ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

 ျပည္သူခ်စ္တဲ့ မိတ္ကပ္ပညာ႐ွင္တစ္ေယာက္ျဖစ္တဲ႔ညီညီေမာင္ (သုသု) နဲ႔ မီဒီယာေတြရဲ႕အင္တာဗ်ဴးတစ္ခုမွာ သူေျပာျပသြားတဲ့အေၾကာင္းေတြ႐ိွပါတယ္။ အဲ့ဒီလိုသူေျပာသြားတဲ့အေၾကာင္းေတြကို သုသုကိုခ်စ္တဲ့ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးသိေအာင္ေျပာျပလိုက္ပါတယ္ေနာ္။

ႏႈတ္ခမ္းနီထုတ္မယ္ဆိုတဲ့ကိစၥကို “ ႏႈတ္ခမ္းနီကေတာ့႐ိုး႐ိုးပဲလက္ေဆာင္ေပးဖို႔ပါ။ထုတ္ဖို႔ဆိုတာေရာင္းဖို႔လည္းအစီစဥ္မ႐ိွဘူး ။ အဓိကအေပ်ာ္ပဲထုတ္မယ္ ၿပီးရင္ခ်စ္တဲ့ခင္တဲ့သူေတြကိုအခုေပးၿပီးစမ္းဆိုးထားတယ္။ ေၾကာက္တာတစ္ခုက အသားေရနဲ႔မတည့္ရင္ အလာဂ်စ္ျဖစ္မွာ။ ကိုယ္ကဒါလုပ္စားတာေလဒါလုပ္စားတာလဲမဟုတ္ဘူး လက္ေဆာင္ပဲေပးဖို႔ဆိုေတာ့ လက္ေဆာင္ေပးရင္းနဲ႔ပဲ သူငယ္ခ်င္းေတြလည္းရတဲ့သူရကုန္ၾကၿပီထင္ပါတယ္။

မထက္အသည္းကြဲေနတယ္ဆိုတဲ့အေၾကာင္းကိုလည္း “အဲ့ဒါကလင္းလင္းကိုေျပာတာကေတာ့ သူအသစ္လိုခ်င္လို႔အဲ့လိုေျပာတာလို႔ေတာ့ေျပာတာပဲ(ရယ္လ်က္)သုသိသေလာက္ေတာ့မကြဲဘူးထင္တယ္။တမင္သက္သက္သူေျပာေနတာပဲထင္တယ္။ သူ႔ကိုတိုက္႐ုိက္ႀကီးလွမ္းေမးရမွာအားနာလို႔ လင္းလင္းဆီကိုလွမ္းေမးလိုက္ေတာ့ လင္းလင္းကမဟုတ္ဘူး အဲ့ေကာင္မတဲ့ လင္လိုခ်င္လို႔ထပ္ၿပီးေတာ့အသံပစ္ေနတာတဲ့ (ရယ္လ်က္)အဓိကကေတာ့ဘယ္လိုပဲျဖစ္ျဖစ္ မိန္းမလ်ာဆုိတာလည္း မိန္းမစိတ္နဲ႔ မိန္းမလ်ာပဲေပါ့ ဘာပဲေျပာေျပာျပတ္ၿပီဆုိရင္ေတာ့နစ္နာတယ္လို႔ပဲခံစားရပါတယ္။ၿပီးေတာ့က်ေတာ့ Make-up Artist ေတြျဖစ္ၿပီးေတာ့ လူသိေနတဲ့လူေတြျဖစ္တဲ့အတြက္ သူတို႔ဆိုရင္လူသိမခံဘဲနဲ႔က်ိတ္ၿပီးတြဲရတာျဖစ္တဲ့အတြက္ပိုေတာင္ခံစားရမယ္လို႔သုသုထင္ပါတယ္။ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။ၿပီးေတာ့ သုသုအရင္ရည္းစားနဲ႔ျပန္တြဲေနတယ္ဆိုေတာ့ေမးခြန္းကို ေနာက္ေၾကာင္းျပန္မလွည့္ပါဘူး ေရွ႕ပဲသြားမွာဆိုၿပီးရယ္ေမာကေျဖသြားပါတယ္။

