iMyanmarHouse.com - Best Property Website for Myanmar
×

ကရင္ျပည္နယ္ ဘားအံၿမိဳ႕ ေတာ္ပုံေက်းရြာအနီး ဆံေတာ္ရွင္ ဇြဲကပင္ေစတီေတာ္၏ ရင္ျပင္ေတာ္တိုးခ်ဲ႕တည္ေဆာက္ရာတြင္အသံုးျပဳသည့္ သံထည္မ်ား၏သံအရည္အေသြးကို အင္ဂ်င္နီယာပညာရွင္မ်ားျဖင့္ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

အရွည္ ၁၀၅ ေပ၊ အက်ယ္ ၁၇ ေပ တိုးခ်ဲ႕ရာတြင္ သံေဘာင္တပ္၊ မွန္ခ်ပ္မ်ားခင္းသည့္ ရင္ျပင္ေတာ္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ပညာရွင္မ်ားမပါဘဲ လုပ္ေဆာင္ေနမႈအေပၚ ကန္႔ကြက္မႈမ်ားရွိေနသည့္အတြက္ ရန္ကုန္ၿမိဳ႕မွအင္ဂ်င္နီယာပညာရွင္မ်ား၏အကူအညီျဖင့္ လုပ္ငန္း အရည္အေသြးပိုင္းဆိုင္ရာ စံခ်ိန္စံၫႊန္းမ်ားႏွင့္ ကိုက္ညီမႈ ရွိမရွိစစ္ေဆးျခင္းကို ကူညီေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ဇြဲကပင္ေစတီေတာ္ မွန္ခ်ပ္ခင္းရင္ျပင္ေတာ္ တည္ေဆာက္မႈ

“ကြ်န္ေတာ္တို႔က အရင္သိရတာက ဒီရင္ျပင္ႀကီးက အျပင္ကို အလြတ္ထြက္ေနတယ္လို႔ ထင္ထားတာ။ ေတာင္ေပၚေရာက္ေတာ့ ရင္ျပင္ေတာ္နဲ႔ပတ္သက္လို႔ကေတာ့ လူေတြ အျပင္မွာထင္ထားၾကသလို တအားႀကီး စိုးရိမ္စရာမရွိပါဘူး။ သူတို႔ လုပ္ထားတာ အား အသင့္သင့္ေတာ့ရွိပါတယ္။ ကြ်န္ေတာ္တို႔က ဆင္မလိုက္ သေဘၤာက်င္းကဆိုေတာ့ သံထည္အရည္အေသြး စစ္ေဆးေပးမယ္။ ဒီရင္ျပင္မွာသုံးေနတဲ့ သံထည္ေတြရဲ႕ အရည္အေသြးကို ကြ်န္ေတာ္တို႔ဓါတ္ခြဲခန္းမွာ သံထည္အရည္အေသြး ရွိမရွိ စမ္းသပ္ၿပီးေတာ့ စစ္ေဆးေပးသြားမယ္။ ၿပီးရင္ တည္ေဆာက္ေရးပိုင္းမွာ မြမ္းမံစရာေတြ ဂ႐ုတစိုက္ စနစ္တက် ျပင္ဆင္ေဆာက္ရြက္လိုက္ရင္ေတာ့ ေကာင္းမြန္တဲ့အေနအထားကို ရရွိသြားမွာပါ“ဟု ဆင္မလိုက္ သေဘၤာက်င္းမွ အင္ဂ်င္နီယာပညာရွင္ ဦးရန္ရွင္းက ေျပာသည္။
ဇြဲကပင္ေစတီေတာ္ မွန္ခ်ပ္ခင္းရင္ျပင္ေတာ္ တည္ေဆာက္မႈ

ကရင္ျပည္နယ္၏ အထင္ကရေနရာျဖစ္ေသာ ဇြဲကပင္ဆံေတာ္ရွင္တည္ရွိရာ ဇြဲကပင္ေတာင္ေပၚဘုရားရင္ျပင္တိုးခ်ဲ႕ ျခင္းကို ၂၀၁၈ ခုႏွစ္မွ စတင္လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ေတာင္အေရွ႕ဘက္ ေခ်ာက္ကမ္းပါးဘက္သို႔ သံေဘာင္အရွည္ ခန္းဖြင့္ ၁၇ ေပခန္႔ထုတ္၍ ေတာင္ေပၚရင္ျပင္တဝိုက္ အရွည္ ၁၀၅ ေပအား သံေဘာင္သံတန္းမ်ား ေအာက္ခံထား၍ မွန္ခ်ပ္ခင္းျခင္း၊ ဝရံတာမွန္ခ်ပ္ကာရံျခင္းတို႔ကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ေတာင္ေပၚေစတီ၏ ေဝယာဝစၥတာဝန္ခံ ဆရာေတာ္ ဥဴးနဒၵိယက News Watch သို႔ မိန္႔ၾကားသည္။

