အေၾကြးမဆပ္ဘဲ ေသဆံုးသြားရင္ သံသရာမွာ အေၾကြးဆပ္ရတတ္ပါတယ္။ အထူးသျဖင့္အပါယ္က်ေရာက္တတ္ပါတယ္။ အေၾကြးေပး သူက ခြင့္မလြတ္ဘဲ ေဒါသအာဃာတတရားထားေနမယ္ဆိုရင္လဲ အပါယ္က်တတ္ပါတယ္။ ေဒါသအာဃာတဆိုတာ မထားေကာင္းပါဘူး။ ဘုရားရွင္လက္ထက္က ေဒါသအာဃာတေၾကာင့္ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္သတ္ရင္း တစ္ဘ၀ၿပီးတစ္ဘ၀ ျဖစ္ခဲ့ေသခဲ့ရတယ္ဆို တဲ့အေၾကာင္းကို ဓမၼာပဒအ႒ကထာ ကာဠယကၡိနီ၀တၳဳျဖင့္ သိႏိူင္ပါတယ္။တကယ္လို႔ ခြင့္လြတ္မယ္ဆိုရင္ေတာ့ စိတ္ထားေကာင္းတဲ့အတြက္ ဘ၀သံသရာမွာ က်င္လည္ရေပမဲ့လဲ ခုနင္ကလို ဒုကၡမျဖစ္ႏူိင္ပါ။

ဒီေတာ့ အေၾကြးေပးတဲ့ သူက ခြင့္လြတ္တာျဖစ္ေစ၊ ခြင့္မလြတ္တာျဖစ္ေစ အေၾကြးမဆပ္လိုက္ရဘဲ ေသသြားမယ္ဆိုရင္ အပါယ္ေလးပါး အနက္တစ္ပါးပါးက်ေရာက္တတ္ၿပီး သံသရာမွာ ပံုစံအမ်ဳိးမ်ဳိးနဲ႔ အေၾကြးျပန္ဆပ္ရတတ္ပါတယ္။ဒါနဲ႔စပ္လို႔ ေတာင္တြင္းႀကီးၿမိဳ႕ရဲ႕အေနာက္ေျမာက္ဘက္ ဆယ္မိုင္ေလာက္အကြာမွာ ေခ်ာင္းဆံုရြာဆိုတာရွိတယ္။ အိမ္ေျခေလးရာ ေလာက္ရွိတယ္။ ဒီရြာမွာ ငညိဳနဲ႔ကံႀကီးဆိုတဲ့သူငယ္ခ်င္းႏွစ္ေယာက္ရွိတယ္။သူတုိ႔ဟာ ကြမ္းထမ္းအလုပ္ကို လုပ္ကုိင္ၾကတယ္။

တစ္ေန႔ ကြမ္းထမ္း ေရာင္းရာကျပန္အလာ စားစရာဆန္မရွိေတာ့တဲ့အတြက္ ကံႀကီးက သူငယ္ခ်င္းျဖစ္သူ ငညိဳဆီမွာ ဆန္ တစ္စလယ္ေခ်းၿပီး ခ်က္စားပါတယ္။ ဒီလိုနဲ႔ ကံႀကီးဟာ အေၾကြးယူထားတဲ့ဆန္ကို အဆင္ေျပတဲ့တစ္ေန႔ျပန္ဆပ္ဖို႔ စိတ္ကူးထားပါတယ္။ အေၾကြးျပန္မဆပ္ေသးမီမွာပဲ ပိုးထိလို႔ ေသဆံုးသြားရွာတယ္။ ဒီတုန္းကသူတုိ႔အသက္ဟာ ၂၀ ၀န္းက်င္ေလာက္ပဲရွိပါဦးမယ္။ဒီလိုနဲ႔ ငညိဳအိမ္မွာ ၾကက္သြားျဖစ္တယ္။ ေသခါနီး အေၾကြးယူထားတဲ့ ဆန္တစ္စလယ္ကို စြဲသြားဟန္တူပါတယ္။ ၾကက္ေလးဟာ တုိက္ ၾကက္ျဖစ္တဲ့အတြက္ ငညိဳက အျခားၾကက္ေတြနဲ႔တုိက္တယ္။ သံုးႀကိမ္တိတိအႏိူင္ရခဲ့ပါတယ္။

