စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


စင္ကာပူပူႏိုင္ငံရွိ ေငြလဲေကာင္တာ ၁၈ ခုကေန ျမန္မာက်ပ္ေငြ တေသာင္းတန္အတုေပါင္း ၅၅၀၀ ရြက္ ဖမ္းဆီးရမိခဲ့တယ္လို႔ ျမန္မာႏုိင္ငံေတာ္ဗဟိုဘဏ္ ဒုဥကၠ႒ ဦးစိုးမင္းက ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။စင္ကာပူႏုိင္ငံသား ဇနီးေမာင္ႏွံဆီကေန သိမ္းဆည္းရမိတဲ့ ေငြစကၠဴအတုေတြနဲ႔ပတ္သက္ၿပီး ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ ႏုိင္ငံျဖတ္ေက်ာ္မႈခင္းဌာနနဲ႔ စင္ကာပူရဲတို႔ပူးေပါင္းကာ စင္ကာပူရွိ ေငြလဲေကာင္တာေတြကို ၀င္ေရာက္ရွာေဖြတာမွ အခုလို ဖမ္းဆီးရမိတာလို႔ ဆုိပါတယ္။

ေဖေဖာ္၀ါရီ ၇ ရက္ အမ်ဳိးသားလႊတ္ေတာ္အစည္းအေ၀းမွာ စစ္ကုိင္းတုိင္းေဒသႀကီး မဲဆႏၵနယ္က ဦးေမာင္ေမာင္လတ္ေမးတဲ့ ေငြစကၠဴအတုေတြ ဖမ္းဆီရမိမႈအေပၚ သက္ဆုိင္ရာက ဘယ္လိုတံု႔ျပန္ေဆာင္ေနတယ္ဆိုတာကို သိရွိလိုတဲ့အေၾကာင္း ေမးခြန္းနဲ႔ပတ္သက္ၿပီး ဗဟိုဘဏ္ ဒုဥကၠ႒ ဦးစိုးမင္းက အခုလို ထည့္သြင္းေျပာတာပါ။“စင္ကာပူႏုိင္ငံရွိ ေငြလဲေကာင္တာ ၁၈ ခုကို ၀င္ေရာက္ရွာေဖြခဲ့တာ တေသာင္းက်ပ္တန္ ေငြစကၠဴအတု ၅၅၀၀ ရြက္သိမ္းဆည္းရမိၿပီး စင္ကာပူႏုိင္ငံမွာ အေရးယူေဆာင္ရြက္ေနပါတယ္ ” လို႔ ဦးစုိးမင္းက ေျပာပါတယ္။


အခုလုိ စင္ကာပူႏုိင္ငံမွာ ဖမ္းဆီးစစ္ေဆးေပၚေပါက္ခ်က္အရ ေငြစကၠဴအတုေတြနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံသား ေ၀လင္းထြန္း(စိစစ္ဆဲ)နဲ႔ တရားမ၀င္ေငြလႊဲေဆာင္ရြက္သူ အန္ေထာ္နီ ဦးဆင္ေပါက္နဲ႔သားမ်ားကုမၸဏီလီမိတက္တို႔ ပါ၀င္ပတ္သက္ေၾကာင္း ေပၚေပါက္လို႔ အထူးစံုစမ္းစစ္ေဆးေရးဦးစီးဌာနက ေ၀လင္းထြန္းနဲ႔ အန္ေထာ္နီ(ဖမ္းမမိ)တို႔ကို အေရးယူႏုိင္ဖို႔ ေဆာင္ရြက္ေနတယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔အေနနဲ႔ ေငြစကၠဴအတုျပဳလုပ္ျခင္း၊ ျပည္ပမွ တင္သြင္းျခင္း၊ တင္ပို႔ျခင္း၊ အတုမွန္းသိလ်က္နဲ႔ အသံုးျပဳျခင္းတို႔ကို ဥပေဒအရ အေရးယူေဆာင္ရြက္ေနၿပီး သယ္ေဆာင္ျခင္း၊ အသံုးျပဳျခင္းတို႔ကို အတုမွန္းမသိေၾကာင္း ခုိင္မာတဲ့အေထာက္အထားရွိရင္ လက္ရွိအခ်ိန္ထိ အေရးယူအျပစ္ေပးတာ မရွိဘူးလို႔ဆိုပါတယ္။