ဆံတာ္ရွင္ဇြဲကပင္ေတာင္ မွန္ခ်ပ္ရင္ျပင္တိုးခ်ဲ႕မႈလုပ္ငန္းမ်ားကို ေဖေဖာ္ဝါရီလ ၉ ရက္တြင္ ရန္ကုန္မွပညာရွင္ ၄ ဦးက လာရာက္စစ္ေဆးခဲ့ၾကေၾကာင္း သိရသည္။

ရင္ျပင္ခင္းမည့္ မွန္ခ်ပ္မ်ားမွာ ၄ ေပပတ္လည္၊ ၃ ေပပတ္လည္ အထူ ၁ လက္မရွိေသာ ၾကမ္းခင္းမွန္ခ်ပ္အမ်ိဳးအစားမ်ားျဖစ္ျပီး အခ်ပ္ ၇၀ စာ အေလးခ်ိန္မွာ ၁၀ တန္ခန္႔ရွိမည္ဟု ခန္႔မွန္းထားသည့္အတြက္ သံေဘာင္သံတန္းမ်ား၊ ေအာက္ခံကြန္ကရစ္ခုံတုံးမ်ားကို အားျဖည့္တည္ေဆာက္ရမည္ဟု အင္ဂ်င္နီယာအဖြဲ႔က ဇြဲကပင္ေတာင္ ေဂါပကအဖြဲ႕မွ တာဝန္ရွိသူမ်ား အား မွာၾကားအၾကံျပဳခဲ့ေၾကာင္း သိရသည္။
ဇြဲကပင္ေစတီေတာ္ မွန္ခ်ပ္ခင္းရင္ျပင္ေတာ္ တည္ေဆာက္မႈ

ထို႔ျပင္ လုပ္ငန္းမ်ား ၿပီးစီးသည္အထိ လိုအပ္သည့္အၾကံေပးမႈမ်ားလည္း ဆက္လက္ ေပးအပ္သြားမည္ဟုဆိုသည္။

ဇြဲကပင္ေတာင္ ဆရာေတာ္ႀကီး ဥဴးကဝိဓဇက လာမည့္ တေပါင္းလဘုရားပြဲေတာ္ရက္အမီ ဖြင့္လွစ္ရန္ ဆႏၵရွိေနေသာ္လည္း ရင္ျပင္ေတာ္ တည္ေဆာက္ရာတြင္ လိုအပ္သည့္ ကုန္ၾကမ္းပစၥည္းမ်ားအား ေတာင္ေပၚသို႔ပို႔ေဆာင္ရာတြင္ အခက္အခဲမ်ားရွိေနေသးသည့္အတြက္ အခ်ိန္မီျပီးစီးႏိုင္မည္မဟုတ္ေၾကာင္း ဆရာေတာ္ ဥဴးနဒၵိယ မိန္႔ဆိုခ်က္အရသိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ကေဆာဝါး
 News Watch
#Unicode Version#
ကရင်ပြည်နယ် ဘားအံမြို့ တော်ပုံကျေးရွာအနီး ဆံတော်ရှင် ဇွဲကပင်စေတီတော်၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ရာတွင်အသုံးပြုသည့် သံထည်များ၏သံအရည်အသွေးကို အင်ဂျင်နီယာပညာရှင်များဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အရှည် ၁၀၅ ပေ၊ အကျယ် ၁၇ ပေ တိုးချဲ့ရာတွင် သံဘောင်တပ်၊ မှန်ချပ်များခင်းသည့် ရင်ပြင်တော်တည်ဆောက်ရေးလုပ်ငန်းများကို ပညာရှင်များမပါဘဲ လုပ်ဆောင်နေမှုအပေါ် ကန့်ကွက်မှုများရှိနေသည့်အတွက် ရန်ကုန်မြို့မှအင်ဂျင်နီယာပညာရှင်များ၏အကူအညီဖြင့် လုပ်ငန်း အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိမရှိစစ်ဆေးခြင်းကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲကပင်စေတီတော် မှန်ချပ်ခင်းရင်ပြင်တော် တည်ဆောက်မှု