ဒါဟာ ကံႀကီးတစ္ျဖစ္လဲ ၾကက္ေလးဟာ သူ႔သခင္ ငညိဳကို ၾကက္တုိက္ၿပီး အေၾကြးျပန္ဆပ္ေနရတာပါ။ ဒီလိုနဲ႔ ေလးႀကိမ္ေျမာက္ ၾကက္တုိက္ရာမွာ ၿပိဳင္ဘက္ၾကက္က အသက္ကလဲႀကီး၊ အားကလဲ ၾကက္ေလးထက္အမ်ားႀကီးသာတာဆိုေတာ့ ရံႈးသြားပါတယ္။ အဲဒီမွာ ငညိဳက ၾကက္တိုက္ရံႈးတဲ့အတြက္ သူ႔ၾကက္ရဲ႕ ေျခႏွစ္ေခ်ာင္းကုိကုိင္ၿပီး ရိုက္သတ္လုိက္တယ္။

ၾကက္ေလး မေသမရွင္ျဖစ္ေနတဲ့အခ်ိန္မွာ ငညိဳရဲ႕ႏြားမတစ္ေကာင္က ၾကက္ေလးကုိ လာနမ္းပါတယ္။ အဲဒီမွာပဲ ၾကက္ကေလးေသၿပီး ႏြားမ၀မ္းမွာ သြားျဖစ္တယ္။ အခ်ိန္တန္ေတာ့ ႏြားမေလးတစ္ေကာင္ေပါက္လာတယ္။ အရြယ္ႀကီးအေတာ္အတန္ႀကီးလာတဲ့အခါ ငညိဳသူငယ္ခ်င္းမ်ားက ေလးက်ပ္နဲ႔ေပး၀ယ္ၿပီး ႏြားမကေလးကို သတ္စားလိုက္ၾကတယ္။ ဒီလိုနဲ႔ လွီးျဖတ္ၿပီး အမဲဖ်က္ေနတဲ့အခ်ိန္မွ ေတာင္တြင္းႀကီးက စာေရးႀကီးနဲ႕စာေရးကေတာ္တို႔ေရာက္လာတယ္။ ေသခါစႏြားမကေလးရဲ႕အသား တဆတ္ဆတ္တုံေနတာကို ၾကည့္ၿပီး ႏြားမကေလးအေပၚမွာ ကရုဏာသက္မိၾကတယ္။

စာေရးကေတာ္က “ငါ့ႏြားသာဆိုရင္ မသတ္ဘူး၊ သူ႔အလိုလိုပဲေသပါေစ၊ ေသရင္လဲ အခုလိုမ်ဳိးမေရာင္းစားဘူး၊ ေျမျမဳပ္ပင့္မယ္” လို႔ သနားကရုဏာစိတ္နဲ႔ေျပာပါတယ္။ ဒါနဲ႔ မၾကာမီမွာပဲ စာေရးကေတာ္ႀကီးမွာ ကိုယ္၀န္ရလာပါတယ္။ အခ်ိန္တန္ေတာ့ သားေယာကၤ်ားေလး ေမြးပါ တယ္။ သားကေလးဟာ ခုႏွစ္ႏွစ္အရြယ္အထိ စကားလံုး၀မေျပာပါဘူး။ တစ္ေန႔ေတာ့ ဖခင္က “ သား မင္းကစကားလဲမေျပာဘူး။ ဒီေန႔အေဖတို႔လခထုတ္ရမယ္ေလ၊ လခထုတ္ၿပီးရင္ အ၀တ္လွလွေလးေတြ သားအတြက္၀ယ္လာခဲ့မယ္” ဆိုၿပီး ညေနျပန္လာတဲ့အခါ “သားကေလး..ဒီမွာသားအတြက္အ၀တ္လွလွေလးေတြေလ ယူပါ။ ပီးေတာ့ စကားလဲေျပာပါလားသားကေလး” လို႔ အေဖျဖစ္သူက ေမးေတာ့ သားကေလးက “ ငညိဳ ဆန္တစ္စလယ္” လုိ႔ေျပာပါတယ္။ တိုတိုေျပာရရင္ အေဖက “သားရယ္ သားကသာ စကားေျပာပါ။ ဆန္တစ္စလယ္မက ဆန္တစ္အိပ္ အေၾကြးဆပ္ေပးပါ့မယ္” လို႔ သားအားေျပာသတဲ့။

