ထိုင္းႏိုင္ငံ နခြန္စဝမ္ခ႐ိုင္ရွိ ေရခဲစက္႐ုံသို႔ လူကုန္ကူးခံရသည့္ ျမန္မာအလုပ္သမားေလးဦးအား ဘန္ေကာက္ရွိ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးက ကယ္တင္ခဲ့ေၾကာင္းႏွင့္ အဆိုပါ႐ုံးတြင္ ခိုလႈံေနသူ ၁၂ ဦးအထိရွိၿပီျဖစ္ေၾကာင္း ထိုင္းရွိျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ားအေရးေဆာင္႐ြက္ေနသည့္ FED အဖြဲ႕က ယေန႔ေဖေဖာ္ဝါရီ ၁၃ ရက္တြင္ သတင္းထုတ္ျပန္သည္။

ပြဲစားျဖစ္သူ မေဆြက ထိုင္းႏိုင္ငံရွိ စကၠဴစက္႐ုံတြင္ အလုပ္ေကာင္းမြန္ေၾကာင္းေျပာၾကားသည္ကို ယုံၾကည္ၿပီး အလုပ္သမားခုႏွစ္ဦးက တစ္ဦးလွ်င္ ျမန္မာက်ပ္ေငြခုႏွစ္သိန္းခန္႔ေပးခဲ့ရျခင္းျဖစ္သည္။ပြဲစားျဖစ္သူ မေဆြႏွင့္ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ရွိ ပြဲစားျဖစ္သူေဒၚမာလီတို႔က ခ်ိတ္ဆက္ၿပီး အလုပ္သမားမ်ားကို အုပ္စုႏွစ္ခုခြဲကာ ထီးခီးနယ္စပ္ဂိတ္ႏွင့္ ျမဝတီနယ္စပ္ဂိတ္တို႔မွတစ္ဆင့္ ထိုင္းႏိုင္ငံသို႔ တရားမဝင္လမ္းေၾကာင္းျဖင့္ ပို႔ေဆာင္ခဲ့သည္။

“က်မတို႔တူရီးႏွစ္ေယာက္က ၂၀၁၉ ၊တစ္လပိုင္းက မဲေဆာက္ကေန နခြန္စဝမ္ခ႐ိုင္မွာရွိတဲ့ ေရခဲစက္႐ုံကိုေရာက္လာတယ္။ တစ္လကို ၈၀ဝ၀ဘတ္ပဲရတယ္။ အဲဒီရတဲ့ေငြကိုလည္း ပြဲစားေဒၚမာလီက စက္႐ုံကိုလာပို႔ခဆိုၿပီး တစ္ေယာက္ကို ဘတ္၂၀ဝ၀စီထပ္ျဖတ္တယ္။ အဝတ္စားဖိုး၊အခန္းခ၊ေရနဲ႔မီးအသုံးျပဳခဆိုၿပီးျဖတ္လိုက္တာ က်မတို႔လက္ထဲ ဘတ္၃၀ဝ၀ေလာက္ပဲရတယ္။ ပြဲစားေျပာတာကိုယုံမိလို႔က်မတို႔ေတြအခုလို သူတစ္ပါးတိုင္းျပည္မွာ ဒုကၡေတြႀကဳံေနရတယ္။အခုလည္း အလုပ္သမားသံအရာရွိနဲ႔MOEAF႐ုံးက လက္ခံေစာင့္ေရွာက္ေပးလို႔သာေပါ့။ မဟုတ္ရင္က်မတို႔ဘဝေတြ ဘာဆက္ျဖစ္မယ္ဆိုတာမေတြးရဲဘူး”ဟု မေအးႏြဲ႕စန္းက ေျပာသည္။

 “ဖိကဆင္က သူငယ္ခ်င္းတစ္ဦးက က်ေနာ့္ကိုအေၾကာင္းၾကားလာတယ္။ ျမန္မာအလုပ္သမားမိသားစုေလးဦးလမ္းေဘးမွာအခက္အခဲျဖစ္ေနတယ္။ကူညီပါဆိုတာနဲ႔က်ေနာ္လည္းသြားေခၚၿပီး အခန္းမွာထမင္းေကြၽးေစာင့္ေရွာက္ေပးထားၿပီး အလုပ္သမားသံအရာရွိဦးစန္းေမာင္ဦးထံဆက္သြယ္တဲ့အခါ လာပို႔ပါကူညီေပးပါမယ္ဆိုတာနဲ႔ မေန႔ကသြားပို႔ေပးခဲ့ပါတယ္”ဟု က႐ုဏာလက္တြဲကူညီလူမႈအဖြဲ႕အစည္းမွ ကိုမိုးစက္က ေျပာသည္။ ဦးဝင္းေဇာ္ႏွင့္ မေအးႏြဲ႕စမ္းအပါအဝင္ အလုပ္သမားခုနစ္ဦးအနက္ တစ္ဦးသည္ ေနရပ္သို႔ျပန္သြားၿပီးေနာက္ က်န္အလုပ္သမားႏွစ္ဦးတို႔သည္ အျခားပြဲစားမ်ားႏွင့္ထပ္မံခ်ိတ္ဆက္ကာ ကားေရေဆးစက္႐ုံသို႔ေျပာင္းသြားခဲ့သည္။

