စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


မက္ဒီဟာ တိုက္ခန္းတခုကို အခန္းေဖာ္တဦးနဲ႔ ငွားရမ္းေနထိုင္တဲ့ ေျမာက္ကယ္႐ိုလိုင္းနားက တကၠသုိလ္ေက်ာင္းသူေလး တဦးပဲျဖစ္ပါတယ္။မက္ဒီတို႔အခန္းမွာ ပစၥည္းေတြေပ်ာက္ျခင္း၊ အသံေတြၾကားရျခင္းအျပင္ နံရံနဲ႔ မွန္ေတြေပၚမွာ လက္ေဗြရာေတြ ထင္က်န္ေနျခင္းတို႔ မၾကာခဏဆိုသလိုျဖစ္ေလ့ရွိၿပီး ဒါကိုသရဲ ေျခာက္တာလို႔လည္း သူမကယူဆခဲ့ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာေတာ့ ဒါေတြဟာ သရဲေျခာက္တာမဟုတ္မွန္း သူမကိုယ္တိုင္ ျမင္ေတြ႔ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂ ရက္ ေန႔လယ္ပိုင္း မက္ဒီတေယာက္ သူမအခန္းကိုျပန္လာတဲ့အခ်ိန္မွာ သူမရဲ႕ဗီြဒိုထဲကေန အသံေတြကို ၾကားခဲ့ရပါတယ္။ မက္ဒီကေတာ့ ေန႔ခင္းေၾကာင္ေတာင္ သရဲေျခာက္ခံရတယ္လို႔ ထင္ခဲ့ေပမယ့္ ဗီဒိုတံခါးကို ဖြင့္ၾကည့္မိလိုက္ခ်ိန္မွာေတာ့ သရဲထက္ပိုၿပီး ေၾကာက္စရာ ေကာင္းတဲ့ တစံုတေယာက္ကို သူမျမင္ေတြ႔ခဲ့ရတယ္လို႔ OC သတင္းမွာေဖာ္ျပပါတယ္။

“ဗီဒိုထဲကေန အသံေတြၾကားေနရလို႔ အထဲက ဘယ္သူလဲလို႔” က်မကေမးလိုက္ပါတယ္။ အဲဒီအခ်ိန္မွာ သူက “အိုး ငါ့နာမည္ဒ႐ူးပါ” လို႔ ျပန္ေျဖပါတယ္။ က်မကတံခါးကို ဖြင့္ၾကည့္လိုက္ခ်ိန္မွာေတာ့ က်မရဲ႕အဝတ္အစားေတြ ဝတ္ဆင္ထားတဲ့ ဒီလူစိမ္းကို ျမင္ေတြ႔လိုက္ရပါတယ္” လို႔ မက္ဒီကေျပာပါတယ္။

အဝတ္ဗီဒိုထဲ ေရာက္ေနတဲ့ ဒ႐ူးကိုျမင္ေတြ႔လိုက္ရၿပီးေနာက္ အလြန္အမင္းထိတ္လန္႔သြားတဲ့ မက္ဒီဟာ ဒ႐ူးနဲ႔စကားေျပာဖို႔ ႀကိဳးစားခဲ့ၿပီး တခ်ိန္တည္းမွာပဲ တဖက္မွာလည္း သူ႔ရည္းစားျဖစ္သူဆီ ဖုန္းအေၾကာင္းၾကားခဲ့ပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတာက ဒ႐ူးက ေအးေဆးေပ်ာ္ရႊင္စြာပဲ မက္ဒီနဲ႔ စကားေျပာခဲ့ၿပီး “အဲဒီအခ်ိန္တြင္းသူက က်မရဲ႕ ဦးထုပ္တလံုးကို ေဆာင္းဖို႔ႀကိဳးစားခဲ့ကာ မင္းဟာ အရမ္းလွတယ္၊ ငါမင္းကို ဖက္ထားလို႔ရမလား လို႔လည္း ေမးခဲ့ပါတယ္။ ဒါေပမယ့္ သူက်မကို ထိ ေတာင္မထိခဲ့ပါဘူး” လို႔လည္း သူမကေျပာပါတယ္။