ဒီလိုနဲ႔ သားကေလးဟာ ငညိဳအိမ္ကို အခုပဲသြားၿပီး အေၾကြးဆပ္ခ်င္တယ္ဆုိလို႔ တဲ့အတြက္ အေဖက ဆန္တစ္အိတ္ကို လွည္းေပၚတင္ ၿပီး သားကေလးလမ္းညြန္တဲ့အတိုင္းလာလိုက္တာ ေခ်ာင္းဆံုရြာကို ေရာက္လာတယ္။ ရြာထဲေရာက္ေတာ့ ဒီက၀င္ ဟုိကထြက္ ဆိုၿပီး သားကေလး ညြန္တဲ့လမ္းအတုိင္း လာခဲ့ရာ ဦးညိဳအိမ္ကို ဆုိက္ဆုိက္ၿမိဳက္ၿမိဳက္ေရာက္လာပါေတာ့တယ္။ အိမ္ထဲက လူႀကီးတစ္ေယာက္ထြက္လာတယ္။ အေဖက “ဒါက ဦးညိဳဟုတ္ပါသလားခင္ဗ်” ဆိုေတာ့ ဦးညိဳက “ဟုတ္ပါတယ္ခ်င္ဗ်ာ၊ အိမ္ထဲကို ၾကြၾကပါ” လို႔ ေျပာေတာ့ ကေလးေလးက “ဟဲ့..ငညိဳ…မင္းငါ့ကို မွတ္မိေသးရဲ႕လား” လို႔ေျပာေတာ့ သူ႔အေဖေလာက္ရွိတဲ့ငါ့ကိုမ်ား ဒီလိုေျပာရေကာင္းလားဆိုၿပီး ဥိီးညိဳက စိတ္ဆိုးေနေတာ့ တယ္။

ဒိအခ်ိန္မွာ စာေရးႀကီးက “ ဦးညိဳေရ စိတ္မဆုိးပါနဲ႔ ဒီကေလးမွာ ထူးျခားတဲ့အေၾကာင္းရွိတယ္” လို႔ ဦးညိဳအားေျပာကာ ေတာင္းပန္ရွာပါ တယ္။ အိမ္ေပၚေရာက္တဲ့အခါ ကေလးက… “ ေဟ့ ..ငညိဳ မင္းကငါ့ကို မမွတ္မိေတာ့ဘူးလား၊ ဟုိတုန္းက ကြမ္းထမ္းၿပီးေရာင္းၾကတယ္ ငါက မင္းဆီမွာ ဆန္တစ္စလယ္ေခ်းဖူးတယ္ ။ အေၾကြးမဆပ္ခင္မွာပဲ ငါပိုးထိလို႔ေသခဲ့ရတယ္။ မင္းအိမ္မွာၾကက္ျဖစ္ရတယ္။ ၾကက္ျဖစ္တဲ့အခါ မင္းကို သံုးပြဲအထိႏိူင္ေအာင္ ငါခြပ္ေပးခဲ့ေပမဲ့ ေလးႀကိမ္ေျမာက္မွာ အားမတန္လို႔ ငါရံႈးခဲ့တယ္။ မင္းက ငါ့ကို ရံႈးရေကာင္းလားဆိုၿပီး ရိုက္သတ္တယ္။ ငါမေသမရွင္ျဖစ္ေနခ်ိန္မွာ မင္းအိမ္က ႏြားမႀကီးက ငါ့ကိုလာနမ္းတယ္။ ဒီလိုနဲ႔ႏြားမႀကီး၀မ္းမွာျဖစ္ရၿပီး ေမြးလာေတာ့ ႏြားမကေလးျဖစ္ခဲ့ရတယ္။

အရြယ္ေရာက္ေတာ့ မင္းတို႔ကငါ့ကို သတ္စားၾကတယ္။ အဲဒီခ်ိန္မွာ စာေရးႀကီးနဲ႔စာေရးႀကီးကေတာ္တို႔ေရာက္လာၿပီး သနားစရာစကား ေျပာသြားပါတယ္။ ႏြားမဘ၀ကေသေတာ့ အခု ေဟာဒီအေမအေဖရဲ႕သားကေလးလာျဖစ္ရပါတယ္။ အခုုမင္းအေၾကြးဆန္တစ္စလယ္ျပန္ဆပ္ဖို႔ လာတာ” လို႔ ကံႀကီးတစ္ျဖစ္လဲ ကေလးက ေျပာပါတယ္။ ေျပာသမွ်အားလံုးက မွန္ေနတဲ့အတြက္ ဦးညိဳဟာ သူျပဳခဲ့သမွ်ေတြကို သတိရၿပီး ငိုေၾကြး ရွာပါတယ္။ (ဒီအေၾကာင္းကို ဦးညိဳကိုယ္တိုင္ ေရစႀကိဳၿမိဳ႕နယ္က ဦးဘသြင္ကို ၁၃၁၃ ခုႏွစ္ေလာက္မွာ ေျပာၾကားလိုက္ေၾကာင္း သိရပါတယ္)။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးေကာ၀ိဒ(ၿမိတ္)