“ကျွန်တော်တို့က အရင်သိရတာက ဒီရင်ပြင်ကြီးက အပြင်ကို အလွတ်ထွက်နေတယ်လို့ ထင်ထားတာ။ တောင်ပေါ်ရောက်တော့ ရင်ပြင်တော်နဲ့ပတ်သက်လို့ကတော့ လူတွေ အပြင်မှာထင်ထားကြသလို တအားကြီး စိုးရိမ်စရာမရှိပါဘူး။ သူတို့ လုပ်ထားတာ အား အသင့်သင့်တော့ရှိပါတယ်။ ကျွန်တော်တို့က ဆင်မလိုက် သင်္ဘောကျင်းကဆိုတော့ သံထည်အရည်အသွေး စစ်ဆေးပေးမယ်။ ဒီရင်ပြင်မှာသုံးနေတဲ့ သံထည်တွေရဲ့ အရည်အသွေးကို ကျွန်တော်တို့ဓါတ်ခွဲခန်းမှာ သံထည်အရည်အသွေး ရှိမရှိ စမ်းသပ်ပြီးတော့ စစ်ဆေးပေးသွားမယ်။ ပြီးရင် တည်ဆောက်ရေးပိုင်းမှာ မွမ်းမံစရာတွေ ဂရုတစိုက် စနစ်တကျ ပြင်ဆင်ဆောက်ရွက်လိုက်ရင်တော့ ကောင်းမွန်တဲ့အနေအထားကို ရရှိသွားမှာပါ“ဟု ဆင်မလိုက် သင်္ဘောကျင်းမှ အင်ဂျင်နီယာပညာရှင် ဦးရန်ရှင်းက ပြောသည်။
ဇွဲကပင်စေတီတော် မှန်ချပ်ခင်းရင်ပြင်တော် တည်ဆောက်မှု

ကရင်ပြည်နယ်၏ အထင်ကရနေရာဖြစ်သော ဇွဲကပင်ဆံတော်ရှင်တည်ရှိရာ ဇွဲကပင်တောင်ပေါ်ဘုရားရင်ပြင်တိုးချဲ့ ခြင်းကို ၂၀၁၈ ခုနှစ်မှ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး တောင်အရှေ့ဘက် ချောက်ကမ်းပါးဘက်သို့ သံဘောင်အရှည် ခန်းဖွင့် ၁၇ ပေခန့်ထုတ်၍ တောင်ပေါ်ရင်ပြင်တဝိုက် အရှည် ၁၀၅ ပေအား သံဘောင်သံတန်းများ အောက်ခံထား၍ မှန်ချပ်ခင်းခြင်း၊ ဝရံတာမှန်ချပ်ကာရံခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ပေါ်စေတီ၏ ဝေယာဝစ္စတာဝန်ခံ ဆရာတော် ဥူးနဒ္ဒိယက News Watch သို့ မိန့်ကြားသည်။

ဆံတာ်ရှင်ဇွဲကပင်တောင် မှန်ချပ်ရင်ပြင်တိုးချဲ့မှုလုပ်ငန်းများကို ဖေဖော်ဝါရီလ ၉ ရက်တွင် ရန်ကုန်မှပညာရှင် ၄ ဦးက လာရာက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရင်ပြင်ခင်းမည့် မှန်ချပ်များမှာ ၄ ပေပတ်လည်၊ ၃ ပေပတ်လည် အထူ ၁ လက်မရှိသော ကြမ်းခင်းမှန်ချပ်အမျိုးအစားများဖြစ်ပြီး အချပ် ၇၀ စာ အလေးချိန်မှာ ၁၀ တန်ခန့်ရှိမည်ဟု ခန့်မှန်းထားသည့်အတွက် သံဘောင်သံတန်းများ၊ အောက်ခံကွန်ကရစ်ခုံတုံးများကို အားဖြည့်တည်ဆောက်ရမည်ဟု အင်ဂျင်နီယာအဖွဲ့က ဇွဲကပင်တောင် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများ အား မှာကြားအကြံပြုခဲ့ကြောင်း သိရသည်။
ဇွဲကပင်စေတီတော် မှန်ချပ်ခင်းရင်ပြင်တော် တည်ဆောက်မှု

ထို့ပြင် လုပ်ငန်းများ ပြီးစီးသည်အထိ လိုအပ်သည့်အကြံပေးမှုများလည်း ဆက်လက် ပေးအပ်သွားမည်ဟုဆိုသည်။

ဇွဲကပင်တောင် ဆရာတော်ကြီး ဥူးကဝိဓဇက လာမည့် တပေါင်းလဘုရားပွဲတော်ရက်အမီ ဖွင့်လှစ်ရန် ဆန္ဒရှိနေသော်လည်း ရင်ပြင်တော် တည်ဆောက်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအား တောင်ပေါ်သို့ပို့ဆောင်ရာတွင် အခက်အခဲများရှိနေသေးသည့်အတွက် အချိန်မီပြီးစီးနိုင်မည်မဟုတ်ကြောင်း ဆရာတော် ဥူးနဒ္ဒိယ မိန့်ဆိုချက်အရသိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ကဆောဝါး

 News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top