၎တို႔သည္လည္း ဘန္ေကာက္ၿမိဳ႕ရွိ စားေသာက္ဆိုင္တစ္ခုသို႔ေ႐ႊ႕ေျပာင္းအလုပ္လုပ္ကိုင္ရာ ႏွစ္ရက္သာလုပ္ႏိုင္ခဲ့သည္။ယင္းေနာက္ အျခားလုပ္ငန္းတစ္ခုသို႔ေ႐ႊ႕ေျပာင္းရန္ ပြဲစားတစ္ဦးႏွင့္ခ်ိတ္ဆက္ကာ ဖိကဆင္နယ္ေျမရွိ ေဈးဆိုင္အနီး၌ မိုးခ်ဳပ္ခ်ိန္အထိေစာင့္ဆိုင္းေနခဲ့သည္။သို႔ေသာ္လည္း ပြဲစားကလာေရာက္ေခၚယူျခင္းမရွိျဖစ္ေနခ်ိန္၌ ျမန္မာႏိုင္ငံသားတစ္ဦးက က႐ုဏာလက္တြဲကူညီလူမႈအဖြဲ႕အစည္းထံ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္သည္။

“အခုလထဲမွာပဲ က်ေနာ္တို႔ ေစာင့္ေရွာက္ေပးထားတဲ့ လူကုန္ကူးခံရသူ ျမန္မာႏိုင္ငံသား ဆယ့္ႏွစ္ဦးထိရွိသြားပါၿပီ။အခုလိုေတြျဖစ္ရတဲ့အေၾကာင္းရင္းက ပြဲစားေတြေျပာတာကို အင္မတန္ယုံၾကည္မႈလြန္ကဲသလို၊ ျပည္ပႏိုင္ငံေတြကိုတရားဝင္ဘယ္လိုသြားေရာက္အလုပ္လုပ္ကိုင္ရမယ္ဆိုတာကို မသိၾကတာလည္းပါတာေပါ့။ဘယ္လိုမ်ိဳးပဲျဖစ္ျဖစ္က်ေနာ္တို႔ႏိုင္ငံသားေတြ အခုလို သူတစ္ပါးႏိုင္ငံမွာ အခက္အခဲျဖစ္လာရင္ေတာ့ ဘယ္လိုနည္းနဲ႔မဆိုကူညီရမွာပဲေလ။အခုလည္းသူတို႔ကို ေနထိုင္စားေသာက္ေရးကအစအဆင္ေျပေအာင္ MOEAFအဖြဲ႕နဲ႔ပူးေပါင္းၿပီးေဆာင္႐ြက္ေပးလ်က္ရွိသလို ထိုင္းႏိုင္ငံကို တရားဝင္ျပန္လာၿပီးအလုပ္လုပ္ကိုင္ခ်င္သူေတြအတြက္ကိုလည္း စီစဥ္ေဆာင္႐ြက္ေပးေနပါတယ္။ အလုပ္သမားအေရး ဝိုင္းဝန္းကူညီေပးတဲ့ လူမႈေရးအဖြဲ႕အစည္းကိုလည္း ေက်းဇူးတင္ပါတယ္။ အျခားေဒသအလိုက္ လူမႉအဖြဲ႕အစည္းေတြအေနနဲ႔ အခုလို သိုက္သိုက္ဝန္းဝန္း ဝိုင္းဝန္းလက္တြဲေဆာင္႐ြက္ေစလိုပါတယ္" ဟု အလုပ္သမားသံအရာရွိဦးစန္းေမာင္ဦးကေျပာသည္။

ယခုလ ၆ရက္ေန႔က ထိုင္းႏိုင္ငံ၊လေယာင္ခ႐ိုင္မွ လူကုန္ကူးခံရသည့္ ျမန္မာႏိုင္ငံ မေကြးတိုင္းေဒသႀကီး မင္းဘူးခ႐ိုင္စကုၿမိဳ႕နယ္ မုတ္ခဲ၊ေ႐ႊေခ်ာင္း၊ေျမာင္းျခားႏွင့္အိုင္မေက်း႐ြာတို႔မွ ျမန္မာအလုပ္သမား အမ်ိဳးသားေလးဦး၊အမ်ိဳးသမီးတစ္ဦးတို႔ကိုလည္း အလုပ္သမားသံအရာရွိ႐ုံးက သြားေရာက္ကယ္တင္ေစာင့္ေရွာက္ထားခဲ့သည္။

