iMyanmarHouse.com - Best Property Website for Myanmar
×

 ပရိတ္သတ္ႀကီးေရ တိုင္႐ြန္ဆိုတဲ့နာမည္ဆန္းဆန္းေလးနဲ႔ မင္းသားေခ်ာေလးကေတာ့ အႏုပညာေလာကထဲကို ဝင္ေရာက္လာတာမၾကာေသးေပမယ့္ ပ်ိဳပ်ိဳေမေလးေတြၾကားမွာ အရမ္းကိုေရပန္းစားတဲ့အႏုပညာရွင္တစ္ေယာက္ပါေနာ္။တိုင္႐ြန္ကို ပရိတ္သတ္ေတြ ခ်စ္စႏိုးနဲ႔အဝင္းလို႔လည္း ေခၚၾကပါေသးတယ္။တိုင္႐ြန္က ေခ်ာေမာေျပျပစ္တဲ့ ႐ုပ္ရည္ကိုပိုင္ဆိုင္ထားတဲ့အျပင္ ႏႈတ္ခမ္းနီမေလးေတြသည္းသည္းလႈပ္ျဖစ္ရတဲ့ ခႏၶာကိုယ္ေတာင့္ေတာင့္နဲ႔ အရပ္ရွည္ရွည္ကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။



တိုင္႐ြန္က အႏုပညာလမ္းေၾကာင္းကို စတင္ေလွ်ာက္လွမ္းလာၿပီျဖစ္လို႔ သူရဲ႕အႏုပညာလႈပ္ရွားမႈေတြကလည္းဆက္တိုက္ဆိုသလိုပါပဲေနာ္။တိုင္႐ြန္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားေတြကလည္း အမ်ားအျပားပဲမို႔ တိုင္႐ြန႔္ကိုခ်စ္တဲ့ပရိတ္သတ္ေတြကေတာ့ အားေပးဖို႔အဆင္သင့္ျဖစ္ေနပါၿပီ။အခုမွစၿပီး ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေပမယ့္ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ပိုင္ႏိုင္စြာနဲ႔ ႀကိဳးစားပမ္းစားလုပ္ေဆာင္ပါတယ္ေနာ္။

တိုင္႐ြန္ရဲ႕ အၿပဳံးေလးေတြ စကားေျပာဟန္ေလးေတြကလည္း ေဖာ္ေ႐ြလို႔ စိတ္သေဘာထားျဖဴစင္တဲ့သူတစ္ေယာက္လို႔ယူဆရပါတယ္ေနာ္။လူငယ္ပီပီ လြတ္လြတ္လပ္လပ္ ေနတတ္ၿပီး သူငယ္ခ်င္းေတြနဲ႔လည္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စေနာက္တတ္သူျဖစ္လို႔ လူခ်စ္လူခင္ကေတာ့ေပါပါတယ္။တိုင္႐ြန္က မိဘကိုလည္း ေသခ်ာ ဂ႐ုစိုက္ျပဳစုတတ္သူျဖစ္လို႔ ဒီေန႔ဆိုရင္ တိုင္႐ြန္ရဲ႕ဖခင္က အသက္၆၅ႏွစ္ျပည့္သြားၿပီျဖစ္ၿပီး တိုင္႐ြန္နဲ႔သူရဲ႕ဖခင္ ႏွစ္ေယာက္တြဲပုံရိပ္ေလးေတြကိုအမွတ္တရအေနနဲ႔ ပရိတ္သတ္ႀကီးကို မွ်ေဝလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

# Unicode Version # ျဖင့္ ဖတ္ပါ #

ပရိတ်သတ်ကြီးရေ တိုင်ရွန်ဆိုတဲ့နာမည်ဆန်းဆန်းလေးနဲ့ မင်းသားချောလေးကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ပျိုပျိုမေလေးတွေကြားမှာ အရမ်းကိုရေပန်းစားတဲ့အနုပညာရှင်တစ်ယောက်ပါနော်။တိုင်ရွန်ကို ပရိတ်သတ်တွေ ချစ်စနိုးနဲ့အဝင်းလို့လည်း ခေါ်ကြပါသေးတယ်။တိုင်ရွန်က ချောမောပြေပြစ်တဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့အပြင် နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်ဖြစ်ရတဲ့ ခန္ဓာကိုယ်တောင့်တောင့်နဲ့ အရပ်ရှည်ရှည်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။


တိုင်ရွန်က အနုပညာလမ်းကြောင်းကို စတင်လျှောက်လှမ်းလာပြီဖြစ်လို့ သူရဲ့အနုပညာလှုပ်ရှားမှုတွေကလည်းဆက်တိုက်ဆိုသလိုပါပဲနော်။တိုင်ရွန်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း အများအပြားပဲမို့ တိုင်ရွန့်ကိုချစ်တဲ့ပရိတ်သတ်တွေကတော့ အားပေးဖို့အဆင်သင့်ဖြစ်နေပါပြီ။အခုမှစပြီး ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ပေမယ့် ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်စွာနဲ့ ကြိုးစားပမ်းစားလုပ်ဆောင်ပါတယ်နော်။

တိုင်ရွန်ရဲ့ အပြုံးလေးတွေ စကားပြောဟန်လေးတွေကလည်း ဖော်ရွေလို့ စိတ်သဘောထားဖြူစင်တဲ့သူတစ်ယောက်လို့ယူဆရပါတယ်နော်။လူငယ်ပီပီ လွတ်လွတ်လပ်လပ် နေတတ်ပြီး သူငယ်ချင်းတွေနဲ့လည်းပျော်ပျော်ရွှင်ရွှင် စနောက်တတ်သူဖြစ်လို့ လူချစ်လူခင်ကတော့ပေါပါတယ်။တိုင်ရွန်က မိဘကိုလည်း သေချာ ဂရုစိုက်ပြုစုတတ်သူဖြစ်လို့ ဒီနေ့ဆိုရင် တိုင်ရွန်ရဲ့ဖခင်က အသက်၆၅နှစ်ပြည့်သွားပြီဖြစ်ပြီး တိုင်ရွန်နဲ့သူရဲ့ဖခင် နှစ်ယောက်တွဲပုံရိပ်လေးတွေကိုအမှတ်တရအနေနဲ့ ပရိတ်သတ်ကြီးကို မျှဝေလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top