Credit:nanmalgyi
#Unicode Version# ဖြင့်ဖတ်ပါ ။
ချစ်စရာကောင်းပြီး ကျက်သရေရှိတဲ့အလှနဲ့ကိုကို၊ ပျိုပျိုတွေရဲ့ချစ်မေတ္တာကို သိမ်းပိုက်ထားတဲ့ နော်ဖောအယ်ထာ ကသူ့အချစ်ရေးနဲ့ပတ်သတ်ပြီး Myanmar Celebrity ကိုပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ်။
နော်ဖောမှာချစ်ရသူရှိနေပြီလား ဒါမှမဟုတ် တစ်ယောက်တည်းလားဆိုတဲ့မေးခွန်းကို “ တစ်ယောက်တည်းပါပဲခုချိန်ထိ ၊ ဘာလို့တစ်ယောက်တည်း ရှိနေရတာလဲဆိုတော့ မေတိုးခိုင်ရှိနေလို့။(ရယ်လျက်)နောက်တာ နောက်တာ ။ မဟုတ်ပါဘူး ကိုယ့်ဟာကို သူငယ်ချင်းတွေမိသားစုတွေနဲ့ပဲအချိန်ပေးပြီးပျော်နေလို့ပါ ပြီးတော့ အလုပ်တွေလည်းလုပ်နေရတဲ့အခါကျတော့အရမ်းကြီးမစဉ်းစားဖြစ်တာပါ။ မပျင်းပါဘူး သူငယ်ချင်းတွေလည်းရှိတယ် ညီအစ်မတွေလည်းရှိတယ်။”လို့ဖြေသွားခဲ့ပါတယ်။
ချစ်သူကဘယ်လိုပုံစံမျိုးဖြစ်နေရမလဲဆိုတဲ့ မေးခွန်းကိုလည်း “ ကိုယ့်ကိုချစ်တယ်လို့ပြောတဲ့နေ့ သူ့စိတ်ထဲမှာ ငါ့သူကိုချစ်မိသွားပြီလို့ဆုံဖြတ်လိုက်တဲ့အချိန်ကစပြီး ကိုယ့်မှာရှိတဲ့အချိန်ကာလပတ်လုံးသူစချစ်ခဲ့တဲ့အချစ်နဲ့ချစ်ပေးနိုင်တဲ့ယောက်ျားမျိုး”ဆိုပြီးပြောပြသွားတဲ့အပြင် မေတိုးခိုင်အကယ်ဒမီရွှေကြို ရွေးချယ်ခံရတဲ့အပေါ်မှာလည်း “အရမ်းကို ဝမ်းသာပီတိဖြစ်မိပါတယ်။ သူကတော့ အမြဲတမ်းဆန်းသစ်တဲ့ဒီဇိုင်းတွေနဲ့ သူ့ရဲ့ Charming ဖြစ်တဲ့အပြုံးတွေနဲ့လှပနေမယ်လို့ညီမယုံကြည်ပြီးသားပါ။
မေတိုးခိုင်နဲ့အတွဲများလို့ဝေဖန်မှုတွေအပေါ်မှာလဲ “ မမေတိုးနဲ့ကတော့ အားပေးပြီးချစ်ပေးကြတဲ့ ပရိသတ်တွေများပါတယ်။ ဘာလို့လဲဆိုတော့ မိန်းကလေးနှစ်ယောက်ဖြစ်တာရယ် နှစ်ယောက်လုံးက အရမ်းရင်းနီးတာရယ် ကိုယ့်ဟာကိုပဲနေတတ်တာရယ် (ရယ်လျက်)အဲ့တာတွေကြောင့်လူတွေမုန်းကြတာမျိုးတော့မရှိပါဘူး။ ဝေဖန်ကြတာကတော့ကောင်မလေးနှစ်ယောက်ဆိုတော့ မသိတဲ့သူတွေက ဘာလဲပေါ့နော် ။ ဒါပေမယ့်အဲ့ဒီအပေါ်မှာခံစားချက်တော့မရှိပါျဘူး ညီမတို့နှစ်ယောက်စလုံးက ရိုးရိုးသားသားနဲ့သမားရိုးကျ သာမန်သူငယ်ချင်းတွေအရမ်းခင်သလိုမျိုးပဲခင်ကြပါတယ်။ အရမ်းခင်ကြတဲ့အခါကျတော့ မိသားစုတွေလိုဖြစ်နေတဲ့အခါကျတော့ ဝေဖန်စရာလေးတွေဖြစ်လာတာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top