔စဥ္ အစာအာဟာရမွ်တစြာ စားသံုးျခင္းျဖင့္ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ဖရဲသီးဟာ ေသြးတြင္း ကိုလက္စထေရာဓာတ္ကို ေလွ်ာ့ခ်ေပးႏိုင္တယ္။ ကယ္လိုရီ ပါ၀င္မႈနည္းတဲ့အျပင္ ေသြးတိုးက်ေစႏိုင္ပါတယ္။ ဒါ့အျပင္ lycopene လို႔ ေခၚတဲ့ ဖရဲသီးမွာ ပါတဲ့ ဓာတ္ေပါင္းတစ္မ်ိဳးဟာ ႏွလံုးေသြးေၾကာနံရံ က်ဥ္းေျမာင္းတာကို ကာကြယ္ေပးႏိုင္တယ္။
၅။ အျမင္အာရံု မခ်ိဳ႕ယြင္းေစဖို႔ ကာကြယ္ေပးႏိုင္တယ္။

ဒီေန႔ေခတ္ ကေလးေတြနဲ႔ လူငယ္ေတြမွာ တီဗီ၊ ဖုန္း၊ ကြန္ပ်ဴတာ အၾကည့္မ်ားတဲ့အျပင္ ညဘက္ေတြမွာ ေနာက္က်အိပ္တာေၾကာင့္ အျမင္အာရံုခ်ိဳ႕ယြင္းျပီး မ်က္စိမႈန္လာတယ္။ ဖရဲသီးကို ပံုမွန္စားေပးရင္ မ်က္စိမႈန္တာ၊ မ်က္စိအျမင္အာရံု အားနည္းတာကို ကာကြယ္ေပးႏိုင္တယ္။ မ်က္စိအျမင္ ၾကည္လင္ေစတယ္။ အသက္ၾကီးသူေတြမွာ ျဖစ္တတ္တဲ့ အျမင္အာရံုနဲ႔ သက္ဆိုင္တဲ့ ေရာဂါေတြကိုလည္း ျဖစ္ႏိုင္ေျခ ေလ်ာ့က်ေစႏိုင္ပါတယ္။
၆။ ၾကြက္သား နာက်င္ကိုက္ခဲတာကို ေျပေလ်ာ့ေစတယ္။

အျပင္ထြက္ျပီး အျမဲသြားလာေနရသူေတြ၊ အားကစား လိုက္စားသူေတြမွာ ၾကြက္သားနဲ႔ အရိုးအဆစ္ေတြ နာက်င္ကိုက္ခဲတတ္တာ သဘာ၀ပါပဲ။ ဖရဲသီးဟာ ဒီလိုေ၀ဒနာကို သက္သာေစျပီး ႏွလံုးခုန္ျမန္ေစတာေၾကာင့္ ပိုျပီး အေမာခံႏိုင္လာေစတယ္။ ေရဓာတ္လည္း ျပန္လည္ျဖည့္ေပးႏိုင္တာေၾကာင့္ ပူအိုက္တဲ့ ရာသီမွာ ေရဓာတ္ခမ္းေျခာက္မွာကိုလည္း ပူစရာမလိုေတာ့ပါဘူး။
၇။ အေရျပားနဲ႔ ဆံသားကို က်န္းမာလွပေစတယ္။

ဖရဲသီးမွာ ပါ၀င္တဲ့ ဗီတာမင္ A နဲ႔ ဗီတာမင္ C ဟာ အသားအေရကို ျဖဴစင္၀င္းပေစျပီး ႏုပ်ိဳလန္းဆန္းေစတဲ့ အာဟာရဓာတ္ေတြ ျဖစ္ပါတယ္။ ဗီတာမင္ C က အေရျပားနဲ႔ ဦးေရျပားကို သန္စြမ္းေစတယ္။ ျဖဴစင္၀င္းပလာေစတယ္။ ပ်က္စီးေနတဲ့ ဆဲလ္ေတြကို ျပဳျပင္ေပးျပီး က်န္းမာတဲ့ အသားအေရအတြက္ ဗီတာမင္ A က ကူညီေပးပါတယ္။
၈။ အစာေၾကလြယ္ေစတယ္။