ကိုယ္တိုင္႐ုပ္ရွင္မွာသ႐ုပ္ေဆာင္ျဖစ္တဲ့အေၾကာင္းကိုလည္း “ဘယ္လိုေမွ်ာ္လင့္ထားဆိုေတာ့ သုသုတို႔အတြက္ေတာ့မဟုတ္ဘူး ဒီကား႐ိုက္တဲ့အခေၾကးေငြက ႐ွင္း႐ွင္းေျပာရင္ သုသုကိုင္ေနတဲ့လြယ္ေနတဲ့အိတ္တစ္လံုးစာေတာင္မ႐ိွဘူး တကယ္တမ္း႐ိုက္တယ္ဆိုတာကေနာက္တက္မိန္းမ႐ွာေတြကိုလမ္းဖြင့္ေပးတာ ေနာက္တက္ကေလးေတြကဒီထက္အမ်ားႀကီးလွတယ္။ကိုယ္ေတြက႐ုပ္ဆိုးတယ္ေလ ဖင္ေတြလည္းထည့္ရရင္ေတြလည္းထည့္ မ်က္ႏွာႀကီးတစ္ခုလံုးဆိုရင္မႊထၿပီးျပင္ထားရတာနည္းတာမဟုတ္ဘူးေပါ့ေနာ္။ကိုယ္ကမလွဘူး ခုေနာက္တက္ကေလးေတြကအရမ္းလွတယ္ေလ အဲ့ဒီမိန္းမလ်ာေတြအတြက္ကို လမ္းေဖာက္ေပးတာ။အရင္တုန္းကဆိုရင္ မင္းသားေတြလူ႐ႊင္ေတာ္ေတြက မိန္းမလ်ာပံုေတြလုပ္ၿပီး ႐ိုက္ၾကတယ္။ အခုဆိုလို႔ရိွရင္ မိန္းမလ်ာအစစ္ေတြက႐ိုက္လာတယ္။
 
အဲ့ဒီအတြက္ေၾကာင့္မိန္းမလ်ာေတြကထအားေပးမွရမွာထအားေပးမွ သူတို႔ေတြက ႐ုပ္ရွင္နယ္ပယ္မွာေရာေနရာစံုမွာေရာ က႑စံုမွာေပါ့ေနာ္ ထြန္းေတာက္လာတဲ့ၾကယ္ေလးေတြျဖစ္လာမွာ အဲ့ဒီအတြက္ေၾကာင့္ကိုယ္ေတြက႐ိုက္ျပရတာ။ သုသုတို႔အေနနဲ႔အရမ္းပင္ပန္းတယ္ အသက္လည္းႀကီးေနၿပီ။ ရႈတင္ေတြဘာေတြ႐ိုက္ရတာၿပီးရင္ ကိုယ့္အလုပ္မဟုတ္တဲ့ကိစၥေတြအကုန္လံုးကိုအစအဆံုးလုပ္ရတာက်အဆင္မေျပဘူး။ ဒါေပမယ့္လည္းဒီေနာက္တက္ကေလးေတြအတြက္လမ္းပြင့္ဖို႔ကို သုသုတို႔ကလုပ္ေပးတာပါ”ေျပာသြားတဲ့အျပင္ေနာက္ထပ္လည္း ျမင့္ျမတ္နဲ႔တစ္ကား႐ိုက္ဖို႕႐ိွေသးေၾကာင္းကိုလည္းေျပာျပသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ပြည်သူချစ်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ညီညီမောင် (သုသု) နဲ့ မီဒီယာတွေရဲ့အင်တာဗျူးတစ်ခုမှာ သူပြောပြသွားတဲ့အကြောင်းတွေရှိပါတယ်။ အဲ့ဒီလိုသူပြောသွားတဲ့အကြောင်းတွေကို သုသုကိုချစ်တဲ့ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြလိုက်ပါတယ်နော်။

နှုတ်ခမ်းနီထုတ်မယ်ဆိုတဲ့ကိစ္စကို “ နှုတ်ခမ်းနီကတော့ရိုးရိုးပဲလက်ဆောင်ပေးဖို့ပါ။ထုတ်ဖို့ဆိုတာရောင်းဖို့လည်းအစီစဉ်မရှိဘူး ။ အဓိကအပျော်ပဲထုတ်မယ် ပြီးရင်ချစ်တဲ့ခင်တဲ့သူတွေကိုအခုပေးပြီးစမ်းဆိုးထားတယ်။ ကြောက်တာတစ်ခုက အသားရေနဲ့မတည့်ရင် အလာဂျစ်ဖြစ်မှာ။ ကိုယ်ကဒါလုပ်စားတာလေဒါလုပ်စားတာလဲမဟုတ်ဘူး လက်ဆောင်ပဲပေးဖို့ဆိုတော့ လက်ဆောင်ပေးရင်းနဲ့ပဲ သူငယ်ချင်းတွေလည်းရတဲ့သူရကုန်ကြပြီထင်ပါတယ်။

