iMyanmarHouse.com - Best Property Website for Myanmar
×

ၾကံေတာအတြင္း ေသဆံုးခဲ့သည့္ ျမန္မာခေလးငယ္အမႈ တရားခံဟုထုတ္ျပန္ခံရသူက ရဲတပ္ဖြဲ ့အား အမႈေလးမႈျဖင့္ တရားျပန္စြဲ..

ထိုင္းနိုင္ငံ ၾကံေတာအတြင္း ေသဆံုးခဲ့သည့္ ျမန္မာခေလးငယ္အမွုတြင္ တရားခံဟု ထုတ္ျပန္ခံရသူက ရဲတပ္ဖြဲ ့အား အမႈေလးမႈျဖင့္ တရားျပန္စြဲ..ထိုင္းနိုင္ငံ ဆူဖန္ဘူရီ ၾကံေတာအတြင္း ႏွစ္နွစ္သားအရြယ္ ျမန္မာ ခေလး သားငယ္ ၂၀၁၈ ဒီဇင္ဘာလ ၁၇ ရက္ေန ့က ေပ်ာက္ဆံုးခဲ့ျပီး အေလာင္းကို (၉)ရက္ၾကာမွာ ျပန္ေတြ ့ခဲ့တဲ့ ျဖစ္ရပ္ရဲ ့ အဓိက တရားခံ လို ့ ဆူဖန္ဘူရီရဲက ထုတ္ျပန္ခဲ့သူ နိုင္ဖြန္ (အသက္ ၃၂) နဲ ့ မိသားစု၀င္ေတြဟာ….

ဒီကေန ့ မနက္ပိုင္းမွာ ဘန္ေကာက္ျမိဳ ့ အဂတိ တိုက္ဖ်က္ေရးေကာ္မရွင္ရံုးကို ေရွ ့ေနနဲ႔အတူ လာေရာက္ျပီး ရဲ ၁၂ ဦးနဲ ့ ေဆးဖက္ဆိုင္ရာ ဆရာ၀န္တစ္ဦးကို အမွုေလးမွုနဲ ့ ျပန္လည္တရားစြဲခဲ့တာျဖစ္ပါတယ္။

တရားခံလို ့ ရဲေတြကဖမ္းစစ္ခဲ့တဲ့ နိုင္ဖြန္ဟာ ငယ္စဥ္ကတဲက ၾကပ္မျပည္တဲ့ ဦးေႏွာက္ မသန္းစြမ္းသူတစ္ဦးျဖစ္ပါတယ္၊ သူကိုဖမ္းတဲ့ရဲေတြဟာ လက္ထိတ္ခတ္ျပီး ဦးေခါင္းကိုရိုက္တယ္။ ေနာက္ျပီး ေဆးလိတ္မီးနဲ ့ လက္ကိုထိုးေသးတယ္လို ့ သတင္းစာရွင္းပြဲမွာ နိုင္ဖြန္ကခေလးငယ္တစ္ဦးလို ေျပာဆိုသြားခဲ့ပါတယ္။

”’ဒါေပါ့ ထိုင္းရဲေတြရဲ ့ လုပ္ရပ္ အျပစ္မရွိတဲ့သူကို ဖိအားေပး ၀န္ခံခိုင္းခဲ့တာဟာ ရဲတပ္ဖြဲ ့ရဲ ့ ေစာင့္ထိမ္းရမယ့္ စည္းကမ္းခ်ိဳးေဖါက္မွု၊သက္ေသေတြေဖ်ာက္ဖ်က္မွုနဲ ့ အမွုနဲ ့ပါတ္စာရြတ္စာတမ္းေတြကိုလိမ္လည္ေရးသားမွုေတြနဲ ့ တရားစြဲမွာပါ၊ ” လို ့ ေရွ့ေန အနမ္ခ်ိဳင္းကေျပာသြားပါတယ္။

အခင္းျဖစ္တဲ့အခ်ိန္မွာ နိုင္ဖြန္ဟာ ဘုန္းၾကီးေက်ာင္းမွာရွိေနတယ္ဆိုတာကို ရြာသား ၃၀၀ နဲ ့ ဆရာေတာ္ႏွစ္ပါးက သက္ေသထြက္ဆိုခဲ့တာကို ရဲတပ္ဖြဲ ့က လက္မခံခဲ့ဘူးလို ့ သိရပါတယ္။ခုလို တရားခံလို ့ ဖမ္းျပခဲ့တဲ့ ျဖစ္ရပ္မွာ ရဲေတြမွာ တာ၀န္ရွိတယ္။

နိုင္ဖြန္မွာ အျပစ္မရွိတာေၾကာင့္ ထိုင္ဘတ္ေငြ၁၀ သန္း ကို ကာရကံရွင္ကို နစ္နာေၾကးအျဖစ္ ေပးရန္လည္း ေတာင္ဆိုထားေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:medialann

# Unicode Version # ျဖင့္ ဖတ္ပါ #

ကြံတောအတွင်း သေဆုံးခဲ့သည့် မြန်မာခလေးငယ်အမှု တရားခံဟုထုတ်ပြန်ခံရသူက ရဲတပ်ဖွဲ့အား အမှုလေးမှုဖြင့် တရားပြန်စွဲ..

