iMyanmarHouse.com - Best Property Website for Myanmar
×

 
 အရပ္ေမာင္းေကာင္းေကာင္းနဲ႔စြဲေဆာင္မႈ႐ိွလို႔မိန္းခေလးေတာ္ေတာ္မ်ားမ်ားရဲ႕အသည္းေက်ာ္ျဖစ္လာတဲ့ မ်က္ႏွာသစ္သ႐ုပ္ေဆာင္တစ္ေယာက္ရဲ႕႐ိွပါတယ္။သူကေတာ့ မေန႕ကျဖစ္သည္(ဇာတ္လမ္းတြဲ)၊ၿမိဳ႕ျပမုဆိုး တဲ့ဇာတ္လမ္းေတြမွာပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ခါရာ ျဖစ္ပါတယ္။ သူနဲ႔ Cele 7 ရဲ႕အင္တာဗ်ဴးမွာသူေျပာခဲ့တဲ့သူရဲ႕အႏုပညာလွႈပ္႐ွားမႈေတြကို ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီး သိရေအာင္ ျပန္လည္တင္ဆက္ေပးလိုက္ရပါတယ္။

“အခုၿမိဳ႕ျပမုဆိုးက ၊ Dimensions ထက္ဇာတ္လမ္းဇာတ္အိမ္ပိုေကာင္းတယ္လို႔ထင္တယ္။ က်ေနာ္ဘက္ကေနလည္း အမ်ားႀကီးႀကိဳတင္ျပင္ဆင္ျပီးႀကိဳးစားထားပါတယ္။ ပရိသတ္ေတြသြားၾကည့္တဲ့အခ်ိန္ၾကရင္လည္းေတြ႕ရမွာပါ။ ဒီၿမိဳ႕ျပမုဆိုးကားၿပီးရင္ေတာ့ ေနာက္ႏွစ္ေတြကို Action ဇာတ္လမ္းေတြ႐ိုက္ဖို႔႐ိွတယ္ ။အဲ့ဒီအခါၾကရင္လည္း ဒီထက္ေကာင္းတဲ့ အက္႐ွင္ျပကြက္ေတြ၊ခ်ကြက္ေတြကို ပိုၿပီးေတာ့အကုန္အက်ခံႀကိဳးစားၿပီးေတာ့႐ိုက္ဖို႔စဥ္းစားထားတယ္။ အဲ့ဒီလိုျဖစ္ဖို႕က်ေနာ္ကိုယ္တိုင္လည္း ကိုယ္ခံပညာအပိုင္းမွာနည္းနည္းေလးပိုၿပီးေတာ့ေလ့လာလိုက္ဦးမယ္။ ၿပီးေတာ့မွဒီထက္ပိုေကာင္းလာမယ့္ဇာတ္လမ္း ပရိသတ္ႀကီးဆီကိုခ်ျပသြားမွာပါ ။”

လတ္တေလာသူရဲ႕လႈပ္႐ွားမႈေတြကိုလည္း “ဒီ၂လပိုင္းထဲမွာ ဇာတ္လမ္းတြဲတစ္ခု႐ိုက္ဖို႔႐ိွတယ္။အဲ့တာကလည္းက်ေနာ့္အတြက္စိမ္ေခၚမႈတစ္ခုျဖစ္လာမွာပါ။ အေျပာင္းအလဲတစ္ခုအေနနဲ႔လည္း ပရိသတ္ေတြျမင္ရမွာပါ။ ၂လပိုင္း ၂၂ ၊ ၂၃ ေလာက္႐ိုက္မယ္။ေနာက္က်ရင္ ၃လပိုင္းထဲက်ရင္ႏိုင္ငံျခား ဒါ႐ိုက္တာတစ္ေယာက္နဲ႔စစ္ကားတစ္ကား႐ိုက္ဖို႔႐ိွပါတယ္။အစကေတာ့ ၁လပိုင္းကတည္းက႐ိုက္မလို႔ပဲ အခုကနည္းနည္းေလးေရႊ႕လိုက္ရတာပါ။ ဒီႏွစ္ထဲမွာပဲ အခ်စ္ဇာတ္လမ္းေလးေတြလည္း႐ိုက္ဖို႔႐ိွေတာ့ပရိသတ္ေတြအေနနဲ႔မတူညီတဲ့ဇာတ္ေကာင္စ႐ိုက္ေတြနဲ႔ေတြကျမင္သြားရမွာပါ။”ဆုိၿပီးေျပာျပသြားပါတယ္။

သူငယ္ခ်င္းေတြနဲ႔ဆိုင္ေလးဖြင့္ျဖစ္သြားတဲ့အေၾကာင္းကိုလည္း “က်ေနာ္တို႔က ကိုယ့္အလုပ္ေတြနဲ႔ကိုယ္႐ႈပ္ေနတာဆိုေတာ့အရင္လို ေတြ႔ဖို႔သိပ္မလြယ္ေတာ့တာေၾကာင့္ တစ္ခုခုနဲ႔ပတ္သြယ္ဆက္ႏြယ္ေနေတာ ့ပိုၿပီးလည္းခင္မင္မႈေတြတိုးလာမယ္လို႔ လည္းယံုၾကည္ၿပီးဖြင့္ျဖစ္တာပါ။ဆိုင္မွာလာထိုင္တဲ့သူေတြအတြက္ ကံစမ္းမဲအစီစဥ္ေလးေတြလည္းထားေပးမွာပါ ။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ဆိုင္လာအားေပးရင္း မိတ္ေဆြအသစ္ေတြရ သူငယ္ခ်င္းေတြပိုတိုးလာ အဲ့ဒီလိုမ်ိဳးေလးျဖစ္ေအာင္လို႔စီစဥ္ထားတာပါ။ လို႔ေျပာျပသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

