Credit:Nanmalgyi
#Unicode Version#
ခေတ်ဟောင်းမင်းသမီးကြီးဒေါ်ဆွေဇင်ထိုက်နေပြီး Line Walker 2 ရိုက်ကွင်းပေါ်ကကောလဟလတွေနဲ့ပတ်သတ်ပြီး မီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာရှင်းပြသွားတာတွေရှိပါတယ်။ အဲ့ဒီလိုရှင်းပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ်။
ဖြတ်လျှောက်ကို တစ်နာရီကိုဒေါ်လာ၃၀ ပေးတာဟာ Extra လို့ခေါ်တဲ့နောက်ခံကပါတဲ့လူတွေကိုပေးတာ ကမ္ဘာကြီးရဲ့ဈေးဖြစ်ပါတယ်။ကမ္ဘာပေါ်ကကားဆိုတော့ကမ္ဘာဈေးပဲပေးမှာပေါ့ မြန်မာပြည်ကကားဆိုမြန်မာဈေးပေးတာ ဒါဘာမှမဆန်းပါဘူး ။ရုပ်ရှင်သမားအတွက်အရေးကြီးတာ Track Record ပါ သူဘယ်ကားကိုဘယ်နေရာမှာ ဘယ်တုန်းကပါခဲ့တယ် ဆိုတဲ့ မှတ်တမ်းကအရေးကြီးပါတယ်။ကျမတို့ဆီမှာလာပြီးတော့လျှောက်ကြတဲ့လူတွေပေါ့နော် အင်တာဗျူး ဗျူးကြတဲ့အခါကျတော့တစ်ခါတလေဆိုရင် ၁၀ယောက်လောက်ဟာ တစ်ယောက်မှမကြိုက်ဘူးဆိုပြီးပြန်လွှတ်လိုက် တာရှိတယ်။ဘာလို့လဲဆိုတော့ မှတ်တမ်းမရှိလို့ပေါ့ကိုယ်ဟာကိုယ့်မှတ်တမ်းကိုလည်းပဲ ပေါ်လွင်အောင်ရေးတတ်ဖို့လိုပါတယ်။အင်္ဂလိပ်လိုရေးတတ်ဖို့လိုပါတယ်။ သူတို့ရဲ့ဇာတ်ကောင်စရိုက်ကိုလေသတ်မှတ်ပေးထားတဲ့လိုအပ်ချက်ကိုသတ်မှတ်ပေးတားတယ် ။အရပ်ကဘယ်လောက်ရှိရမယ် ၊အလေးချိန်ဘယ်လောက်ရှိရမယ်မျက်နှာကအမာရွတ်ကင်းရမယ် ဘာလို့လဲဆိုတော့ သူS.W.A.Tအဖွဲ့ဝင်အဖြစ်နဲ့လာတာကိုးပြီးတော့ Action ကိုရိုက်ဖူးတဲ့လူဖြစ်ရမယ် ။နောက်Action ဘယ်နှကားရိုက်ဖူးတယ် ဘယ်နေရာကသရုပ်ဆောင်ဘူးတယ်ဆိုတာကို အင်တာနက်မှာရှာရင်တွေ့ရမယ်။လို့ကနဦးပြောသွားခဲ့ပြီး။
ဒေါ်လာ၂၀၀နဲ့ထွန်းကိုကိုနားလည်မှုလွဲမှုကိုလည်း “ ကန်ထရိုက်မှသူကမချုပ်ထားတာ တကယ်ဆိုလို့ရှိရင် ကန်ထရိုက်ချုပ်ရတယ် ။ လက်မှတ်ထိုးရတယ်။ အဲ့ဒီလိုလုပ်ထားလို့မှာ ဒီလိုမျိုဖြစ်ရင် တရားစွဲရလို့ရတယ်။ အခုကကန်ထရိုက်မှချုပ်မထားတာ ကန်ထရိုက်မချုပ်မခြင်းကတော့ ထုတ်လုပ်သူဘက်ကနေ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဒါရိုက်တာရဲ့အမြင်ရှိတယ် ၊ ဇာတ်ညွန်းသမားရဲ့အမြင်ရှိတဲ့ ပြီးတော့ ကာရိုက်တွေရဲ့သရုပ်ဆောင်နိုင်စွမ်းကိုလည်းကြည့်ပြီးနောက်ဆုံးအချိန်ကျလို့ရှိရင်လည်းအပြီးသတ်ဆုံးဖြတ်ချက်ပေးရပါတယ် ။ဒါကလည်းနိုင်ငံတကာအလေ့အကျင့်ပဲ ။
သရုပ်ဆောင်ပိုင်းမှာ အရင်ခေတ်ကလူတွေကိုမမီတဲ့အကြောင်းကိုလည်း “ Generation တော့ပြောင်းသွားတာပဲ ဘာလို့လည်းဆိုတော့ ကျမတို့တုန်းက ထမင်းစားထားတဲ့ဦးနှောက်တစ်ခုကိုအားကိုးပြီးတော့တော့အလုပ်လုပ်ရတာလေ။ အခုခေတ်မှာက ဘက်ထရီချာဂျင် လုပ်ထားတဲ့ဦးနှောက်တစ်ဝက်နဲ့အလုပ်လုပ်နေကြတာဆိုတော့ သူတို့သဘာဝတော့ပြောင်းသွားမှာပါပဲ ဒါကိုအပြစ်တင်လို့မရဘူး ဘယ်လိုမျိုးကောင်းအောင်လုပ်မလဲ ပူးပေါင်းဆောင်ရွက်မလဲပဲ စဉ်းစားရမှာဖြစ်ပါတယ်။ အရင်တုန်းကလို တစ်ယောက်နဲ့တစ်ယောက်ပြိုင်လို့မရတော့ဘူး ဘယ်လောက်ပေါင်းလို့ရမလဲဆိုတဲ့ဟာနဲ့မှအလုပ်ဖြစ်တော့မှာပါ”လို့ပြောသွားခဲ့တဲ့အပြင် ဒီLine Walker 2 ရိုက်ကူးပြီးသွားတဲ့အချိန်မှာ တရုတ် ၊ တောင်ကိုရီးယား ၊ ဂျန်ပန်နိုင်ငံ တို့ကလည်းမြန်မာပြည်ကိုလာပြီးရုပ်ရှင်ရိုက်ဖို့ရှိသေးတယ်လို့ဖြည့်စွက်ပြောပြသွားခဲ့ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top