#Unicode Version#

အကြွေးမဆပ်ဘဲ သေဆုံးသွားရင် သံသရာမှာ အကြွေးဆပ်ရတတ်ပါတယ်။ အထူးသဖြင့်အပါယ်ကျရောက်တတ်ပါတယ်။ အကြွေးပေး သူက ခွင့်မလွတ်ဘဲ ဒေါသအာဃာတတရားထားနေမယ်ဆိုရင်လဲ အပါယ်ကျတတ်ပါတယ်။ ဒေါသအာဃာတဆိုတာ မထားကောင်းပါဘူး။ ဘုရားရှင်လက်ထက်က ဒေါသအာဃာတကြောင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်သတ်ရင်း တစ်ဘဝပြီးတစ်ဘ၀ ဖြစ်ခဲ့သေခဲ့ရတယ်ဆို တဲ့အကြောင်းကို ဓမ္မာပဒအဋ္ဌကထာ ကာဠယက္ခိနီဝတ္ထုဖြင့် သိနိူင်ပါတယ်။တကယ်လို့ ခွင့်လွတ်မယ်ဆိုရင်တော့ စိတ်ထားကောင်းတဲ့အတွက် ဘဝသံသရာမှာ ကျင်လည်ရပေမဲ့လဲ ခုနင်ကလို ဒုက္ခမဖြစ်နိူင်ပါ။

ဒီတော့ အကြွေးပေးတဲ့ သူက ခွင့်လွတ်တာဖြစ်စေ၊ ခွင့်မလွတ်တာဖြစ်စေ အကြွေးမဆပ်လိုက်ရဘဲ သေသွားမယ်ဆိုရင် အပါယ်လေးပါး အနက်တစ်ပါးပါးကျရောက်တတ်ပြီး သံသရာမှာ ပုံစံအမျိုးမျိုးနဲ့ အကြွေးပြန်ဆပ်ရတတ်ပါတယ်။ဒါနဲ့စပ်လို့ တောင်တွင်းကြီးမြို့ရဲ့အနောက်မြောက်ဘက် ဆယ်မိုင်လောက်အကွာမှာ ချောင်းဆုံရွာဆိုတာရှိတယ်။ အိမ်ခြေလေးရာ လောက်ရှိတယ်။ ဒီရွာမှာ ငညိုနဲ့ကံကြီးဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရှိတယ်။သူတို့ဟာ ကွမ်းထမ်းအလုပ်ကို လုပ်ကိုင်ကြတယ်။

တစ်နေ့ ကွမ်းထမ်း ရောင်းရာကပြန်အလာ စားစရာဆန်မရှိတော့တဲ့အတွက် ကံကြီးက သူငယ်ချင်းဖြစ်သူ ငညိုဆီမှာ ဆန် တစ်စလယ်ချေးပြီး ချက်စားပါတယ်။ ဒီလိုနဲ့ ကံကြီးဟာ အကြွေးယူထားတဲ့ဆန်ကို အဆင်ပြေတဲ့တစ်နေ့ပြန်ဆပ်ဖို့ စိတ်ကူးထားပါတယ်။ အကြွေးပြန်မဆပ်သေးမီမှာပဲ ပိုးထိလို့ သေဆုံးသွားရှာတယ်။ ဒီတုန်းကသူတို့အသက်ဟာ ၂၀ ဝန်းကျင်လောက်ပဲရှိပါဦးမယ်။ဒီလိုနဲ့ ငညိုအိမ်မှာ ကြက်သွားဖြစ်တယ်။ သေခါနီး အကြွေးယူထားတဲ့ ဆန်တစ်စလယ်ကို စွဲသွားဟန်တူပါတယ်။ ကြက်လေးဟာ တိုက် ကြက်ဖြစ်တဲ့အတွက် ငညိုက အခြားကြက်တွေနဲ့တိုက်တယ်။ သုံးကြိမ်တိတိအနိူင်ရခဲ့ပါတယ်။