မၾကာခင္အခ်ိန္တြင္းမွာတင္ မက္ဒီရဲ႕ ခ်စ္သူျဖစ္သူေရာက္ရွိလာခဲ့ၿပီး သူကဒ႐ူးကို မက္ဒီရဲ႕ တိုက္ခန္းထဲက ႏွင္ထုတ္နိုင္ခဲ့ကာ ရဲကိုဖုန္းဆက္ အေၾကာင္းၾကားခဲ့ပါတယ္။ ရဲ ေတြေရာက္ရွိလာခ်ိန္မွာေတာ့ ဒ႐ူးကို တိုက္ရဲ႕မနီးမေဝးမွာ ဖမ္းမိခဲ့ၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ၿပီးခ်ိန္မွာေတာ့ သူဟာ အသက္ ၃၀ အရြယ္ အင္ဒ႐ူးေဆာ့ဖို႔ဖ္ျဖစ္ေၾကာင္း အတည္ျပဳ နိုင္ခဲ့ပါတယ္။

မက္ဒီက သူမဟာ ေန႔လယ္စာစားခ်ိန္မွာ အခန္းထဲကတစံုတခုကို ျပန္ယူဖို႔လာခဲ့တာျဖစ္ၿပီး ဒီအခ်ိန္မွာ သူမျပန္လာမယ္လို႔ ဒ႐ူးက ထင္မွာမဟုတ္ေၾကာင္းနဲ႔ သူမအေပၚတစံုတရာ တခိုက္မႈ မျပဳလုပ္သြားခဲ့တာ ကံေကာင္းမႈျဖစ္ေၾကာင္းလဲ ေျပာခဲ့ပါတယ္။ဒါေပမယ့္ မက္ဒီရဲ႕အခန္းဟာ အခ်ိန္ျပည့္ေသာ့ခတ္ထားတာျဖစ္ၿပီး တံခါးေတြလည္း ပ်က္ဆီးျခင္းမရွိတာေၾကာင့္ ဒ႐ူးတေယာက္ ဘယ္လိုလုပ္သူမအခန္းထဲ ေရာက္ေနတယ္ဆိုတာ ကိုေတာ့ အခုထိ အေျဖမရွာနိုင္ေသးပါဘူး။မက္ဒီရဲ႕အခန္းကို ၿပီးခဲ့တဲ့ လတုန္းကလည္း လူစိမ္းအမ်ိဳးသားႏွစ္ေယာက္ဝင္ေရာက္ ခဲ့ဖူးတယ္လို႔သိရၿပီး ဒီျဖစ္ရပ္ေၾကာင့္ မက္ဒီဟာ တိုက္ခန္းကေန အျမန္ဆံုးေရြ႕ေျပာင္းဖို႔ စီစဥ္ေနပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#

မက်ဒီဟာ တိုက်ခန်းတခုကို အခန်းဖော်တဦးနဲ့ ငှားရမ်းနေထိုင်တဲ့ မြောက်ကယ်ရိုလိုင်းနားက တက္ကသိုလ်ကျောင်းသူလေး တဦးပဲဖြစ်ပါတယ်။မက်ဒီတို့အခန်းမှာ ပစ္စည်းတွေပျောက်ခြင်း၊ အသံတွေကြားရခြင်းအပြင် နံရံနဲ့ မှန်တွေပေါ်မှာ လက်ဗွေရာတွေ ထင်ကျန်နေခြင်းတို့ မကြာခဏဆိုသလိုဖြစ်လေ့ရှိပြီး ဒါကိုသရဲ ခြောက်တာလို့လည်း သူမကယူဆခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ဒါတွေဟာ သရဲခြောက်တာမဟုတ်မှန်း သူမကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက် နေ့လယ်ပိုင်း မက်ဒီတယောက် သူမအခန်းကိုပြန်လာတဲ့အချိန်မှာ သူမရဲ့ဗွီဒိုထဲကနေ အသံတွေကို ကြားခဲ့ရပါတယ်။ မက်ဒီကတော့ နေ့ခင်းကြောင်တောင် သရဲခြောက်ခံရတယ်လို့ ထင်ခဲ့ပေမယ့် ဗီဒိုတံခါးကို ဖွင့်ကြည့်မိလိုက်ချိန်မှာတော့ သရဲထက်ပိုပြီး ကြောက်စရာ ကောင်းတဲ့ တစုံတယောက်ကို သူမမြင်တွေ့ခဲ့ရတယ်လို့ OC သတင်းမှာဖော်ပြပါတယ်။

