မက္ဆီကေတာ့ လစာအမ်ားဆုံးရ ေဘာလုံးသမားေတြထဲမွာ ထိပ္ဆုံးကေန ျပတ္ျပတ္သားသား ရပ္တည္ေနခဲ့ၿပီး အနီးကပ္ဆုံး ကစားသမားထက္ ေပါင္ (၃)သန္းခန႔္ ပိုမိုရရွိေနခဲ့ပါတယ္။

ျပင္သစ္သတင္းဌာနတစ္ခုျဖစ္တဲ့ L'Equipe ရဲ႕ ထုတ္ျပန္ခ်က္အရ မက္ဆီဟာ ကမာၻေပၚမွာ လစာအမ်ားဆုံးရ ကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ မက္ဆီအေနနဲ႔ သူ႔ရဲ႕ မဟာၿပိဳင္ဘက္ႀကီး ေရာ္နယ္ဒိုထက္ တစ္လကို ေပါင္ (၃)သန္းခန႔္ ပိုမိုရရွိေနတာျဖစ္ၿပီး ထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

L'Equipe ရဲ႕ ထုတ္ျပန္ခ်က္မွာ မက္ဆီ နဲ႔ ေရာ္နယ္ဒိုတို႔ ထိပ္ဆုံးက ရွိေနတာက အံ့အားသင့္စရာမဟုတ္ေပမယ့္လည္း သူတို႔ႏွစ္ဦးၾကားမွာ ကြာျခားေနတဲ့ ေငြပမာဏကေတာ့ အံ့အားသင့္စရာျဖစ္ေနခဲ့ပါတယ္။ ထိပ္ဆုံးက ရပ္တည္ေနခဲ့တဲ့ ကစားသမား (၁၀)ဦးမွာ ဥေရာပထိပ္တန္းလိဂ္ (၃)ခုက ကစားသမားေတြသာပါဝင္ခဲ့ၿပီး အီတလီစီးရီးေအ နဲ႔ ဘြန္ဒက္လီဂါ ကစားသမားေတြကေတာ့ ထိပ္ဆုံး (၁၀)ဦး ျပင္ပမွာသာ ရွိေနခဲ့ပါတယ္။


ဒီရာသီမွာ စပိန္လာလီဂါရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္တဲ့ မက္ဆီဟာ ဘာစီလိုနာမွာ တစ္လကို ေပါင္ (၇.၃)သန္းခန႔္အထိ အခြန္မေဆာင္မီ ရရွိေနတယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒိုကေတာ့ ဂ်ဴဗင္တပ္စ္မွာ တစ္လကို ေပါင္ (၄.၁)သန္းခန႔္သာ ရရွိေနၿပီး မက္ဆီထက္ ေပင္(၃)သန္းခန႔္ ေလ်ာ့နည္းေနခဲ့တာကိုလည္း ေတြ႕ရွိခဲ့ရပါတယ္။

စတုတၳေနရာမွာေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး ေနမာက ရွိေနခဲ့ၿပီး တစ္လကို ေပါင္ (၂.၉)သန္း ရရွိေနခဲ့ကာ အက္သလက္တီကိုမက္ဒရစ္တိုက္စစ္မႉး အန္တိုနီယိုဂရစ္မန္းဇ္က တစ္လကို ေပါင္ (၂.၉)သန္းနဲ႔ တတိယေနရာမွာ ရွိေနခဲ့ပါတယ္။ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ဖို႔ ျငင္းဆိုခဲ့ၿပီး အက္သလက္တီကိုနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီးေနာက္မွာ ဂရစ္မန္းဇ္အတြက္ လစာတိုးျမႇင့္ခံစားခဲ့ရတာ ျဖစ္ပါတယ္။

မက္ဆီရဲ႕ ဘာစီလိုနာအသင္းေဖာ္ ဆြာရက္ဇ္ကေတာ့ အဆင့္ (၅)ေနရာမွာ ရပ္တည္ေနခဲ့ၿပီး တစ္လကို ေပါင္ (၂.၅)သန္းထိ ရရွိေနတယ္လို႔ သိရပါတယ္။ ဂါရတ္ေဘးလ္က တစ္လကို ေပါင္ (၂.၂)သန္းအထိ ရရွိခဲ့ကာ အဆင့္ (၆)မွာ ရွိေနခဲ့ၿပီး ထိပ္ဆုံး (၁၀)ဦးစာရင္းမွာ ပါဝင္ခဲ့တဲ့ တစ္ဦးတည္းေသာ ရီးရဲလ္မက္ဒရစ္အသင္းသား ျဖစ္ခဲ့ပါတယ္။

ထိပ္ဆုံး (၁၀)ဦး စာရင္းမွာေတာ့ -

မက္ဆီ - ေပါင္ ၇.၃ သန္း
ေရာ္နယ္ဒို - ေပါင္ ၄.၁ သန္း
ဂရစ္မန္းဇ္ - ေပါင္ ၂.၉ သန္း
ေနမာ - ေပါင္ ၂.၇ သန္း
ဆြာရက္ဇ္ -ေပါင္ ၂.၅ သန္း
ေဘးလ္ - ေပါင္ ၂.၂ သန္း
ေကာ္တင္ဟို - ေပါင္ ၂ သန္း
ဆန္းခ်က္ - ေပါင္ ၂သန္း
ဘတ္ပီ - ေပါင္ ၁.၅သန္း
အိုေဇးလ္ - ေပါင္ ၁.၄ သန္း တို႔ ရပ္တည္ေနခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

