အိမ္ မွာ ကေလးငယ္ေတြ သားမီးေလးေတြရွိရင္ ေရခဲေသတၱာကို ဘယ္လို မွန္မွန္ကန္ကန္ အသုံးျပဳရသလဲဆိုတာ လူႀကီးမိဘေတြအေနနဲ႔ ကေလးေတြကို အခ်ိန္တစ္ခုေပးၿပီး နားလည္ေအာင္ သင္ျပထားသင့္ပါတယ္။ ဒီလိုမွ မဟုတ္ရင္ေတာ့ ကေလးေတြအတြက္ ေရခဲေသတၱာဟာလည္း ေမွ်ာ္လင့္မထားတဲ့ အႏၲရာယ္ ေပးႏိုင္တယ္ဆိုတာ ေဖာ္ျပပါသတင္းက မီးေမာင္းထိုးျပေနပါတယ္။

တ႐ုပ္ႏိုင္ငံက ကေလးငယ္ဟာ ေရခဲေသတၱာခဲခန္းထဲက ေအးခဲေနတဲ့ အခ်ိဳရည္သံဗူးေပါက္ထြက္ၿပီးေနာက္ သူ႔ရဲ႕မ်က္ႏွာ ပါျပင္ေပၚမွာ ဟက္တက္ႀကီး ျပတ္ရွသြားတဲ့အတြက္ မ်က္ႏွာမွာ ၃၁ ခ်က္နဲ႔ ပါးစပ္အတြင္းပိုင္းမွာ ၇ ခ်ဳပ္ခဲ့ရပါတယ္။ အခ်ိဳရည္ဗူးဟာ ခဲခန္းထဲမွာ ၂ နာရွၾကာေလာက္ ရွိေနတာမို႔ ကေလးက ေသာက္ဖို႔ ယူလိုက္တဲ့အခ်ိန္မွာ ကန္ထြက္ၿပီး ေပါက္ကြဲခဲ့တာျဖစ္ပါတယ္။

အခ်ိဳ႕လူႀကီးေတြေတာင္ ေရခဲ့ေသတၱာထဲ ပစၥည္းထားသိုပုံနဲ႔ ပက္သက္ၿပီး မွားယြင္းေနၾကတာေတြ ရွိပါတယ္။ ေရခဲေသတၱာရဲ႕ ခဲခန္းဟာ သားစိမ္း၊ ငါးစိမ္းနဲ႔ ေရခဲလုပ္ဖို႔အတြက္ ျဖစ္ပါတယ္။ ေရသန႔္ဗူးေတြ အခ်ိဳရည္ဗူးေတြ ထားတာဟာ အင္မတန္ အႏၲရာယ္မ်ားပါတယ္။

အထူးသျဖင့္ ဘီယာ၊ အခ်ိဳရည္ သံဗူးေတြဟာ အတြင္းမွာ ဂတ္စ္အတြက္ ေနရာခ်န္ထားပါတယ္။ ခဲသြားတဲ့အခါ အတြင္းက ဂတ္စ္ရဲ႕ေနရာကို ေရခဲက ဝင္ယူသြားၿပီး အခန႔္မသင့္ရင္ ေပါက္ကြဲထြက္တာမ်ိဳး ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္မို႔ မသိနားမလည္ေသးတဲ့ကေလးေတြကို လူႀကီးမိဘေတြအေနနဲ႔ ေရခဲေသတၱာကို ဘယ္လို မွန္မွန္ကန္ကန္ အသုံးျပဳရမယ္ဆိုတာ သင္ၾကားေပးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#

အိမ် မှာ ကလေးငယ်တွေ သားမီးလေးတွေရှိရင် ရေခဲသေတ္တာကို ဘယ်လို မှန်မှန်ကန်ကန် အသုံးပြုရသလဲဆိုတာ လူကြီးမိဘတွေအနေနဲ့ ကလေးတွေကို အချိန်တစ်ခုပေးပြီး နားလည်အောင် သင်ပြထားသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကလေးတွေအတွက် ရေခဲသေတ္တာဟာလည်း မျှော်လင့်မထားတဲ့ အန္တရာယ် ပေးနိုင်တယ်ဆိုတာ ဖော်ပြပါသတင်းက မီးမောင်းထိုးပြနေပါတယ်။

တရုပ်နိုင်ငံက ကလေးငယ်ဟာ ရေခဲသေတ္တာခဲခန်းထဲက အေးခဲနေတဲ့ အချိုရည်သံဗူးပေါက်ထွက်ပြီးနောက် သူ့ရဲ့မျက်နှာ ပါပြင်ပေါ်မှာ ဟက်တက်ကြီး ပြတ်ရှသွားတဲ့အတွက် မျက်နှာမှာ ၃၁ ချက်နဲ့ ပါးစပ်အတွင်းပိုင်းမှာ ၇ ချုပ်ခဲ့ရပါတယ်။ အချိုရည်ဗူးဟာ ခဲခန်းထဲမှာ ၂ နာရှကြာလောက် ရှိနေတာမို့ ကလေးက သောက်ဖို့ ယူလိုက်တဲ့အချိန်မှာ ကန်ထွက်ပြီး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အချို့လူကြီးတွေတောင် ရေခဲ့သေတ္တာထဲ ပစ္စည်းထားသိုပုံနဲ့ ပက်သက်ပြီး မှားယွင်းနေကြတာတွေ ရှိပါတယ်။ ရေခဲသေတ္တာရဲ့ ခဲခန်းဟာ သားစိမ်း၊ ငါးစိမ်းနဲ့ ရေခဲလုပ်ဖို့အတွက် ဖြစ်ပါတယ်။ ရေသန့်ဗူးတွေ အချိုရည်ဗူးတွေ ထားတာဟာ အင်မတန် အန္တရာယ်များပါတယ်။

အထူးသဖြင့် ဘီယာ၊ အချိုရည် သံဗူးတွေဟာ အတွင်းမှာ ဂတ်စ်အတွက် နေရာချန်ထားပါတယ်။ ခဲသွားတဲ့အခါ အတွင်းက ဂတ်စ်ရဲ့နေရာကို ရေခဲက ဝင်ယူသွားပြီး အခန့်မသင့်ရင် ပေါက်ကွဲထွက်တာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့ မသိနားမလည်သေးတဲ့ကလေးတွေကို လူကြီးမိဘတွေအနေနဲ့ ရေခဲသေတ္တာကို ဘယ်လို မှန်မှန်ကန်ကန် အသုံးပြုရမယ်ဆိုတာ သင်ကြားပေးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top