iMyanmarHouse.com - Best Property Website for Myanmar
×



















Credit: SiThu Maung

#Unicode Version# ဖြင့်ဖတ်ပါ ။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ညီငယ် ညီမငယ်များ ဖတ်ဖြစ်အောင် ဖတ်ပါနော်…

ဘန်ကောက်ရောက် သူငယ်ချင်းတို့ရေ…မြန်မာပြည် ပြန်လာမယ်ဆိုရင်ပိုက်ဆံ စုပါ……

တစ်ဆယ်ရရင် တစ်ဆယ် ..စုပါ နှစ်ဆယ်ရရင် နှစ်ဆယ် စုပါ….

ဘီယာတစ်ဗူး 60 ဘတ် ဟာ….မြန်မာပြည်မှာ ဟင်းတစ်ရက်စာ ချက်စားလို့ရပါတယ်…

အသီးအရွက်လေးပဲချက်မယ်ဆိုရင်ပေါ့…ဘန်ကောက် မှာ တစ်ဆယ် နှစ်ဆယ်ဟာ တန်ဖိုးမရှိပါဘူး…

မြန်မာပြည်မှာ မုန့်ဟင်းခါးတစ်ပွဲစားလို့ရပါတယ်…လူတိုင်း နေ့တိုင်း မစားနိုင်ဘူးလေ….

အရက်ကြမ်းတစ်ပုလင်း 60 ဘတ်ဟာမြန်မာပြည်မှာ ဆန် နှစ်ပြည်ဖိုး ရပါတယ် ဆန်ကြမ်းပေါ့…

ပိုက်ဆံ သိန်း၅၀လောက်နဲ့တောင် စီးပွားရေး ဈေးကွက်ကို တိုးလို့မလွယ်ပါဘူး…..

ရန်ကုန်မှာ ဆိုရင်ပေါ့…..ဘန်ကောက်မှာ သူဌေးက နှိမ် လို့ စိတ်ညစ်နေလား…..

သီးခံလိုက်ပါ…မြန်မာပြည်မှာ အမျိုး တွေက ရွှေရှိမှ အမျိုးတော်ကြတာ ….

ဘန်ကောက် မှာ လစာ တစ်လ 6000 ရလို့ မတန်ဘူးလို့ထင်လား….

မြန်မာပြည်မှာ ဆယ်တန်းအောင်မှ အသက်ငယ်မှ ရုပ်ရည်ပြေပြစ်မှ လုပ်ငန်းအတွေ့ကြုံရှိမှ…..

လစာ တစ်လ တစ်သိန်းခွဲ ….ဒါတောင် အလုပ်ရဖို့ကသိပ်မသေချာဘူး အစမ်းခန့်က ၃လထားသေးတာ အဆောင်မပေးပါ……

ဘန်ကောတ် မှာ တစ်နှစ်လောက်လုပ်ပြီး သူဌေးက လစာတိုးမပေးလို့စိတ်ညစ်နေလား…..

မြန်မာပြည်မှာ သုံးနှစ်လောက်လုပ်တာတောင်တိုးပေးတဲ့ အလုပ်ရှင်က ရှားတယ်…..ရေးစရာတွေအများကြီးကျန်သေးတယ်….

နောက်ဆုံးတစ်ခု တိုက်တွန်းချင်တာကတော့ အိမ်ကိုပြန်ပို့ပါ တစ်လကိုတစ်သိန်းပဲပို့နိုင်ပါစေ တစ်သိန်းပြန်ပို့ပါ…..

မိသားစုတိုင်းမျှော်နေကြတာပါ..တစ်သိန်းကိုချွေချွေတာတာသုံးရင် တစ်လသုံးလို့ရပါတယ်….အိမ်ကိုဆက်သွယ်ကြပါ….

စေတနာဖြင့်သာ…ပြောခြင်းပါ…..။

ဖိုးသူတော် (www.phothutaw.com)
Credit: SiThu Maung

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top