စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် (၆) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×





Credit: Duwun

#Unicode Version#

ပိုမို အောင်မြင် စေဖို့ဆိုရင် အာရုံစူးစိုက်မှုအားကောင်းလာခြင်း၊ စိတ်ကူးဉာဏ်ကွန့်မြူးခြင်းတွေ ဖြစ်ပေါ်လာမှာပါ။
ယူကေက Full Potential Group ကုမ္ပဏီကိုတည်ထောင်သူ ကာရိုးလ် ဂတ်စ်ကဲလ်ရဲ့ အဆိုအရတော့ မနက်ခင်းတိုင်းမှာ အသက်ကို နက်နက်ရှိုင်းရှိုင်းရှုခြင်းဟာ အောင်မြင်ခြင်းရဲ့ သော့ချက်တစ်ခုပါတဲ့။ ကြွယ်ဝတဲ့လူတွေနဲ့ ထိပ်တန်း အမှုဆောင်အရာရှိတွေဟာ မနက်ခင်းတိုင်းမှာ သုံးမိနစ်စာ အသက်ရှုလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ပိုပြီးအောင်မြင်နိုင်တယ်လို့ ကာရိုးလ်က ပြောပါတယ်။

မျက်လုံးတွေကို ပိတ်ထားသည်ဖြစ်စေ ဖွင့်ထားသည်ဖြစ် အဆင်ပြေသလိုထားပါ။ နှာခေါင်းကတစ်ဆင့် အသက်ကို ဝဝရှုရှိုက်လိုက်ပါ။ ရင်ဘတ်နဲ့ဝမ်းဗိုက်ကို စွမ်းအင်သစ်တွေရလာတယ်လို့ ခံစားရအောင် ရှုရမှာဖြစ်ပါတယ်။ ပြီးမှ ဖြည်းဖြည်းခင်း ရှုထုတ်ပါ။ ရှုထုတ်လိုက်တဲ့လေထဲမှာ မကောင်းတဲ့ခံစားချက်တွေနဲ့ နောက်ဆံတင်းရတာတွေအားလုံး လေနဲ့ပါသွားပါစေလို့ ကာရိုးလ်က နည်းလမ်းပေးပါတယ်။

ဒီအတိုင်း နေ့စဉ်လုပ်သွားမယ်ဆိုရင် အာရုံစူးစိုက်မှုအားကောင်းလာခြင်း၊ စိတ်ကူးဉာဏ်ကွန့်မြူးခြင်း၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေခြင်း၊ ဆုံးဖြတ်ချက်တွေချလာနိုင်တာတွေနဲ့ စိတ်အေးချမ်းမှုကို ရရှိလာမှာဖြစ်လို့ လုပ်ငန်းခွင်မှာ ပိုပြီးအောင်မြင်လာလိမ့်မယ်လို့ သူမက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top