ေရဓာတ္နဲ႔ အမွ်င္ဓာတ္ ပါ၀င္မႈမ်ားလို႔ အစာေၾကလြယ္ေစတယ္။ ဗိုက္ျပည့္သြားေစတာေၾကာင့္ မၾကာခဏ အစာစားခ်င္စိတ္ကို မျဖစ္ေစပါဘူး။ ၀မ္းကိုလည္း မွန္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ရာသီဥတုပူတဲ့ အခ်ိန္မ်ိဳးမွာ ေရဓာတ္မ်ားတဲ့ အသီးအႏွံေတြ၊ အမွ်င္ဓာတ္မ်ားတဲ့ ဟင္းသီးဟင္းရြက္ေတြကို မ်ားမ်ားစားသံုးေပးဖို႔ အၾကံေပးလိုက္ပါတယ္ေနာ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Hellosayarwon
#Unicode Version#
ပူအိုက်တဲ့ ရာသီမှာ လူတော်တော်များများက ရေမကြာခဏ ဆာတတ်ကြတာကြောင့် ဖရဲသီးကို စားတတ်ကြပါတယ်။ နေပူတဲ့နေ့ရက်တွေမှာဆိုရင် စတိုးဆိုင်တွေမှာကအစ လှည်းလေးတွေအဆုံး ဖရဲသီးတွေ လှီးစိတ်ပြီး ရောင်းနေတာလည်း တွေ့ဖူးကြမှာပါ။

အရည်ရွှမ်းပြီး အရသာလည်း ရှိတဲ့ ဖရဲသီးက ဒီလို ပူအိုက်တဲ့ ရာသီအတွက် ကျန်းမာရေးဆိုင်ရာ ဘယ်လိုအကျိုးကျေးဇူးတွေ ရစေနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။
၁။ ရေဓာတ်ဖြည့်တင်းပေးတယ်။

ရာသီဥတုပူလာရင် ချွေးထွက်လာမယ်။ ဆီးသွားများတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတာ သဘာဝပါပဲ။ ရေဓာတ်ဆုံးရှုံးတဲ့အခါမှာ ကိုယ်လက်မအီမသာဖြစ်တာ၊ လည်ချောင်းခြောက်ပြီး နာတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ နေရထိုင်ရခက်တာ၊ အလုပ်လုပ်ချင်စိတ် မရှိတာ၊ မူးဝေအော့အန်ချင်စိတ်တွေ ဖြစ်လာမှာပါ။

ဖရဲသီးမှာ ရေဓာတ် ၉၂ရာခိုင်နှုန်းပါဝင်တာကြောင့် ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးနိုင်တယ်။ ဒီလို ပူအိုက်တဲ့ ရာသီမှာ သဘာဝရေသန့်အပြင် ဖြည့်စွက်အစားအစာအနေနဲ့ စားပေးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။
၂။ အာဟာရဓာတ်ပေါင်း များစွာ ပါဝင်ပါတယ်။

ဖရဲသီးမှာ ကယ်လိုရီပမာဏ အလွန်နည်းပြီး ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် B အုပ်စု၊ ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ် အစရှိတဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ရေဓာတ်ဖြည့်တင်းပေးပြီး ဗီတာမင် C ကြောင့် အသားအရေကို ကြည်လင်လန်းဆန်းကာ လှပစေတယ်။ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးကြမ်းတမ်းလာတာ၊ အိုမင်းရင့်ရော်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၃။ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။

ဖရဲသီးမှာ ကင်ဆာရောဂါတချို့ကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓာတ်ပေါင်းအုပ်စုတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်တာကြောင့် ကျန်းမာစေတယ်။ အစာကြေစေတယ်။ ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။
၄။ နှလုံးကျန်းမာရေးကို ကောင်းစေတယ်။

နှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးသူတွေ ကမ္ဘာအနှံ့ များသထက် များလာတာကို သိကြမှာပါ။ နေထိုင်စားသောက်မှု ပုံစံအပြင် နေ့စဉ် အစာအာဟာရမျှတစွာ စားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဖရဲသီးဟာ သွေးတွင်း ကိုလက်စထရောဓာတ်ကို လျှော့ချပေးနိုင်တယ်။ ကယ်လိုရီ ပါဝင်မှုနည်းတဲ့အပြင် သွေးတိုးကျစေနိုင်ပါတယ်။ ဒါ့အပြင် lycopene လို့ ခေါ်တဲ့ ဖရဲသီးမှာ ပါတဲ့ ဓာတ်ပေါင်းတစ်မျိုးဟာ နှလုံးသွေးကြောနံရံ ကျဉ်းမြောင်းတာကို ကာကွယ်ပေးနိုင်တယ်။
၅။ အမြင်အာရုံ မချို့ယွင်းစေဖို့ ကာကွယ်ပေးနိုင်တယ်။

ဒီနေ့ခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ အကြည့်များတဲ့အပြင် ညဘက်တွေမှာ နောက်ကျအိပ်တာကြောင့် အမြင်အာရုံချို့ယွင်းပြီး မျက်စိမှုန်လာတယ်။ ဖရဲသီးကို ပုံမှန်စားပေးရင် မျက်စိမှုန်တာ၊ မျက်စိအမြင်အာရုံ အားနည်းတာကို ကာကွယ်ပေးနိုင်တယ်။ မျက်စိအမြင် ကြည်လင်စေတယ်။ အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ အမြင်အာရုံနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကိုလည်း ဖြစ်နိုင်ခြေ လျော့ကျစေနိုင်ပါတယ်။
၆။ ကြွက်သား နာကျင်ကိုက်ခဲတာကို ပြေလျော့စေတယ်။

အပြင်ထွက်ပြီး အမြဲသွားလာနေရသူတွေ၊ အားကစား လိုက်စားသူတွေမှာ ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတတ်တာ သဘာဝပါပဲ။ ဖရဲသီးဟာ ဒီလိုဝေဒနာကို သက်သာစေပြီး နှလုံးခုန်မြန်စေတာကြောင့် ပိုပြီး အမောခံနိုင်လာစေတယ်။ ရေဓာတ်လည်း ပြန်လည်ဖြည့်ပေးနိုင်တာကြောင့် ပူအိုက်တဲ့ ရာသီမှာ ရေဓာတ်ခမ်းခြောက်မှာကိုလည်း ပူစရာမလိုတော့ပါဘူး။
၇။ အရေပြားနဲ့ ဆံသားကို ကျန်းမာလှပစေတယ်။

ဖရဲသီးမှာ ပါဝင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C ဟာ အသားအရေကို ဖြူစင်ဝင်းပစေပြီး နုပျိုလန်းဆန်းစေတဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ဗီတာမင် C က အရေပြားနဲ့ ဦးရေပြားကို သန်စွမ်းစေတယ်။ ဖြူစင်ဝင်းပလာစေတယ်။ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးပြီး ကျန်းမာတဲ့ အသားအရေအတွက် ဗီတာမင် A က ကူညီပေးပါတယ်။
၈။ အစာကြေလွယ်စေတယ်။

ရေဓာတ်နဲ့ အမျှင်ဓာတ် ပါဝင်မှုများလို့ အစာကြေလွယ်စေတယ်။ ဗိုက်ပြည့်သွားစေတာကြောင့် မကြာခဏ အစာစားချင်စိတ်ကို မဖြစ်စေပါဘူး။ ဝမ်းကိုလည်း မှန်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီဥတုပူတဲ့ အချိန်မျိုးမှာ ရေဓာတ်များတဲ့ အသီးအနှံတွေ၊ အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးဖို့ အကြံပေးလိုက်ပါတယ်နော်။


ဖိုးသူတော်(www.phothutaw.com)
Credit:Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top