စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


အမ်ိဳးသမီးေတြဆိုတာဟာ အိမ္မႈကိစၥေတြမွာေရာ လုပ္ငန္းခြင္ထဲမွာပါ မပါမျဖစ္သူေတြပဲျဖစ္ၾကၿပီး ဇူလိုင္လ ၂ ရက္ေန႔က BMJ ဆီးခ်ိဳေရာဂါရွာေဖြေရးနဲ႔ ကုသေရးစင္တာရဲ႕ေလ့လာေတြ႕ရွိခ်က္အသစ္အရ အလုပ္ျပင္းျပင္းထန္ထန္လုပ္ကိုင္ၾကတဲ့ အမ်ိဳးသမီးေတြဟာ သာမန္ထက္ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေျခမ်ားတယ္လို႔ ဆိုပါတယ္။ဒီေလ့လာေတြ႕ရွိခ်က္ကို တရားဝင္ထုတ္ျပန္ႏိုင္ဖို႔အတြက္ ေဆးသုေတသနပညာရွင္ေတြဟာ အမ်ိဳးသမီးေပါင္း ၇၀၆၅ ဦးခန႔္ကို အခ်ိန္ကာလ ၁၂ ႏွစ္ေက်ာ္ၾကာ အခ်ိန္ယူၿပီး သုေတသနျပဳလုပ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ရက္သတၱပတ္တပတ္မွာ ၄၅ နာရီနဲ႔အထက္ အလုပ္လုပ္တဲ့ အမ်ိဳးသမီးေတြဟာ တပတ္မွာ ၃၅ နာရီနဲ႔ နာရီ ၄၀ ၾကားအလုပ္လုပ္တဲ့ အမ်ိဳးသမီးေတြထက္ ဆီးခ်ိဳေရာဂါ ျဖစ္ႏိုင္ေျခ ၆၅ ရာခိုင္ႏႈန္းခန႔္ရွိတယ္လို႔ ေလ့လာေတြ႕ရွိခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီသုေတသနေလ့လာခ်က္ကိုပဲ အမ်ိဳးသားေတြမွာ စမ္းသပ္သုေတသနျပဳလုပ္တဲ့အခါ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေျခဟာ အမ်ိဳးသားေတြမွာေတာ့ အလုပ္လုပ္ခ်ိန္နဲ႔ မသက္ဆိုင္ဘဲ ေဆးလိပ္ေသာက္သုံးတာ၊ ကိုယ္လက္လႈပ္ရွားပုံမွန္မျပဳလုပ္တာနဲ႔ အယ္လ္ကိုေဟာ ေသာက္သုံးမႈမ်ားတာေတြနဲ႔သာ ဆက္စပ္ေနေၾကာင္း ေလ့လာေတြ႕ရွိခဲ့ပါတယ္။

“အမ်ိဳးသမီးေတြရဲ႕ ေန႔စဥ္တာဝန္တခုလိုျဖစ္ေနတဲ့ အိမ္မႈကိစၥလုပ္ငန္းေတြကို သင့္အေနနဲ႔ ေပါ့ေပါ့တန္တန္အလုပ္တခုလို ေတြးမိရင္ေတာ့ ဒါဟာအမွားႀကီးမွားသြားပါလိမ့္မယ္။ အိမ္မႈကိစၥေတြဟာ ျပင္ပလုပ္ငန္းခြင္လို ဝင္ေငြမရေပမယ့္ စိတ္ဖိစီးမႈ နဲ႔ အလုပ္ရဲ႕ ပင္ပန္းမႈဒဏ္ေတြကေတာ့ က်န္းမာေရးအေပၚ သက္ေရာက္မႈျဖစ္ေစပါတယ္” လို႔ Toronto တကၠသိုလ္က သုေတသနမႉး Mahee Gilbert-Ouitmet က သူ႔ရဲ႕ ၁၂ ႏွစ္ၾကာသုေတသနေလ့လာခ်က္ေတြအရ ဆိုပါတယ္။

