ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕နယ္ ျမင္ေတာ္သာလမ္းေပၚတြင္ ယေန႔ (ေဖေဖာ္ဝါရီ ၂၇ ရက္) ညပိုင္းက ႐ုပ္ရွင္ဆန္ဆန္ ယာဥ္တိုက္မႈ တစ္ခုျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သာေကတၿမိဳ႕နယ္ ၅ ရပ္ကြက္ ႐ုပ္ရွင္႐ုံ မွတ္တိုင္အနီးတြင္ သံေခ်ာင္းမ်ား တင္ေဆာင္လာေသာယာဥ္က အျခားယာဥ္ေလးစီးအား ဆင့္တိုက္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္စဥ္အနီးတြင္ ေနထိုင္သူမ်ားက ေျပာၾကားသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၂၇ ရက္ ည ၁၀ နာရီခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ဒဏ္ရာရရွိသူ သုံးဦးခန႔္ရွိေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ားက ေျပာၾကားသည္။

အျခားယာဥ္ေလးစီးအား ဝင္တိုက္ခဲ့သည့္ယာဥ္မွာ သာေကတၿမိဳ႕နယ္ ျမင္ေတာ္သာလမ္းတြင္ ယာဥ္တိုက္မႈကို ဆက္တိုက္ က်ဴးလြန္ခဲ့ျခင္း ျဖစ္သည္။

"အဲဒီယာဥ္က ေက်ာင္းေကြ႕မွတ္တိုင္မွာလည္း တက္စီကို ဝင္တိုက္တာ။ အဲဒီကေန ထြက္ေျပးလာတာ။ ဒီ (႐ုပ္ရွင္႐ုံ မွတ္တိုင္) နားလည္း ေရာက္ေရာ ေနာက္ထပ္ သုံးစီးကို ထပ္တိုက္တာ။ ဒီလမ္းေတာက္ေလွ်ာက္ ယာဥ္တိုက္မႈေတြ ျဖစ္လာတာ” ဟု မ်က္ျမင္ေတြ႕ရွိသူ တစ္ဦးက ေျပာၾကားသည္။

အဆိုပါ ယာဥ္တိုက္မႈ က်ဳးလြန္ခဲ့သည့္ယာဥ္မွ ယာဥ္ေမာင္းအား ႐ုပ္ရွင္႐ုံမွတ္တိုင္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: news-eleven

#Unicode Version# ျဖင့္ဖတ္ပါ ။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြင်တော်သာလမ်းပေါ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) ညပိုင်းက ရုပ်ရှင်ဆန်ဆန် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် ၅ ရပ်ကွက် ရုပ်ရှင်ရုံ မှတ်တိုင်အနီးတွင် သံချောင်းများ တင်ဆောင်လာသောယာဉ်က အခြားယာဉ်လေးစီးအား ဆင့်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်စဉ်အနီးတွင် နေထိုင်သူများက ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ သုံးဦးခန့်ရှိကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

အခြားယာဉ်လေးစီးအား ဝင်တိုက်ခဲ့သည့်ယာဉ်မှာ သာကေတမြို့နယ် မြင်တော်သာလမ်းတွင် ယာဉ်တိုက်မှုကို ဆက်တိုက် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

"အဲဒီယာဉ်က ကျောင်းကွေ့မှတ်တိုင်မှာလည်း တက်စီကို ဝင်တိုက်တာ။ အဲဒီကနေ ထွက်ပြေးလာတာ။ ဒီ (ရုပ်ရှင်ရုံ မှတ်တိုင်) နားလည်း ရောက်ရော နောက်ထပ် သုံးစီးကို ထပ်တိုက်တာ။ ဒီလမ်းတောက်လျှောက် ယာဉ်တိုက်မှုတွေ ဖြစ်လာတာ” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှု ကျုးလွန်ခဲ့သည့်ယာဉ်မှ ယာဉ်မောင်းအား ရုပ်ရှင်ရုံမှတ်တိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: news-eleven
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top