ထို႔ေၾကာင့္ အလုပ္သမားသံအရာရွိ႐ုံးသို႔ ဆက္သြယ္ကာ လာေရာက္ခိုလႈံေနသည့္ တရားမဝင္အလုပ္သမား ၁၂ဦးထိရွိလာၿပီျဖစ္သည္။ ၂၀၁၈ခုႏွစ္တစ္ႏွစ္တာကာလအတြင္း ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသားစုစုေပါင္း( ၂၄၆ဦး )တို႔ကို အလုပ္သမားသံအရာရွိ႐ုံးက သက္ဆိုင္ရာအာဏာပိုင္မ်ားႏွင့္ ညႇိႏႈိင္း၍ ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyanmarTime

#Unicode Version#

ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်ရှိ ရေခဲစက်ရုံသို့ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားလေးဦးအား ဘန်ကောက်ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ကယ်တင်ခဲ့ကြောင်းနှင့် အဆိုပါရုံးတွင် ခိုလှုံနေသူ ၁၂ ဦးအထိရှိပြီဖြစ်ကြောင်း ထိုင်းရှိမြန်မာရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်နေသည့် FED အဖွဲ့က ယနေ့ဖေဖော်ဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ပွဲစားဖြစ်သူ မဆွေက ထိုင်းနိုင်ငံရှိ စက္ကူစက်ရုံတွင် အလုပ်ကောင်းမွန်ကြောင်းပြောကြားသည်ကို ယုံကြည်ပြီး အလုပ်သမားခုနှစ်ဦးက တစ်ဦးလျှင် မြန်မာကျပ်ငွေခုနှစ်သိန်းခန့်ပေးခဲ့ရခြင်းဖြစ်သည်။ပွဲစားဖြစ်သူ မဆွေနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ပွဲစားဖြစ်သူဒေါ်မာလီတို့က ချိတ်ဆက်ပြီး အလုပ်သမားများကို အုပ်စုနှစ်ခုခွဲကာ ထီးခီးနယ်စပ်ဂိတ်နှင့် မြဝတီနယ်စပ်ဂိတ်တို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ခဲ့သည်။

“ကျမတို့တူရီးနှစ်ယောက်က ၂၀၁၉ ၊တစ်လပိုင်းက မဲဆောက်ကနေ နခွန်စဝမ်ခရိုင်မှာရှိတဲ့ ရေခဲစက်ရုံကိုရောက်လာတယ်။ တစ်လကို ၈၀ဝဝဘတ်ပဲရတယ်။ အဲဒီရတဲ့ငွေကိုလည်း ပွဲစားဒေါ်မာလီက စက်ရုံကိုလာပို့ခဆိုပြီး တစ်ယောက်ကို ဘတ်၂၀ဝဝစီထပ်ဖြတ်တယ်။ အဝတ်စားဖိုး၊အခန်းခ၊ရေနဲ့မီးအသုံးပြုခဆိုပြီးဖြတ်လိုက်တာ ကျမတို့လက်ထဲ ဘတ်၃၀ဝဝလောက်ပဲရတယ်။ ပွဲစားပြောတာကိုယုံမိလို့ကျမတို့တွေအခုလို သူတစ်ပါးတိုင်းပြည်မှာ ဒုက္ခတွေကြုံနေရတယ်။အခုလည်း အလုပ်သမားသံအရာရှိနဲ့MOEAFရုံးက လက်ခံစောင့်ရှောက်ပေးလို့သာပေါ့။ မဟုတ်ရင်ကျမတို့ဘဝတွေ ဘာဆက်ဖြစ်မယ်ဆိုတာမတွေးရဲဘူး”ဟု မအေးနွဲ့စန်းက ပြောသည်။