၂၀၁၆ ခုႏွစ္ ဂ်ပန္ႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ သုေတသနေလ့လာခ်က္ေတြ အရဆိုရင္လည္း အမ်ိဳးသမီးေတြရဲ႕ အလုပ္ ျပင္းျပင္းထန္ထန္လုပ္မႈနဲ႔ အလုပ္လုပ္ခ်ိန္မ်ားမႈေတြဟာ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေျခနဲ႔ တိုက္႐ိုက္ဆက္စပ္ေနၿပီး ၂၀၀၆ ခုႏွစ္မွာလုပ္ခဲ့တဲ့ အလားတူသုေတသနေလ့လာခ်က္ေတြမွာ အလုပ္လုပ္ခ်ိန္မ်ားျခင္းဟာ ဆီးခ်ိဳေရာဂါနဲ႔ ႏွလုံးေရာဂါ ျဖစ္ႏိုင္ေျခမ်ားေၾကာင္း ေလ့လာေတြ႕ရွိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

အမျိုးသမီးတွေဆိုတာဟာ အိမ်မှုကိစ္စတွေမှာရော လုပ်ငန်းခွင်ထဲမှာပါ မပါမဖြစ်သူတွေပဲဖြစ်ကြပြီး ဇူလိုင်လ ၂ ရက်နေ့က BMJ ဆီးချိုရောဂါရှာဖွေရေးနဲ့ ကုသရေးစင်တာရဲ့လေ့လာတွေ့ရှိချက်အသစ်အရ အလုပ်ပြင်းပြင်းထန်ထန်လုပ်ကိုင်ကြတဲ့ အမျိုးသမီးတွေဟာ သာမန်ထက် ဆီးချိုရောဂါဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ဒီလေ့လာတွေ့ရှိချက်ကို တရားဝင်ထုတ်ပြန်နိုင်ဖို့အတွက် ဆေးသုတေသနပညာရှင်တွေဟာ အမျိုးသမီးပေါင်း ၇၀၆၅ ဦးခန့်ကို အချိန်ကာလ ၁၂ နှစ်ကျော်ကြာ အချိန်ယူပြီး သုတေသနပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ရက်သတ္တပတ်တပတ်မှာ ၄၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ တပတ်မှာ ၃၅ နာရီနဲ့ နာရီ ၄၀ ကြားအလုပ်လုပ်တဲ့ အမျိုးသမီးတွေထက် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၆၅ ရာခိုင်နှုန်းခန့်ရှိတယ်လို့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

ဒီသုတေသနလေ့လာချက်ကိုပဲ အမျိုးသားတွေမှာ စမ်းသပ်သုတေသနပြုလုပ်တဲ့အခါ ဆီးချိုရောဂါဖြစ်နိုင်ခြေဟာ အမျိုးသားတွေမှာတော့ အလုပ်လုပ်ချိန်နဲ့ မသက်ဆိုင်ဘဲ ဆေးလိပ်သောက်သုံးတာ၊ ကိုယ်လက်လှုပ်ရှားပုံမှန်မပြုလုပ်တာနဲ့ အယ်လ်ကိုဟော သောက်သုံးမှုများတာတွေနဲ့သာ ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

“အမျိုးသမီးတွေရဲ့ နေ့စဉ်တာဝန်တခုလိုဖြစ်နေတဲ့ အိမ်မှုကိစ္စလုပ်ငန်းတွေကို သင့်အနေနဲ့ ပေါ့ပေါ့တန်တန်အလုပ်တခုလို တွေးမိရင်တော့ ဒါဟာအမှားကြီးမှားသွားပါလိမ့်မယ်။ အိမ်မှုကိစ္စတွေဟာ ပြင်ပလုပ်ငန်းခွင်လို ဝင်ငွေမရပေမယ့် စိတ်ဖိစီးမှု နဲ့ အလုပ်ရဲ့ ပင်ပန်းမှုဒဏ်တွေကတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုဖြစ်စေပါတယ်” လို့ Toronto တက္ကသိုလ်က သုတေသနမှူး Mahee Gilbert-Ouitmet က သူ့ရဲ့ ၁၂ နှစ်ကြာသုတေသနလေ့လာချက်တွေအရ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာချက်တွေ အရဆိုရင်လည်း အမျိုးသမီးတွေရဲ့ အလုပ် ပြင်းပြင်းထန်ထန်လုပ်မှုနဲ့ အလုပ်လုပ်ချိန်များမှုတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ၂၀၀၆ ခုနှစ်မှာလုပ်ခဲ့တဲ့ အလားတူသုတေသနလေ့လာချက်တွေမှာ အလုပ်လုပ်ချိန်များခြင်းဟာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေများကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top