မက်ဆီကတော့ လစာအများဆုံးရ ဘောလုံးသမားတွေထဲမှာ ထိပ်ဆုံးကနေ ပြတ်ပြတ်သားသား ရပ်တည်နေခဲ့ပြီး အနီးကပ်ဆုံး ကစားသမားထက် ပေါင် (၃)သန်းခန့် ပိုမိုရရှိနေခဲ့ပါတယ်။

ပြင်သစ်သတင်းဌာနတစ်ခုဖြစ်တဲ့ L'Equipe ရဲ့ ထုတ်ပြန်ချက်အရ မက်ဆီဟာ ကမ္ဘာပေါ်မှာ လစာအများဆုံးရ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မက်ဆီအနေနဲ့ သူ့ရဲ့ မဟာပြိုင်ဘက်ကြီး ရော်နယ်ဒိုထက် တစ်လကို ပေါင် (၃)သန်းခန့် ပိုမိုရရှိနေတာဖြစ်ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

L'Equipe ရဲ့ ထုတ်ပြန်ချက်မှာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ ထိပ်ဆုံးက ရှိနေတာက အံ့အားသင့်စရာမဟုတ်ပေမယ့်လည်း သူတို့နှစ်ဦးကြားမှာ ကွာခြားနေတဲ့ ငွေပမာဏကတော့ အံ့အားသင့်စရာဖြစ်နေခဲ့ပါတယ်။ ထိပ်ဆုံးက ရပ်တည်နေခဲ့တဲ့ ကစားသမား (၁၀)ဦးမှာ ဥရောပထိပ်တန်းလိဂ် (၃)ခုက ကစားသမားတွေသာပါဝင်ခဲ့ပြီး အီတလီစီးရီးအေ နဲ့ ဘွန်ဒက်လီဂါ ကစားသမားတွေကတော့ ထိပ်ဆုံး (၁၀)ဦး ပြင်ပမှာသာ ရှိနေခဲ့ပါတယ်။

ဒီရာသီမှာ စပိန်လာလီဂါရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာမှာ တစ်လကို ပေါင် (၇.၃)သန်းခန့်အထိ အခွန်မဆောင်မီ ရရှိနေတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုကတော့ ဂျူဗင်တပ်စ်မှာ တစ်လကို ပေါင် (၄.၁)သန်းခန့်သာ ရရှိနေပြီး မက်ဆီထက် ပေင်(၃)သန်းခန့် လျော့နည်းနေခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

စတုတ္ထနေရာမှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ရှိနေခဲ့ပြီး တစ်လကို ပေါင် (၂.၉)သန်း ရရှိနေခဲ့ကာ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး အန်တိုနီယိုဂရစ်မန်းဇ်က တစ်လကို ပေါင် (၂.၉)သန်းနဲ့ တတိယနေရာမှာ ရှိနေခဲ့ပါတယ်။ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ငြင်းဆိုခဲ့ပြီး အက်သလက်တီကိုနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက်မှာ ဂရစ်မန်းဇ်အတွက် လစာတိုးမြှင့်ခံစားခဲ့ရတာ ဖြစ်ပါတယ်။

မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော် ဆွာရက်ဇ်ကတော့ အဆင့် (၅)နေရာမှာ ရပ်တည်နေခဲ့ပြီး တစ်လကို ပေါင် (၂.၅)သန်းထိ ရရှိနေတယ်လို့ သိရပါတယ်။ ဂါရတ်ဘေးလ်က တစ်လကို ပေါင် (၂.၂)သန်းအထိ ရရှိခဲ့ကာ အဆင့် (၆)မှာ ရှိနေခဲ့ပြီး ထိပ်ဆုံး (၁၀)ဦးစာရင်းမှာ ပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော ရီးရဲလ်မက်ဒရစ်အသင်းသား ဖြစ်ခဲ့ပါတယ်။

ထိပ်ဆုံး (၁၀)ဦး စာရင်းမှာတော့ -

မက်ဆီ - ပေါင် ၇.၃ သန်း
ရော်နယ်ဒို - ပေါင် ၄.၁ သန်း
ဂရစ်မန်းဇ် - ပေါင် ၂.၉ သန်း
နေမာ - ပေါင် ၂.၇ သန်း
ဆွာရက်ဇ် -ပေါင် ၂.၅ သန်း
ဘေးလ် - ပေါင် ၂.၂ သန်း
ကော်တင်ဟို - ပေါင် ၂ သန်း
ဆန်းချက် - ပေါင် ၂သန်း
ဘတ်ပီ - ပေါင် ၁.၅သန်း
အိုဇေးလ် - ပေါင် ၁.၄ သန်း တို့ ရပ်တည်နေခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top