 “ဖိကဆင်က သူငယ်ချင်းတစ်ဦးက ကျနော့်ကိုအကြောင်းကြားလာတယ်။ မြန်မာအလုပ်သမားမိသားစုလေးဦးလမ်းဘေးမှာအခက်အခဲဖြစ်နေတယ်။ကူညီပါဆိုတာနဲ့ကျနော်လည်းသွားခေါ်ပြီး အခန်းမှာထမင်းကျွေးစောင့်ရှောက်ပေးထားပြီး အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးထံဆက်သွယ်တဲ့အခါ လာပို့ပါကူညီပေးပါမယ်ဆိုတာနဲ့ မနေ့ကသွားပို့ပေးခဲ့ပါတယ်”ဟု ကရုဏာလက်တွဲကူညီလူမှုအဖွဲ့အစည်းမှ ကိုမိုးစက်က ပြောသည်။ ဦးဝင်းဇော်နှင့် မအေးနွဲ့စမ်းအပါအဝင် အလုပ်သမားခုနစ်ဦးအနက် တစ်ဦးသည် နေရပ်သို့ပြန်သွားပြီးနောက် ကျန်အလုပ်သမားနှစ်ဦးတို့သည် အခြားပွဲစားများနှင့်ထပ်မံချိတ်ဆက်ကာ ကားရေဆေးစက်ရုံသို့ပြောင်းသွားခဲ့သည်။

၎င်းတို့သည်လည်း ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်တစ်ခုသို့ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရာ နှစ်ရက်သာလုပ်နိုင်ခဲ့သည်။ယင်းနောက် အခြားလုပ်ငန်းတစ်ခုသို့ရွှေ့ပြောင်းရန် ပွဲစားတစ်ဦးနှင့်ချိတ်ဆက်ကာ ဖိကဆင်နယ်မြေရှိ ဈေးဆိုင်အနီး၌ မိုးချုပ်ချိန်အထိစောင့်ဆိုင်းနေခဲ့သည်။သို့သော်လည်း ပွဲစားကလာရောက်ခေါ်ယူခြင်းမရှိဖြစ်နေချိန်၌ မြန်မာနိုင်ငံသားတစ်ဦးက ကရုဏာလက်တွဲကူညီလူမှုအဖွဲ့အစည်းထံ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

“အခုလထဲမှာပဲ ကျနော်တို့ စောင့်ရှောက်ပေးထားတဲ့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ဆယ့်နှစ်ဦးထိရှိသွားပါပြီ။အခုလိုတွေဖြစ်ရတဲ့အကြောင်းရင်းက ပွဲစားတွေပြောတာကို အင်မတန်ယုံကြည်မှုလွန်ကဲသလို၊ ပြည်ပနိုင်ငံတွေကိုတရားဝင်ဘယ်လိုသွားရောက်အလုပ်လုပ်ကိုင်ရမယ်ဆိုတာကို မသိကြတာလည်းပါတာပေါ့။ဘယ်လိုမျိုးပဲဖြစ်ဖြစ်ကျနော်တို့နိုင်ငံသားတွေ အခုလို သူတစ်ပါးနိုင်ငံမှာ အခက်အခဲဖြစ်လာရင်တော့ ဘယ်လိုနည်းနဲ့မဆိုကူညီရမှာပဲလေ။အခုလည်းသူတို့ကို နေထိုင်စားသောက်ရေးကအစအဆင်ပြေအောင် MOEAFအဖွဲ့နဲ့ပူးပေါင်းပြီးဆောင်ရွက်ပေးလျက်ရှိသလို ထိုင်းနိုင်ငံကို တရားဝင်ပြန်လာပြီးအလုပ်လုပ်ကိုင်ချင်သူတွေအတွက်ကိုလည်း စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ အလုပ်သမားအရေး ဝိုင်းဝန်းကူညီပေးတဲ့ လူမှုရေးအဖွဲ့အစည်းကိုလည်း ကျေးဇူးတင်ပါတယ်။ အခြားဒေသအလိုက် လူမှူအဖွဲ့အစည်းတွေအနေနဲ့ အခုလို သိုက်သိုက်ဝန်းဝန်း ဝိုင်းဝန်းလက်တွဲဆောင်ရွက်စေလိုပါတယ်" ဟု အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။

ယခုလ ၆ရက်နေ့က ထိုင်းနိုင်ငံ၊လယောင်ခရိုင်မှ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်စကုမြို့နယ် မုတ်ခဲ၊ရွှေချောင်း၊မြောင်းခြားနှင့်အိုင်မကျေးရွာတို့မှ မြန်မာအလုပ်သမား အမျိုးသားလေးဦး၊အမျိုးသမီးတစ်ဦးတို့ကိုလည်း အလုပ်သမားသံအရာရှိရုံးက သွားရောက်ကယ်တင်စောင့်ရှောက်ထားခဲ့သည်။

ထို့ကြောင့် အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်ကာ လာရောက်ခိုလှုံနေသည့် တရားမဝင်အလုပ်သမား ၁၂ဦးထိရှိလာပြီဖြစ်သည်။ ၂၀၁၈ခုနှစ်တစ်နှစ်တာကာလအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားစုစုပေါင်း( ၂၄၆ဦး )တို့ကို အလုပ်သမားသံအရာရှိရုံးက သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: MyanmarTime
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top