iMyanmarHouse.com - Best Property Website for Myanmar
×

(၁) ဒႏၱသုခေဆးပင္ အရြက္စိမ္းကို ၾကိတ္၍ သနပ္ခါးႏွင့္ေရာစပ္ကာ ညအိမ္ယာ၀င္ခါနီးတိုင္း တင္းတိပ္ေပၚကို လိမ္းေပးပါ။စိ္တ္ရွည္စြာျဖင့္ တစ္လခန့္ လိမ္ေပးပါက တင္းတိပ္လံုး၀ ေပ်ာက္ပါမည္။

(၂) ကြမ္းရြက္ကို ၃ ရြက္ခန့္ကို ပါးပါးလွီး၍ ေရ ၃ ခြက္ ၁ ခြက္ျဖစ္ေအာင္ျပဳတ္ကာ ၄င္းကြမ္းျပဳတ္ရည္ကို သဘာ၀ပ်ားရည္စစ္စစ္ ၂ ဇြန္းခန့္ေရာစပ္၍ အဖံုးလံုးေသာ ပုလင္းထဲထည့္ကာ ႏွပ္ထားပါ။လိမ္းခါနီး မ်က္ႏွာကို သန့္စင္၍ မနက္ႏွင့္ည တစ္ရက္ကို ႏွစ္ၾကိမ္ လိမ္ေပးပါ။

(၃) ၾကက္သြန္နီကို ေထာင္း၍၄င္း၊ ၾကိတ္၍၄င္း အရည္ညစ္ယူ၍ ရွာလကာရည္အနည္းငယ္ႏွင့္ ေရာစပ္ကာ တင္းတိပ္ေပၚကို လိမ္းေပးပါ။

(၄) သိေႏၶာဆားကို ဆန္ေစ့ ႏွစ္ေစ့ခန့္ယူ၍ တစ္ခါလိမ္းစာ သနပ္ခါးႏွင့္ ေရာစပ္ကာ ညစဥ္လိမ္း၍ အိပ္ယာ၀င္ပါ။

(၅) နႏြင္းတစ္တက္ကုိ ေရစင္ေအာင္ေဆးေက်ာကာ ႏြားႏို့အနည္းငယ္ႏွင့္ေသြးျပီး တင္တိပ္ေပၚကို တစ္ေန့ ၃ ၾကိမ္ လိမ္းေပးပါ။

(၆) နံနံေစ့ကို ျပဳတ္၍ ၄င္းေဆးရည္ျဖင့္ မ်က္နွာေပၚကို ညစဥ္ လိမ္းေပးပါက တင္းတိပ္၊ ၀က္ျခံ၊ မွဲ့ေျခာက္၊ ဆား၀က္ျခံမ်ားကို ေပ်ာက္ကင္းေစပါသည္။

(၇) ေထာပတ္သီး၏ အေစ့ကို ေနရိပ္တြင္ အေျခာက္ခံ၍ ေရေအးႏွင့္ေသြးကာ သနပ္ခါးလိမ္းသကဲ့ ညစဥ္လိမ္းအိပ္ႏိုင္ပါသည္။

(၈) အုန္းမွဳတ္ခြက္အခြံကို သံပုရာရည္ႏွင့္ေသြးကာ တင္းတိပ္ေပၚကို လိမ္းေပးပါ။ အနည္းငယ္ စပ္ေသာ္လည္း သည္းခံ၍ တစ္လခန့္ ညစဥ္လိမ္းေပးလွ်င္ တင္းတိပ္လံုး၀အရွင္း ေပ်ာက္ကင္းပါမည္။

(၉) ဖရဲသီးေအာက္ခံအျဖဴသားကို ပါးပါးလွီး၍ မ်က္ႏွာစင္ၾကယ္ေအာင္ ေဆးေက်ာျပီးလွ်င္ နာရီ၀က္ခန့္ မ်က္ႏွာေပၚမွာ တင္ထားေပးပါ။ဖရီးသီးမွ သဘာ၀ဓါတ္က တင္းတိပ္ေရာဂါကို စုပ္ထုတ္ေပးႏုိင္စြမ္းရွိပါသည္။

(၁၀) ေက်ာက္ခ်ဥ္ကို မုန္ညွင္းေစ့တစ္ေစ့ခန့္ သနပ္ခါးႏွင့္ေသြးကာ မနက္တစ္ၾကိမ္၊ ညတစ္ၾကိမ္ လိမ္းေပးပါ။တင္းတိပ္ေပ်ာက္၍ မ်က္ႏွာအေရျပားေခ်ာမြတ္ကာ ၀င္းပလာပါလိမ့္မည္။ျမင္သူတကာ ေငးယူေလာက္တဲ့ မ်က္ႏွာအလွပိုင္ရွင္ေလးမ်ား ျဖစ္ႏိုင္ၾကပါေစ။

( မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္ )

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေစာႏြဲ ့ေနဆိုင္(ပူတာအို)
#Unicode Version#
(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံး၀ ပျောက်ပါမည်။

(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၎င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။

(၃) ကြက်သွန်နီကို ထောင်း၍၎င်း၊ ကြိတ်၍၎င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။

(၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။

(၅) နနွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့်သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။

(၆) နံနံစေ့ကို ပြုတ်၍ ၎င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။

(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ်လိမ်းအိပ်နိုင်ပါသည်။

(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ်လုံးဝအရှင်း ပျောက်ကင်းပါမည်။

(၉) ဖရဲသီးအောက်ခံအဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။

(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။တင်းတိပ်ပျောက်၍ မျက်နှာအရေပြားချောမွတ်ကာ ဝင်းပလာပါလိမ့်မည်။မြင်သူတကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေးများ ဖြစ်နိုင်ကြပါစေ။

( မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော် )

ဖိုးသူတော်(www.phothutaw.com)
Credit:စောနွဲ့နေဆိုင်(ပူတာအို)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top