# Unicode Version # ျဖင့္ ဖတ္ပါ #

အရပ်မောင်းကောင်းကောင်းနဲ့စွဲဆောင်မှုရှိလို့မိန်းခလေးတော်တော်များများရဲ့အသည်းကျော်ဖြစ်လာတဲ့ မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်ရဲ့ရှိပါတယ်။သူကတော့ မနေ့ကဖြစ်သည်(ဇာတ်လမ်းတွဲ)၊မြို့ပြမုဆိုး တဲ့ဇာတ်လမ်းတွေမှာပါဝင်သရုပ်ဆောင်ထားတဲ့ ခါရာ ဖြစ်ပါတယ်။ သူနဲ့ Cele 7 ရဲ့အင်တာဗျူးမှာသူပြောခဲ့တဲ့သူရဲ့အနုပညာလှှုပ်ရှားမှုတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီး သိရအောင် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

“အခုမြို့ပြမုဆိုးက ၊ Dimensions ထက်ဇာတ်လမ်းဇာတ်အိမ်ပိုကောင်းတယ်လို့ထင်တယ်။ ကျနော်ဘက်ကနေလည်း အများကြီးကြိုတင်ပြင်ဆင်ပြီးကြိုးစားထားပါတယ်။ ပရိသတ်တွေသွားကြည့်တဲ့အချိန်ကြရင်လည်းတွေ့ရမှာပါ။ ဒီမြို့ပြမုဆိုးကားပြီးရင်တော့ နောက်နှစ်တွေကို Action ဇာတ်လမ်းတွေရိုက်ဖို့ရှိတယ် ။အဲ့ဒီအခါကြရင်လည်း ဒီထက်ကောင်းတဲ့ အက်ရှင်ပြကွက်တွေ၊ချကွက်တွေကို ပိုပြီးတော့အကုန်အကျခံကြိုးစားပြီးတော့ရိုက်ဖို့စဉ်းစားထားတယ်။ အဲ့ဒီလိုဖြစ်ဖို့ကျနော်ကိုယ်တိုင်လည်း ကိုယ်ခံပညာအပိုင်းမှာနည်းနည်းလေးပိုပြီးတော့လေ့လာလိုက်ဦးမယ်။ ပြီးတော့မှဒီထက်ပိုကောင်းလာမယ့်ဇာတ်လမ်း ပရိသတ်ကြီးဆီကိုချပြသွားမှာပါ ။”

လတ်တလောသူရဲ့လှုပ်ရှားမှုတွေကိုလည်း “ဒီ၂လပိုင်းထဲမှာ ဇာတ်လမ်းတွဲတစ်ခုရိုက်ဖို့ရှိတယ်။အဲ့တာကလည်းကျနော့်အတွက်စိမ်ခေါ်မှုတစ်ခုဖြစ်လာမှာပါ။ အပြောင်းအလဲတစ်ခုအနေနဲ့လည်း ပရိသတ်တွေမြင်ရမှာပါ။ ၂လပိုင်း ၂၂ ၊ ၂၃ လောက်ရိုက်မယ်။နောက်ကျရင် ၃လပိုင်းထဲကျရင်နိုင်ငံခြား ဒါရိုက်တာတစ်ယောက်နဲ့စစ်ကားတစ်ကားရိုက်ဖို့ရှိပါတယ်။အစကတော့ ၁လပိုင်းကတည်းကရိုက်မလို့ပဲ အခုကနည်းနည်းလေးရွှေ့လိုက်ရတာပါ။ ဒီနှစ်ထဲမှာပဲ အချစ်ဇာတ်လမ်းလေးတွေလည်းရိုက်ဖို့ရှိတော့ပရိသတ်တွေအနေနဲ့မတူညီတဲ့ဇာတ်ကောင်စရိုက်တွေနဲ့တွေကမြင်သွားရမှာပါ။”ဆိုပြီးပြောပြသွားပါတယ်။

သူငယ်ချင်းတွေနဲ့ဆိုင်လေးဖွင့်ဖြစ်သွားတဲ့အကြောင်းကိုလည်း “ကျနော်တို့က ကိုယ့်အလုပ်တွေနဲ့ကိုယ်ရှုပ်နေတာဆိုတော့အရင်လို တွေ့ဖို့သိပ်မလွယ်တော့တာကြောင့် တစ်ခုခုနဲ့ပတ်သွယ်ဆက်နွယ်နေတော့ပိုပြီးလည်းခင်မင်မှုတွေတိုးလာမယ်လို့ လည်းယုံကြည်ပြီးဖွင့်ဖြစ်တာပါ။ဆိုင်မှာလာထိုင်တဲ့သူတွေအတွက် ကံစမ်းမဲအစီစဉ်လေးတွေလည်းထားပေးမှာပါ ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆိုင်လာအားပေးရင်း မိတ်ဆွေအသစ်တွေရ သူငယ်ချင်းတွေပိုတိုးလာ အဲ့ဒီလိုမျိုးလေးဖြစ်အောင်လို့စီစဉ်ထားတာပါ။ လို့ပြောပြသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top