မြန္ျပည္နယ္၊ မုဒံုၿမိဳ႕၊ ၿမိဳ႕မ ၄ ရပ္ကြက္၊ စိန္ခ်ယ္လမ္း၊ ထိန္ကုန္းရပ္ရွိ ဦးေအးေမာင္ရဲ႕ ရာဘာမိႈင္း႐ုံမွာ ေဖေဖာ္၀ါရီ ၆ ရက္ ညေန ၃ နာရီခြဲေလာက္က ရာဘာမိႈ္င္းခံ႐ုံ ၈ ႐ုံ မီးေလာင္ခဲ့လို႔ ေငြက်ပ္ သိန္းရာနဲ႔ ခ်ိီဆံုးရႈံးခဲ့တယ္လို႔ မုဒံုၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔က သိရပါတယ္။

မုဒံုၿမိဳ႕နယ္ မီးသတ္တာ၀န္ခံ ဦးျမင့္ဦးက “ရာဘာျပားေတြကို စံပယ္ခြံေတြနဲ႔ မီးဖိုၿပီးေတာ့ မိႈင္းခံတာေပါ့။ အဲ့ဒီကေန မီးမ်ားၿပီးေတာ့ ရာဘာျပားေတြကို မီးစြဲတာပါ။ သူက (မီးထိုးလုပ္သား) ဖြဲေတြကို လိုတာထက္ပိုၿပီးေတာ့ အမ်ားႀကီးထိုးလိုက္တဲ့အတြက္ေၾကာင့္ ဖြဲကေန မီးပြားၿပီး ရာဘာျပားကို ေလာင္တယ္။” လို႔ ေျပာပါတယ္။


မီးေလာင္မႈကို ခရိုင္နဲ႔ ျပည္နယ္မီးသတ္ဦးစီးမႉးတို႔ ႀကီးၾကပ္ကြပ္ကဲမႈနဲ႔ မီးၿငိႇမ္းသတ္ယာဥ္ ၁၄ စီး၊ ေရသယ္ယာဥ္ ၆ စီး၊ စည္ပင္ေရသယ္ယာဥ္ ၁ စီး၊ အုပ္ခ်ဳပ္မႈယာဥ္ ၁ စီးတို႔နဲ႔ မီးၿငိႇမ္းသတ္ခဲ့ရၿပီး ညေန ၄ နာမီ ၅၅ မိနစ္မွာ မီးၿငိမ္းခဲ့တာပါ။မီးေလာင္မႈေၾကာင့္ ၉ ေပ × ၁၈ ေပ သြပ္မိုးအုတ္ကာ ကြန္ကရစ္ ရာဘာ႐ုံ ၈ ႐ုံ၊ ရာဘာျပား ေပါင္ ၂၄၀၀၀ ေလာက္ ပ်က္စီးခဲ့ၿပီး စုစုေပါင္း ကာလတန္ဖိုး က်ပ္ ၁၈,၄၈၀,၀၀၀ ဆံုးရႈံးခဲ့ပါတယ္။

မုဒံုၿမိဳ႕နယ္မွာ ရာဘာမိႈင္းခံ႐ုံမီးေလာင္မႈေတြဟာ ႏွစ္လအတြင္း သံုးႀကိမ္အထိ ျဖစ္ပြားခဲ့ၿပီး လက္ရွိမွာ ရာဘာမိႈင္းခံ႐ုံေတြ မီးေလာင္မႈေၾကာင့္ ေငြက်ပ္သိန္း ၅၀၀၀ နီးပါး ဆံုးရႈံးခဲ့ရပါတယ္။အခုမီးေလာင္မႈျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ရာဘာ႐ုံပိုင္ရွင္ ဦးေအးေမာင္ရဲ႕မီးထိုးလုပ္သား ဦးေက်ာ္ႏိုင္စိုး(၄၂ ႏွစ္) ကို (ပ) ၆၄၂/ ပုဒ္မ ၂၅၈ နဲ႔ မုဒံုၿမိဳ႕မရဲစခန္းမွ အမႈဖြင့္အေရးယူထားပါတယ္။

သတင္း- အာကာမင္း
ဓာတ္ပံု – Mon State Government office

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#


မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်၊ စိန်ချယ်လမ်း၊ ထိန်ကုန်းရပ်ရှိ ဦးအေးမောင်ရဲ့ ရာဘာမှိုင်းရုံမှာ ဖေဖော်ဝါရီ ၆ ရက် ညနေ ၃ နာရီခွဲလောက်က ရာဘာမှိုင်းခံရုံ ၈ ရုံ မီးလောင်ခဲ့လို့ ငွေကျပ် သိန်းရာနဲ့ ချီဆုံးရှုံးခဲ့တယ်လို့ မုဒုံမြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။

မုဒုံမြို့နယ် မီးသတ်တာဝန်ခံ ဦးမြင့်ဦးက “ရာဘာပြားတွေကို စံပယ်ခွံတွေနဲ့ မီးဖိုပြီးတော့ မှိုင်းခံတာပေါ့။ အဲ့ဒီကနေ မီးများပြီးတော့ ရာဘာပြားတွေကို မီးစွဲတာပါ။ သူက (မီးထိုးလုပ်သား) ဖွဲတွေကို လိုတာထက်ပိုပြီးတော့ အများကြီးထိုးလိုက်တဲ့အတွက်ကြောင့် ဖွဲကနေ မီးပွားပြီး ရာဘာပြားကို လောင်တယ်။” လို့ ပြောပါတယ်။


မီးလောင်မှုကို ခရိုင်နဲ့ ပြည်နယ်မီးသတ်ဦးစီးမှူးတို့ ကြီးကြပ်ကွပ်ကဲမှုနဲ့ မီးငြှိမ်းသတ်ယာဉ် ၁၄ စီး၊ ရေသယ်ယာဉ် ၆ စီး၊ စည်ပင်ရေသယ်ယာဉ် ၁ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့နဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး ညနေ ၄ နာမီ ၅၅ မိနစ်မှာ မီးငြိမ်းခဲ့တာပါ။မီးလောင်မှုကြောင့် ၉ ပေ × ၁၈ ပေ သွပ်မိုးအုတ်ကာ ကွန်ကရစ် ရာဘာရုံ ၈ ရုံ၊ ရာဘာပြား ပေါင် ၂၄၀၀၀ လောက် ပျက်စီးခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁၈,၄၈၀,၀၀၀ ဆုံးရှုံးခဲ့ပါတယ်။

မုဒုံမြို့နယ်မှာ ရာဘာမှိုင်းခံရုံမီးလောင်မှုတွေဟာ နှစ်လအတွင်း သုံးကြိမ်အထိ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ရာဘာမှိုင်းခံရုံတွေ မီးလောင်မှုကြောင့် ငွေကျပ်သိန်း ၅၀၀၀ နီးပါး ဆုံးရှုံးခဲ့ရပါတယ်။အခုမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရာဘာရုံပိုင်ရှင် ဦးအေးမောင်ရဲ့မီးထိုးလုပ်သား ဦးကျော်နိုင်စိုး(၄၂ နှစ်) ကို (ပ) ၆၄၂/ ပုဒ်မ ၂၅၈ နဲ့ မုဒုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားပါတယ်။

သတင်း- အာကာမင်း
ဓာတ်ပုံ – Mon State Government office

ဖိုးသူတော် (www.phothutaw.com)

Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top