စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ညအခ်ိန္အိပ္ေပ်ာ္ေနေသာ ၁၄ ႏွစ္သမီးကို မ်က္ႏွာခ်င္းဆိုင္တြင္ေနထို္င္ေသာအိမ္နီးခ်င္းအမ်ိဳးသားက အိမ္ေပၚတက္အဓမၼျပဳက်င့္မႈျဖစ္စဥ္တစ္ခု စစ္ကိုင္းတိုင္၊ ထီးခ်ိဳင့္ၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေဖေဖာ္၀ါရီလ ၁၂ ရက္၊ နံနက္အေစာပိုင္း ၁ နာရီခြဲခန္႔တြင္ ထီးခ်ိဳင့္ၿမိဳ႕နယ္၊ ကြမ္းတံုေက်းရြာတြင္ေနထိုင္ေသာ မ——၁၄ ႏွစ္သည္ ေနအိမ္ေပၚ၌ ေမာင္ျဖစ္သူႏွင့္ ေမာင္ႏွမႏွစ္ဦးတည္းအိပ္ေပ်ာ္ေနခ်ိန္တြင္ တစ္ရြာတည္းေန မင္းမင္းသန္း(၂၂)ႏွစ္ကခ်ဳပ္၍ အဓမၼျပဳက်င့္ခဲ့ျခင္းျဖစ္ေၾကာင္း တိုင္ၾကားခ်က္အရ သိရသည္။

“မိဘႏွစ္ပါးကအငယ္ဆံုးကေလးကိုေခၚၿပီးေတာ့ အင္းေတာ္ၿမိဳ႕မွာလမ္းလုပ္ငန္းသြားလုပ္ေနတဲ့အတြက္ ေနအိမ္မွာ ေမာင္ႏွမႏွစ္ေယာက္တည္းပဲရွိတယ္။တရားခံမင္းမင္းသန္းက ညအခ်ိန္မေတာ္အိမ္ေပၚတက္ၿပီး ေကာင္မေလးရဲ႕ပါးစပ္ကိုပိတ္ေစာ္ကားေနတဲ့အခ်ိန္မွာ

အနားမွာရွိတဲ့ေမာင္ျဖစ္သူက ေအာ္လိုက္တဲ့အတြက္ေဘးအိမ္ကလူေတြေရာက္ရွိလာတဲ့အခ်ိန္မွာ မိသြားခဲ့တာပါ” ဟု ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္းက အမႈစစ္အရာရွိမွ အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ယင္းအတြက္ေၾကာင့္ ျပစ္မႈက်ဴးလြန္သည့္ မင္းမင္းသန္း(၂၂)ႏွစ္ကို ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္း၌ ပုဒ္မ- ၃၇၆ ျဖင့္အမႈဖြင့္ကာ တရားစြဲတင္ႏိုင္ေရးစီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: ဒါးဇ
 #Unicode Version#

 ညအချိန်အိပ်ပျော်နေသော ၁၄ နှစ်သမီးကို မျက်နှာချင်းဆိုင်တွင်နေထိုင်သောအိမ်နီးချင်းအမျိုးသားက အိမ်ပေါ်တက်အဓမ္မပြုကျင့်မှုဖြစ်စဉ်တစ်ခု စစ်ကိုင်းတိုင်၊ ထီးချိုင့်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် ထီးချိုင့်မြို့နယ်၊ ကွမ်းတုံကျေးရွာတွင်နေထိုင်သော မ——၁၄ နှစ်သည် နေအိမ်ပေါ်၌ မောင်ဖြစ်သူနှင့် မောင်နှမနှစ်ဦးတည်းအိပ်ပျော်နေချိန်တွင် တစ်ရွာတည်းနေ မင်းမင်းသန်း(၂၂)နှစ်ကချုပ်၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားချက်အရ သိရသည်။

“မိဘနှစ်ပါးကအငယ်ဆုံးကလေးကိုခေါ်ပြီးတော့ အင်းတော်မြို့မှာလမ်းလုပ်ငန်းသွားလုပ်နေတဲ့အတွက် နေအိမ်မှာ မောင်နှမနှစ်ယောက်တည်းပဲရှိတယ်။တရားခံမင်းမင်းသန်းက ညအချိန်မတော်အိမ်ပေါ်တက်ပြီး ကောင်မလေးရဲ့ပါးစပ်ကိုပိတ်စော်ကားနေတဲ့အချိန်မှာ

အနားမှာရှိတဲ့မောင်ဖြစ်သူက အော်လိုက်တဲ့အတွက်ဘေးအိမ်ကလူတွေရောက်ရှိလာတဲ့အချိန်မှာ မိသွားခဲ့တာပါ” ဟု ထီးချိုင့်မြို့မရဲစခန်းက အမှုစစ်အရာရှိမှ အကုန်သိသတင်းဌာနသို့ ပြောသည်။

ယင်းအတွက်ကြောင့် ပြစ်မှုကျူးလွန်သည့် မင်းမင်းသန်း(၂၂)နှစ်ကို ထီးချိုင့်မြို့မရဲစခန်း၌ ပုဒ်မ- ၃၇၆ ဖြင့်အမှုဖွင့်ကာ တရားစွဲတင်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



ဖိုးသူတော်(www.phothutaw.com)
Credit: ဒါးဇ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top