ဒါဟာ ကံကြီးတစ်ဖြစ်လဲ ကြက်လေးဟာ သူ့သခင် ငညိုကို ကြက်တိုက်ပြီး အကြွေးပြန်ဆပ်နေရတာပါ။ ဒီလိုနဲ့ လေးကြိမ်မြောက် ကြက်တိုက်ရာမှာ ပြိုင်ဘက်ကြက်က အသက်ကလဲကြီး၊ အားကလဲ ကြက်လေးထက်အများကြီးသာတာဆိုတော့ ရှုံးသွားပါတယ်။ အဲဒီမှာ ငညိုက ကြက်တိုက်ရှုံးတဲ့အတွက် သူ့ကြက်ရဲ့ ခြေနှစ်ချောင်းကိုကိုင်ပြီး ရိုက်သတ်လိုက်တယ်။

ကြက်လေး မသေမရှင်ဖြစ်နေတဲ့အချိန်မှာ ငညိုရဲ့နွားမတစ်ကောင်က ကြက်လေးကို လာနမ်းပါတယ်။ အဲဒီမှာပဲ ကြက်ကလေးသေပြီး နွားမဝမ်းမှာ သွားဖြစ်တယ်။ အချိန်တန်တော့ နွားမလေးတစ်ကောင်ပေါက်လာတယ်။ အရွယ်ကြီးအတော်အတန်ကြီးလာတဲ့အခါ ငညိုသူငယ်ချင်းများက လေးကျပ်နဲ့ပေးဝယ်ပြီး နွားမကလေးကို သတ်စားလိုက်ကြတယ်။ ဒီလိုနဲ့ လှီးဖြတ်ပြီး အမဲဖျက်နေတဲ့အချိန်မှ တောင်တွင်းကြီးက စာရေးကြီးနဲ့စာရေးကတော်တို့ရောက်လာတယ်။ သေခါစနွားမကလေးရဲ့အသား တဆတ်ဆတ်တုံနေတာကို ကြည့်ပြီး နွားမကလေးအပေါ်မှာ ကရုဏာသက်မိကြတယ်။

စာရေးကတော်က “ငါ့နွားသာဆိုရင် မသတ်ဘူး၊ သူ့အလိုလိုပဲသေပါစေ၊ သေရင်လဲ အခုလိုမျိုးမရောင်းစားဘူး၊ မြေမြုပ်ပင့်မယ်” လို့ သနားကရုဏာစိတ်နဲ့ပြောပါတယ်။ ဒါနဲ့ မကြာမီမှာပဲ စာရေးကတော်ကြီးမှာ ကိုယ်ဝန်ရလာပါတယ်။ အချိန်တန်တော့ သားယောင်္ကျားလေး မွေးပါ တယ်။ သားကလေးဟာ ခုနှစ်နှစ်အရွယ်အထိ စကားလုံးဝမပြောပါဘူး။ တစ်နေ့တော့ ဖခင်က “ သား မင်းကစကားလဲမပြောဘူး။ ဒီနေ့အဖေတို့လခထုတ်ရမယ်လေ၊ လခထုတ်ပြီးရင် အဝတ်လှလှလေးတွေ သားအတွက်ဝယ်လာခဲ့မယ်” ဆိုပြီး ညနေပြန်လာတဲ့အခါ “သားကလေး..ဒီမှာသားအတွက်အဝတ်လှလှလေးတွေလေ ယူပါ။ ပီးတော့ စကားလဲပြောပါလားသားကလေး” လို့ အဖေဖြစ်သူက မေးတော့ သားကလေးက “ ငညို ဆန်တစ်စလယ်” လို့ပြောပါတယ်။ တိုတိုပြောရရင် အဖေက “သားရယ် သားကသာ စကားပြောပါ။ ဆန်တစ်စလယ်မက ဆန်တစ်အိပ် အကြွေးဆပ်ပေးပါ့မယ်” လို့ သားအားပြောသတဲ့။

