20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ဟာသ သ႐ုပ္ေဆာင္ ဒိန္းေဒါင္ကို ဒီေန႔ ေန႔လည္က ပင္လုံေဆး႐ုံႀကီးသို႔ ေဆးကုသမႈ ခံယူဖို႔အတြက္ အေရးေပၚ တင္လိုက္ရပါတယ္။ လက္ရွိမွာေတာ့ က်န္းမာေရး အေျခအေနျပန္သက္သာလာၿပီလို႔ သိရပါတယ္။

လူ႐ႊင္ေတာ္အသင္း(ရန္ကုန္)ရဲ႕ ဥကၠဌ ဟာသသ႐ုပ္ေဆာင္ ဒိန္းေဒါင္ဟာ ဒီေန႔ (ေဖေဖာ္ဝါရီ၂၅ရက္)ေန႔လည္(၁)နာရီခန႔္က အေရးေပၚ ေဆးကုသမႈ ခံယူလိုက္ရပါတယ္။ ဒါေပမဲ့ လက္ရွိမွာေတာ့ က်န္းမာေရး အေျခအေန ျပန္လည္ေကာင္းမြန္လာၿပီး စိုးရိမ္စရာမလိုေတာ့ဘူးလို႔ လူ႐ႊင္ေတာ္အသင္းရဲ႕ ျပန္ၾကားေရးမႈး ေကာင္းေက်ာ္က ဆိုပါတယ္။

“ျပည္သူခ်စ္တဲ့ ဟာသလူ႐ႊင္ေတာ္ ညီေလးဒိန္းေဒါင္ အသည္း၊ အစာအိမ္၊ မႈတ္ခ်ိဳ ေယာင္ယမ္းေနမႈေၾကာင့္ ေျမာက္ဒဂုံပင္လုံေဆး႐ုံႀကီးတြင္ ေဆးကုသေနၿပီးက်န္းမာေရးအေျခအေနမွာ စိုးရိမ္စရာ မရွိေတာ့ပါဘူး “ လို႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေဖေဖာ္ဝါရီ(၂၅) ရက္ေန႔က (၅)နာရီ (၃၀)မိနစ္ေက်ာ္က ေရးသားထားပါတယ္။သ႐ုပ္ေဆာင္ ဒိန္းေဒါင္အေနနဲ႔ ရက္ပိုင္းေလာက္ ခဏအနားယူလိုက္ပါက ျပန္လည္သက္သာေပ်ာက္ကင္းသြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ေၾကာင့္ ဒိန္းေဒါင္ကို စိုးရိမ္ေနတဲ့ ပရိသတ္ေတြကို မစိုးရိမ္ၾကဖို႔ ေကာင္းေက်ာ္က ဆက္လက္ေျပာျပထားပါေသးတယ္။


“ ညီေလး ဒိန္းေဒါင္ က်န္းမာေရးအတြက္ စိတ္ပူၿပီး ဆုေတာင္းေမတၱာပို႔ သၾကေသာ ဒိန္းေဒါင္း၏ ပရိသတ္မ်ား၏ ေမတၱာ ဆုေတာင္မ်ား ေၾကာင့္ က်န္းမာေရးျပန္လည္ေကာင္းမြန္ၿပီးစိုးရိမ္စရာ မရွိေတာ့ပါေၾကာင့္ မဂၤလာသတင္းေလး ျပန္လည္မွ်ေဝပါသည္ ။ဆုေတာင္းေပးၾကေသာ ပရိသတ္မ်ားအား လည္း အထူးေက်းဇူးတင္ပါသည္။” ဆိုၿပီး ေရးသားထားပါတယ္။

