iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်ပန္ႏုိင္ငံကေခ်းေငြ အေမရိကန္ေဒၚလာ ၂၈၂ သန္းေက်ာ္အကုန္အက်ခံတည္ေဆာက္မယ့္ သန္လ်င္တံတားသစ္ကုိ  ၂၀၂၃ မွာအၿပီးေဆာက္ဖုိ႔အတြက္ ေဖေဖာ္၀ါရီ ၁၃ ရက္ေန႔က ပႏၷက္တင္ခဲ့ပါတယ္။

ဂ်ပန္ႏုိင္ငံက ေခ်းေငြအေမရိကန္ေဒၚလာ ၂၈၂.၅၄၀ သန္း၊ ျမန္မာႏုိင္ငံဘက္က ထည့္ေငြ ၄၀.၆၆ သန္း၊စုစုေပါင္း ေဒၚလာ ၃၂၃.၂၀၆ သန္းအကုန္အက်ခံတည္ေဆာက္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

သာေကတၿမိဳ႕နယ္နဲ႔ သန္လ်င္ကုိဆက္သြယ္မယ့္ အဆုိပါပဲခူးျမစ္ကူးတံတား (အမွတ္-၃) တံတားရဲ႕ အရွည္က (၁၉၂၈)မီတာရွိၿပီးေတာ့ တံတားရဲ႕ကုိယ္ထည္ကုိ steel box grider နဲ႔ အုတ္ျမစ္ကုိ steel pipe sheet pile နဲ႔ တည္ေဆာက္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

ယာဥ္တစ္စီးရဲ႕ ခံႏုိင္၀န္အားကုိ ေတာ့ (၇၅) တန္သတ္မွတ္ထားတာျဖစ္ၿပီးေတာ့ လုပ္ငန္းၿပီးစီးမႈကုိေတာ့ ၂၀၂၃ မွာအၿပီးသတ္မွတ္ထားတယ္လုိ႔ သိရပါတယ္။

ဒါ႕အျပင္ သန္္လ်င္ သီလ၀ါ စက္မႈဇုန္ကို ဆက္သြယ္မယ္႕ (၄) လမ္းသြားလမ္းမၿကီးကို တည္ေဆာက္သြားမယ္လုိ႕တုိင္းအစိုးရကေျပာၾကားထားပါတယ္

လက္ရွိအသံုးျပဳေနတဲ႕ သန္လ်င္တံတားေဟာင္းၿကံခိုင္မႈအေျခအေနေၾကာင့္ ယာဥ္ျဖတ္သန္း၀န္ ေလ်ာ႕ခ်႕ခြင္႕ျပဳထားတာၿဖစ္ျပီး အဲ႕ဒီတံတားေဟာင္းက တရုတ္ႏိုင္ငံက ေဆာက္လုပ္ေပးထားတာ ၿဖစ္တယ္လို႕သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version# ျဖင့္ဖတ္ပါ ။

ဂျပန်နိုင်ငံကချေးငွေ အမေရိကန်ဒေါ်လာ ၂၈၂ သန်းကျော်အကုန်အကျခံတည်ဆောက်မယ့် သန်လျင်တံတားသစ်ကို  ၂၀၂၃ မှာအပြီးဆောက်ဖို့အတွက် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပန္နက်တင်ခဲ့ပါတယ်။

ဂျပန်နိုင်ငံက ချေးငွေအမေရိကန်ဒေါ်လာ ၂၈၂.၅၄၀ သန်း၊ မြန်မာနိုင်ငံဘက်က ထည့်ငွေ ၄၀.၆၆ သန်း၊စုစုပေါင်း ဒေါ်လာ ၃၂၃.၂၀၆ သန်းအကုန်အကျခံတည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။

သာကေတမြို့နယ်နဲ့ သန်လျင်ကိုဆက်သွယ်မယ့် အဆိုပါပဲခူးမြစ်ကူးတံတား (အမှတ်-၃) တံတားရဲ့ အရှည်က (၁၉၂၈)မီတာရှိပြီးတော့ တံတားရဲ့ကိုယ်ထည်ကို steel box grider နဲ့ အုတ်မြစ်ကို steel pipe sheet pile နဲ့ တည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တစ်စီးရဲ့ ခံနိုင်ဝန်အားကို တော့ (၇၅) တန်သတ်မှတ်ထားတာဖြစ်ပြီးတော့ လုပ်ငန်းပြီးစီးမှုကိုတော့ ၂၀၂၃ မှာအပြီးသတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် သန်လျင် သီလဝါ စက်မှုဇုန်ကို ဆက်သွယ်မယ့် (၄) လမ်းသွားလမ်းမကြီးကို တည်ဆောက်သွားမယ်လို့တိုင်းအစိုးရကပြောကြားထားပါတယ်

လက်ရှိအသုံးပြုနေတဲ့ သန်လျင်တံတားဟောင်းကြံခိုင်မှုအခြေအနေကြောင့် ယာဉ်ဖြတ်သန်းဝန် လျော့ချ့ခွင့်ပြုထားတာဖြစ်ပြီး အဲ့ဒီတံတားဟောင်းက တရုတ်နိုင်ငံက ဆောက်လုပ်ပေးထားတာ ဖြစ်တယ်လို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top