“ဗီဒိုထဲကနေ အသံတွေကြားနေရလို့ အထဲက ဘယ်သူလဲလို့” ကျမကမေးလိုက်ပါတယ်။ အဲဒီအချိန်မှာ သူက “အိုး ငါ့နာမည်ဒရူးပါ” လို့ ပြန်ဖြေပါတယ်။ ကျမကတံခါးကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ ကျမရဲ့အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ဒီလူစိမ်းကို မြင်တွေ့လိုက်ရပါတယ်” လို့ မက်ဒီကပြောပါတယ်။

အဝတ်ဗီဒိုထဲ ရောက်နေတဲ့ ဒရူးကိုမြင်တွေ့လိုက်ရပြီးနောက် အလွန်အမင်းထိတ်လန့်သွားတဲ့ မက်ဒီဟာ ဒရူးနဲ့စကားပြောဖို့ ကြိုးစားခဲ့ပြီး တချိန်တည်းမှာပဲ တဖက်မှာလည်း သူ့ရည်းစားဖြစ်သူဆီ ဖုန်းအကြောင်းကြားခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဒရူးက အေးဆေးပျော်ရွှင်စွာပဲ မက်ဒီနဲ့ စကားပြောခဲ့ပြီး “အဲဒီအချိန်တွင်းသူက ကျမရဲ့ ဦးထုပ်တလုံးကို ဆောင်းဖို့ကြိုးစားခဲ့ကာ မင်းဟာ အရမ်းလှတယ်၊ ငါမင်းကို ဖက်ထားလို့ရမလား လို့လည်း မေးခဲ့ပါတယ်။ ဒါပေမယ့် သူကျမကို ထိ တောင်မထိခဲ့ပါဘူး” လို့လည်း သူမကပြောပါတယ်။

မကြာခင်အချိန်တွင်းမှာတင် မက်ဒီရဲ့ ချစ်သူဖြစ်သူရောက်ရှိလာခဲ့ပြီး သူကဒရူးကို မက်ဒီရဲ့ တိုက်ခန်းထဲက နှင်ထုတ်နိုင်ခဲ့ကာ ရဲကိုဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ ရဲ တွေရောက်ရှိလာချိန်မှာတော့ ဒရူးကို တိုက်ရဲ့မနီးမဝေးမှာ ဖမ်းမိခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ သူဟာ အသက် ၃၀ အရွယ် အင်ဒရူးဆော့ဖို့ဖ်ဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့ပါတယ်။

မက်ဒီက သူမဟာ နေ့လယ်စာစားချိန်မှာ အခန်းထဲကတစုံတခုကို ပြန်ယူဖို့လာခဲ့တာဖြစ်ပြီး ဒီအချိန်မှာ သူမပြန်လာမယ်လို့ ဒရူးက ထင်မှာမဟုတ်ကြောင်းနဲ့ သူမအပေါ်တစုံတရာ တခိုက်မှု မပြုလုပ်သွားခဲ့တာ ကံကောင်းမှုဖြစ်ကြောင်းလဲ ပြောခဲ့ပါတယ်။ဒါပေမယ့် မက်ဒီရဲ့အခန်းဟာ အချိန်ပြည့်သော့ခတ်ထားတာဖြစ်ပြီး တံခါးတွေလည်း ပျက်ဆီးခြင်းမရှိတာကြောင့် ဒရူးတယောက် ဘယ်လိုလုပ်သူမအခန်းထဲ ရောက်နေတယ်ဆိုတာ ကိုတော့ အခုထိ အဖြေမရှာနိုင်သေးပါဘူး။မက်ဒီရဲ့အခန်းကို ပြီးခဲ့တဲ့ လတုန်းကလည်း လူစိမ်းအမျိုးသားနှစ်ယောက်ဝင်ရောက် ခဲ့ဖူးတယ်လို့သိရပြီး ဒီဖြစ်ရပ်ကြောင့် မက်ဒီဟာ တိုက်ခန်းကနေ အမြန်ဆုံးရွေ့ပြောင်းဖို့ စီစဉ်နေပါတယ်

ဖိုးသူတော် (www.phothutaw.com)

Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top