မထက်အသည်းကွဲနေတယ်ဆိုတဲ့အကြောင်းကိုလည်း “အဲ့ဒါကလင်းလင်းကိုပြောတာကတော့ သူအသစ်လိုချင်လို့အဲ့လိုပြောတာလို့တော့ပြောတာပဲ(ရယ်လျက်)သုသိသလောက်တော့မကွဲဘူးထင်တယ်။တမင်သက်သက်သူပြောနေတာပဲထင်တယ်။ သူ့ကိုတိုက်ရိုက်ကြီးလှမ်းမေးရမှာအားနာလို့ လင်းလင်းဆီကိုလှမ်းမေးလိုက်တော့ လင်းလင်းကမဟုတ်ဘူး အဲ့ကောင်မတဲ့ လင်လိုချင်လို့ထပ်ပြီးတော့အသံပစ်နေတာတဲ့ (ရယ်လျက်)အဓိကကတော့ဘယ်လိုပဲဖြစ်ဖြစ် မိန်းမလျာဆိုတာလည်း မိန်းမစိတ်နဲ့ မိန်းမလျာပဲပေါ့ ဘာပဲပြောပြောပြတ်ပြီဆိုရင်တော့နစ်နာတယ်လို့ပဲခံစားရပါတယ်။ပြီးတော့ကျတော့ Make-up Artist တွေဖြစ်ပြီးတော့ လူသိနေတဲ့လူတွေဖြစ်တဲ့အတွက် သူတို့ဆိုရင်လူသိမခံဘဲနဲ့ကျိတ်ပြီးတွဲရတာဖြစ်တဲ့အတွက်ပိုတောင်ခံစားရမယ်လို့သုသုထင်ပါတယ်။ဆိုပြီးပြောပြသွားခဲ့ပါတယ်။ပြီးတော့ သုသုအရင်ရည်းစားနဲ့ပြန်တွဲနေတယ်ဆိုတော့မေးခွန်းကို နောက်ကြောင်းပြန်မလှည့်ပါဘူး ရှေ့ပဲသွားမှာဆိုပြီးရယ်မောကဖြေသွားပါတယ်။

ကိုယ်တိုင်ရုပ်ရှင်မှာသရုပ်ဆောင်ဖြစ်တဲ့အကြောင်းကိုလည်း “ဘယ်လိုမျှော်လင့်ထားဆိုတော့ သုသုတို့အတွက်တော့မဟုတ်ဘူး ဒီကားရိုက်တဲ့အခကြေးငွေက ရှင်းရှင်းပြောရင် သုသုကိုင်နေတဲ့လွယ်နေတဲ့အိတ်တစ်လုံးစာတောင်မရှိဘူး တကယ်တမ်းရိုက်တယ်ဆိုတာကနောက်တက်မိန်းမရှာတွေကိုလမ်းဖွင့်ပေးတာ နောက်တက်ကလေးတွေကဒီထက်အများကြီးလှတယ်။ကိုယ်တွေကရုပ်ဆိုးတယ်လေ ဖင်တွေလည်းထည့်ရရင်တွေလည်းထည့် မျက်နှာကြီးတစ်ခုလုံးဆိုရင်မွှထပြီးပြင်ထားရတာနည်းတာမဟုတ်ဘူးပေါ့နော်။ကိုယ်ကမလှဘူး ခုနောက်တက်ကလေးတွေကအရမ်းလှတယ်လေ အဲ့ဒီမိန်းမလျာတွေအတွက်ကို လမ်းဖောက်ပေးတာ။အရင်တုန်းကဆိုရင် မင်းသားတွေလူရွှင်တော်တွေက မိန်းမလျာပုံတွေလုပ်ပြီး ရိုက်ကြတယ်။ အခုဆိုလို့ရှိရင် မိန်းမလျာအစစ်တွေကရိုက်လာတယ်။ အဲ့ဒီအတွက်ကြောင့်မိန်းမလျာတွေကထအားပေးမှရမှာထအားပေးမှ သူတို့တွေက ရုပ်ရှင်နယ်ပယ်မှာရောနေရာစုံမှာရော ကဏ္ဍစုံမှာပေါ့နော်ထွန်းတောက်လာတဲ့ကြယ်လေးတွေဖြစ်လာမှာအဲ့ဒီအတွက်ကြောင့်ကိုယ်တွေကရိုက်ပြရတာ။ သုသုတို့အနေနဲ့အရမ်းပင်ပန်းတယ် အသက်လည်းကြီးနေပြီ။ ရှုတင်တွေဘာတွေရိုက်ရတာပြီးရင် ကိုယ့်အလုပ်မဟုတ်တဲ့ကိစ္စတွေအကုန်လုံးကိုအစအဆုံးလုပ်ရတာကျအဆင်မပြေဘူး။ ဒါပေမယ့်လည်းဒီနောက်တက်ကလေးတွေအတွက်လမ်းပွင့်ဖို့ကို သုသုတို့ကလုပ်ပေးတာပါ”ပြောသွားတဲ့အပြင်နောက်ထပ်လည်း မြင့်မြတ်နဲ့တစ်ကားရိုက်ဖို့ရှိသေးကြောင်းကိုလည်းပြောပြသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top