ဒီလိုနဲ့ သားကလေးဟာ ငညိုအိမ်ကို အခုပဲသွားပြီး အကြွေးဆပ်ချင်တယ်ဆိုလို့ တဲ့အတွက် အဖေက ဆန်တစ်အိတ်ကို လှည်းပေါ်တင် ပြီး သားကလေးလမ်းညွန်တဲ့အတိုင်းလာလိုက်တာ ချောင်းဆုံရွာကို ရောက်လာတယ်။ ရွာထဲရောက်တော့ ဒီကဝင် ဟိုကထွက် ဆိုပြီး သားကလေး ညွန်တဲ့လမ်းအတိုင်း လာခဲ့ရာ ဦးညိုအိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ အိမ်ထဲက လူကြီးတစ်ယောက်ထွက်လာတယ်။ အဖေက “ဒါက ဦးညိုဟုတ်ပါသလားခင်ဗျ” ဆိုတော့ ဦးညိုက “ဟုတ်ပါတယ်ချင်ဗျာ၊ အိမ်ထဲကို ကြွကြပါ” လို့ ပြောတော့ ကလေးလေးက “ဟဲ့..ငညို…မင်းငါ့ကို မှတ်မိသေးရဲ့လား” လို့ပြောတော့ သူ့အဖေလောက်ရှိတဲ့ငါ့ကိုများ ဒီလိုပြောရကောင်းလားဆိုပြီး ဦးညိုက စိတ်ဆိုးနေတော့ တယ်။

ဒိအချိန်မှာ စာရေးကြီးက “ ဦးညိုရေ စိတ်မဆိုးပါနဲ့ ဒီကလေးမှာ ထူးခြားတဲ့အကြောင်းရှိတယ်” လို့ ဦးညိုအားပြောကာ တောင်းပန်ရှာပါ တယ်။ အိမ်ပေါ်ရောက်တဲ့အခါ ကလေးက… “ ဟေ့ ..ငညို မင်းကငါ့ကို မမှတ်မိတော့ဘူးလား၊ ဟိုတုန်းက ကွမ်းထမ်းပြီးရောင်းကြတယ် ငါက မင်းဆီမှာ ဆန်တစ်စလယ်ချေးဖူးတယ် ။ အကြွေးမဆပ်ခင်မှာပဲ ငါပိုးထိလို့သေခဲ့ရတယ်။ မင်းအိမ်မှာကြက်ဖြစ်ရတယ်။ ကြက်ဖြစ်တဲ့အခါ မင်းကို သုံးပွဲအထိနိူင်အောင် ငါခွပ်ပေးခဲ့ပေမဲ့ လေးကြိမ်မြောက်မှာ အားမတန်လို့ ငါရှုံးခဲ့တယ်။ မင်းက ငါ့ကို ရှုံးရကောင်းလားဆိုပြီး ရိုက်သတ်တယ်။ ငါမသေမရှင်ဖြစ်နေချိန်မှာ မင်းအိမ်က နွားမကြီးက ငါ့ကိုလာနမ်းတယ်။ ဒီလိုနဲ့နွားမကြီးဝမ်းမှာဖြစ်ရပြီး မွေးလာတော့ နွားမကလေးဖြစ်ခဲ့ရတယ်။

အရွယ်ရောက်တော့ မင်းတို့ကငါ့ကို သတ်စားကြတယ်။ အဲဒီချိန်မှာ စာရေးကြီးနဲ့စာရေးကြီးကတော်တို့ရောက်လာပြီး သနားစရာစကား ပြောသွားပါတယ်။ နွားမဘဝကသေတော့ အခု ဟောဒီအမေအဖေရဲ့သားကလေးလာဖြစ်ရပါတယ်။ အခုမင်းအကြွေးဆန်တစ်စလယ်ပြန်ဆပ်ဖို့ လာတာ” လို့ ကံကြီးတစ်ဖြစ်လဲ ကလေးက ပြောပါတယ်။ ပြောသမျှအားလုံးက မှန်နေတဲ့အတွက် ဦးညိုဟာ သူပြုခဲ့သမျှတွေကို သတိရပြီး ငိုကြွေး ရှာပါတယ်။ (ဒီအကြောင်းကို ဦးညိုကိုယ်တိုင် ရေစကြိုမြို့နယ်က ဦးဘသွင်ကို ၁၃၁၃ ခုနှစ်လောက်မှာ ပြောကြားလိုက်ကြောင်း သိရပါတယ်)။

ဖိုးသူတော် (www.phothutaw.com)

Credit: ဦးကောဝိဒ(မြိတ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top