ေငြစကၠဴအတုေတြ႔ရွိပါက ေငြစကၠဴရဲ႕ အရင္းျမစ္တိက်ခုိင္မာမႈမရွိရင္ ေတြ႔ရွိရာေဒသရဲ႕ ခရုိင္ရဲတပ္ဖြဲ႔မႉးက ဆက္လက္စံုစမ္းစစ္ေဆးတာ မျပဳဖို႔ဆံုးျဖတ္ရၿပီး ေငြစကၠဴအတုကုိ ျမန္မာႏုိင္ငံေတာ္ဗဟိုဘဏ္ကို ေပးပုိ႔ရတယ္လို႔လည္း ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#

စင်ကာပူပူနိုင်ငံရှိ ငွေလဲကောင်တာ ၁၈ ခုကနေ မြန်မာကျပ်ငွေ တသောင်းတန်အတုပေါင်း ၅၅၀၀ ရွက် ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။စင်ကာပူနိုင်ငံသား ဇနီးမောင်နှံဆီကနေ သိမ်းဆည်းရမိတဲ့ ငွေစက္ကူအတုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဌာနနဲ့ စင်ကာပူရဲတို့ပူးပေါင်းကာ စင်ကာပူရှိ ငွေလဲကောင်တာတွေကို ဝင်ရောက်ရှာဖွေတာမှ အခုလို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၇ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်က ဦးမောင်မောင်လတ်မေးတဲ့ ငွေစက္ကူအတုတွေ ဖမ်းဆီရမိမှုအပေါ် သက်ဆိုင်ရာက ဘယ်လိုတုံ့ပြန်ဆောင်နေတယ်ဆိုတာကို သိရှိလိုတဲ့အကြောင်း မေးခွန်းနဲ့ပတ်သက်ပြီး ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက အခုလို ထည့်သွင်းပြောတာပါ။“စင်ကာပူနိုင်ငံရှိ ငွေလဲကောင်တာ ၁၈ ခုကို ဝင်ရောက်ရှာဖွေခဲ့တာ တသောင်းကျပ်တန် ငွေစက္ကူအတု ၅၅၀၀ ရွက်သိမ်းဆည်းရမိပြီး စင်ကာပူနိုင်ငံမှာ အရေးယူဆောင်ရွက်နေပါတယ် ” လို့ ဦးစိုးမင်းက ပြောပါတယ်။

အခုလို စင်ကာပူနိုင်ငံမှာ ဖမ်းဆီးစစ်ဆေးပေါ်ပေါက်ချက်အရ ငွေစက္ကူအတုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ဝေလင်းထွန်း(စိစစ်ဆဲ)နဲ့ တရားမဝင်ငွေလွှဲဆောင်ရွက်သူ အန်ထော်နီ ဦးဆင်ပေါက်နဲ့သားများကုမ္ပဏီလီမိတက်တို့ ပါဝင်ပတ်သက်ကြောင်း ပေါ်ပေါက်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဝေလင်းထွန်းနဲ့ အန်ထော်နီ(ဖမ်းမမိ)တို့ကို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ငွေစက္ကူအတုပြုလုပ်ခြင်း၊ ပြည်ပမှ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ အတုမှန်းသိလျက်နဲ့ အသုံးပြုခြင်းတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်နေပြီး သယ်ဆောင်ခြင်း၊ အသုံးပြုခြင်းတို့ကို အတုမှန်းမသိကြောင်း ခိုင်မာတဲ့အထောက်အထားရှိရင် လက်ရှိအချိန်ထိ အရေးယူအပြစ်ပေးတာ မရှိဘူးလို့ဆိုပါတယ်။

ငွေစက္ကူအတုတွေ့ရှိပါက ငွေစက္ကူရဲ့ အရင်းမြစ်တိကျခိုင်မာမှုမရှိရင် တွေ့ရှိရာဒေသရဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးက ဆက်လက်စုံစမ်းစစ်ဆေးတာ မပြုဖို့ဆုံးဖြတ်ရပြီး ငွေစက္ကူအတုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ပေးပို့ရတယ်လို့လည်း ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top