ထိုင်းနိုင်ငံ ကြံတောအတွင်း သေဆုံးခဲ့သည့် မြန်မာခလေးငယ်အမှုတွင် တရားခံဟု ထုတ်ပြန်ခံရသူက ရဲတပ်ဖွဲ့အား အမှုလေးမှုဖြင့် တရားပြန်စွဲ..ထိုင်းနိုင်ငံ ဆူဖန်ဘူရီ ကြံတောအတွင်း နှစ်နှစ်သားအရွယ် မြန်မာ ခလေး သားငယ် ၂၀၁၈ ဒီဇင်ဘာလ ၁၇ ရက်နေ့က ပျောက်ဆုံးခဲ့ပြီး အလောင်းကို (၉)ရက်ကြာမှာ ပြန်တွေ့ခဲ့တဲ့ ဖြစ်ရပ်ရဲ့ အဓိက တရားခံ လို့ ဆူဖန်ဘူရီရဲက ထုတ်ပြန်ခဲ့သူ နိုင်ဖွန် (အသက် ၃၂) နဲ့ မိသားစုဝင်တွေဟာ….

ဒီကနေ့ မနက်ပိုင်းမှာ ဘန်ကောက်မြို့ အဂတိ တိုက်ဖျက်ရေးကော်မရှင်ရုံးကို ရှေ့နေနဲ့အတူ လာရောက်ပြီး ရဲ ၁၂ ဦးနဲ့ ဆေးဖက်ဆိုင်ရာ ဆရာဝန်တစ်ဦးကို အမှုလေးမှုနဲ့ ပြန်လည်တရားစွဲခဲ့တာဖြစ်ပါတယ်။

တရားခံလို့ ရဲတွေကဖမ်းစစ်ခဲ့တဲ့ နိုင်ဖွန်ဟာ ငယ်စဉ်ကတဲက ကြပ်မပြည်တဲ့ ဦးနှောက် မသန်းစွမ်းသူတစ်ဦးဖြစ်ပါတယ်၊ သူကိုဖမ်းတဲ့ရဲတွေဟာ လက်ထိတ်ခတ်ပြီး ဦးခေါင်းကိုရိုက်တယ်။ နောက်ပြီး ဆေးလိတ်မီးနဲ့ လက်ကိုထိုးသေးတယ်လို့ သတင်းစာရှင်းပွဲမှာ နိုင်ဖွန်ကခလေးငယ်တစ်ဦးလို ပြောဆိုသွားခဲ့ပါတယ်။

”’ဒါပေါ့ ထိုင်းရဲတွေရဲ့ လုပ်ရပ် အပြစ်မရှိတဲ့သူကို ဖိအားပေး ဝန်ခံခိုင်းခဲ့တာဟာ ရဲတပ်ဖွဲ့ရဲ့ စောင့်ထိမ်းရမယ့် စည်းကမ်းချိုးဖေါက်မှု၊သက်သေတွေဖျောက်ဖျက်မှုနဲ့ အမှုနဲ့ပါတ်စာရွတ်စာတမ်းတွေကိုလိမ်လည်ရေးသားမှုတွေနဲ့ တရားစွဲမှာပါ၊ ” လို့ ရှေ့နေ အနမ်ချိုင်းကပြောသွားပါတယ်။

အခင်းဖြစ်တဲ့အချိန်မှာ နိုင်ဖွန်ဟာ ဘုန်းကြီးကျောင်းမှာရှိနေတယ်ဆိုတာကို ရွာသား ၃၀၀ နဲ့ ဆရာတော်နှစ်ပါးက သက်သေထွက်ဆိုခဲ့တာကို ရဲတပ်ဖွဲ့က လက်မခံခဲ့ဘူးလို့ သိရပါတယ်။ခုလို တရားခံလို့ ဖမ်းပြခဲ့တဲ့ ဖြစ်ရပ်မှာ ရဲတွေမှာ တာဝန်ရှိတယ်။

နိုင်ဖွန်မှာ အပြစ်မရှိတာကြောင့် ထိုင်ဘတ်ငွေ၁၀ သန်း ကို ကာရကံရှင်ကို နစ်နာကြေးအဖြစ် ပေးရန်လည်း တောင်ဆိုထားကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:medialann

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top