ဒိန္းေဒါင္ရဲ႕ က်န္းမာေရးအေျခအေန မစိုးရိမ္ရေတာ့ဘူးဆိုတဲ့ သတင္းေတြေၾကာင့္ ပရိသတ္ေတြလည္း ေပ်ာ္ေနၾကပါတယ္။ဒိန္းေဒါင္ဟာ ပရိသတ္ေတြကို ေပ်ာ္႐ႊင္ေအာင္ ျပဳလုပ္ေပးတတ္သူ တစ္ဦးျဖစ္သလို ပရဟိတအလုပ္ေတြကို တတ္စြမ္းသေလာက္ လုပ္ကိုင္ေနသူ တစ္ဦး လည္း ျဖစ္ပါတယ္။ ဘုရားတည္၊ ေက်ာင္းေဆာက္တဲ့ လုပ္ငန္းေတြ လုပ္ကိုင္သလို အႏုပညာေလာကသားအခ်င္းခ်င္းကိုလည္း တတ္ႏိုင္တဲ့ ဘက္ကေန ကူညီေဆာင္႐ြက္ေပးတတ္သူလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Cele Yatkwat

#Unicode Version#


ဟာသ သရုပ်ဆောင် ဒိန်းဒေါင်ကို ဒီနေ့ နေ့လည်က ပင်လုံဆေးရုံကြီးသို့ ဆေးကုသမှု ခံယူဖို့အတွက် အရေးပေါ် တင်လိုက်ရပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေး အခြေအနေပြန်သက်သာလာပြီလို့ သိရပါတယ်။

လူရွှင်တော်အသင်း(ရန်ကုန်)ရဲ့ ဥက္ကဌ ဟာသသရုပ်ဆောင် ဒိန်းဒေါင်ဟာ ဒီနေ့ (ဖေဖော်ဝါရီ၂၅ရက်)နေ့လည်(၁)နာရီခန့်က အရေးပေါ် ဆေးကုသမှု ခံယူလိုက်ရပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာပြီး စိုးရိမ်စရာမလိုတော့ဘူးလို့ လူရွှင်တော်အသင်းရဲ့ ပြန်ကြားရေးမှုး ကောင်းကျော်က ဆိုပါတယ်။


“ပြည်သူချစ်တဲ့ ဟာသလူရွှင်တော် ညီလေးဒိန်းဒေါင် အသည်း၊ အစာအိမ်၊ မှုတ်ချို ယောင်ယမ်းနေမှုကြောင့် မြောက်ဒဂုံပင်လုံဆေးရုံကြီးတွင် ဆေးကုသနေပြီးကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာ မရှိတော့ပါဘူး “ လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၅) ရက်နေ့က (၅)နာရီ (၃၀)မိနစ်ကျော်က ရေးသားထားပါတယ်။သရုပ်ဆောင် ဒိန်းဒေါင်အနေနဲ့ ရက်ပိုင်းလောက် ခဏအနားယူလိုက်ပါက ပြန်လည်သက်သာပျောက်ကင်းသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် ဒိန်းဒေါင်ကို စိုးရိမ်နေတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ ကောင်းကျော်က ဆက်လက်ပြောပြထားပါသေးတယ်။

“ ညီလေး ဒိန်းဒေါင် ကျန်းမာရေးအတွက် စိတ်ပူပြီး ဆုတောင်းမေတ္တာပို့ သကြသော ဒိန်းဒေါင်း၏ ပရိသတ်များ၏ မေတ္တာ ဆုတောင်များ ကြောင့် ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီးစိုးရိမ်စရာ မရှိတော့ပါကြောင့် မင်္ဂလာသတင်းလေး ပြန်လည်မျှဝေပါသည် ။ဆုတောင်းပေးကြသော ပရိသတ်များအား လည်း အထူးကျေးဇူးတင်ပါသည်။” ဆိုပြီး ရေးသားထားပါတယ်။

ဒိန်းဒေါင်ရဲ့ ကျန်းမာရေးအခြေအနေ မစိုးရိမ်ရတော့ဘူးဆိုတဲ့ သတင်းတွေကြောင့် ပရိသတ်တွေလည်း ပျော်နေကြပါတယ်။ဒိန်းဒေါင်ဟာ ပရိသတ်တွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးတတ်သူ တစ်ဦးဖြစ်သလို ပရဟိတအလုပ်တွေကို တတ်စွမ်းသလောက် လုပ်ကိုင်နေသူ တစ်ဦး လည်း ဖြစ်ပါတယ်။ ဘုရားတည်၊ ကျောင်းဆောက်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်သလို အနုပညာလောကသားအချင်းချင်းကိုလည်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီဆောင်ရွက်ပေးတတ်သူလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Cele Yatkwat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top